Healthy Life Ad
Health Tips

စစ်ဆေးစရာမလိုဘဲ ကျန်းမာသော သုက်ကောင်ပိုင်ဆိုင်ကြောင်း အလွယ်သိနိုင်သည့် သင်္ကေတ ၇ ရပ်

၊ ကိုထက် ၊

သင့်မှာ ကျန်းမာတဲ့ သုက်ကောင်ရှိမှသာ မျိုးအောင်နိုင်စွမ်း ကောင်းမွန်မှာပါ။ သင့်မှာ ကျန်းမာတဲ့ သုက်ကောင် ရှိ၊ မရှိ အလွယ်သိနိုင်မယ့် သင်္ကေတတွေကို ရေးသားလိုက်ရပါတယ်။

(၁) နေ့စဉ်စားသော အစာတွင် ငါးပါဝင်ခြင်း
ငါးနဲ့ တခြားပင်လယ်စာမှာ ပါတဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ အမျိုးသားတစ်ယောက်ရဲ့ မျိုးဆက်ပွား ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အိုမီဂါ ၃ အဆီက နှလုံးအတွက်သာမက သုက်ကောင်ကျန်းမာရေးအတွက်ပါ အရေးကြီးလို့ ဖြစ်ပါတယ်။

(၂) ဝမ်းဗိုက် ချပ်ရပ်ခြင်း
ဝမ်းဗိုက်ချပ်ရပ်တဲ့ အမျိုးသားတွေမှာ ပိုသန်စွမ်းတဲ့ သုက်ကောင်တွေ ရှိနေတတ်ပါတယ်။ အဆီပို မရှိတဲ့အတွက် လိင်ဟော်မုန်းတွေကို အချိုးညီညီ ထုတ်ပေးနိုင်စွမ်း ရှိတာကြောင့်ပါ။

(၃) လေ့ကျင့်ခန်းက ဝါသနာဖြစ်နေခြင်း
ပုံမှန် လေ့ကျင့်ခန်းလုပ်တာက သင့်ကိုယ်နေဟန်ထား အတွက်သာမက သုက်ကောင်တွေအတွက်လည်း အကျိုးရှိပါတယ်။ တစ်ပတ်မှာ အချိန် ၁၅ နာရီကြာ လေ့ကျင့်ခန်းလုပ်သူတွေဟာ မလုပ်သူတွေထက် သုက်ကောင်ပမာဏ ၇၃ ရာခိုင်နှုန်း ပိုမြင့်မားတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

(၄) အတွင်းခံဘောင်းဘီ ကျပ်ကျပ် မဝတ်ခြင်း
ဝတ်တဲ့ အတွင်းခံဘောင်းဘီက တင်းကျပ်မှုမရှိရင်သုက်ကောင်တွေရဲ့ ကူးခတ်နိုင်စွမ်းက များပြီး မသေဆုံးခင် သားဥနဲ့ထိတွေ့မှု ရှိတတ်ပါတယ်။ ခပ်ကျပ်ကျပ် အတွင်းခံဘောင်းဘီဝတ်ရင် သုက်ကောင်တွေရဲ့ လှုပ်ရှားကူးခတ်နိုင်စွမ်း ကျတတ်ပါတယ်။

(၅) မျက်နှာအသွင်အပြင်အချို့က မိန်းမဆန်ခြင်း
မျက်နှာသွင်ပြင်က ယောကျာ်းပီသလွန်းရင် သုက်ကောင်က အားအနည်းဆုံး ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

(၆) စကားပြောသံက မတိုးခြင်း
သင့်အသံက တိုးလွန်းနေသလား၊ အသံသြသလား ဆိုတာ ပြန်လည်ဆန်းစစ်ပါ။ အသံသြတဲ့ အမျိုးသားတွေက သုက်ကောင် အရည်အသွေး ပိုမိုကောင်းမွန်မှု ရှိကြတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အကြောင်းကတော့ အသံသြသူတွေဟာ ကျားဟော်မုန်း တက်စတိုစတီရုန်းပမာဏ များတဲ့အတွက် တစ်ကြိမ်သုက်လွှတ်တိုင်း သုက်ကောင်ပါဝင်မှု များတာကြောင့် ဖြစ်ပါတယ်။

(၇) ပလတ်စတစ် အသုံးအဆောင်ထဲ အစာထည့်ပြီး နွှေးလေ့မရှိခြင်း
ပလတ်စတစ် အသုံးအဆောင်ပစ္စည်းတွေထဲမှာ BPA (Bisphenol – A) ပါဝင်ရင် အစာတွေ ပြန်နွှေးတဲ့အခါ အစာထဲ ဝင်ရောက်တတ်ပါတယ်။ BPAက သုက်ပိုးထုတ်လုပ်မှုနဲ့ ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေပါတယ်။ ဒါကြောင့် မိုက်ခရိုဝေ့ဖ်ထဲ အစာတွေ အပူမပေးခင် အစာတွေကို ပလတ်စတစ်ခွက်ထဲက ထုတ်ပြီး ကြွေခွက်ထဲ ထည့်လိုက်ပါ။
(Ref;HD)

Most Popular

Healthy Life Ad
To Top