———၊ မီမိုး (ဆေးဝါးတက္ကသိုလ်) ၊——— မိုးတွင်းကာလမှာ ကလေးမှစပြီး လူကြီးအထိ တစ်မိသားစုလုံး ကိုယ်ခံစွမ်းအားကောင်းပြီး ကျန်းမာနေစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ (၁) ရောင်စုံဟင်းသီးဟင်းရွက်များ စားပါ ရောင်စုံဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်စားသောက်တာကြောင့် မိုးတွင်းမှာ ကိုယ်ခံအားစနစ် မြင့်တက်စေပါတယ်။ (၂)...
—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ၊—– Q. အသည်းအဆီဖုံးခြင်းနဲ့ အသည်းခြောက်ရောဂါ တွဲဖြစ်နေသူတွေအနေနဲ့ ဘယ်လိုအာဟာရတွေကို စားသောက်သင့်ပါသလဲခင်ဗျ။ A. အသည်းအဆီဖုံးတာ(Fatty Liver)နဲ့ အသည်းခြောက်တာ တွဲဖြစ်တာမျိုးလည်း ရှိပါတယ်။ အသည်းအဆီဖုံးရောဂါ အဖြစ်များတဲ့သူတွေကတော့ အရက်သောက်တဲ့သူတွေရယ်၊ အ၀လွန်တဲ့...
—၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊— Q. ဆီးချိုရှိသူတစ်ဦးက ဘီယာဝိုင်းမှာ ထိုင်တဲ့အခါ အယ်လ်ကိုဟောကို ဘယ်လောက်ပမာဏ သောက်လို့ရပါသလဲ ဆရာ။ A. ဆီးချိုသမားတွေ အရက်သောက်လို့ရလားဆိုပြီး ခဏခဏ မေးကြပါတယ်။ မသောက်ရင်တော့ အကောင်းဆုံးပေါ့။...
—–၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—– Q. မျက်မြှေးကိုကြည့်ပြီး လူတစ်ယောက်မှာ ဘယ်လိုရောဂါတွေကို သိနိုင်ပါသလဲ ဆရာ။ A. လူတစ်ယောက် သွေးအားနည်းရောဂါ ရှိ၊ မရှိဆိုတာ သိဖို့ဆိုရင် မျက်မြှေး(Conjunctiva)ကို လှန်ကြည့်လေ့ရှိပါတယ်။ သွေးအားနည်းနေရင် သွေးကြောတွေမှာ သွေးစီးဆင်းမှုက...
မျက်နှာအသားအရေပေါ်မှာ တင်းတိပ်လို အမည်းကွက်တွေ ဖြစ်ပေါ်လာတဲ့အခါ လူအများစုက ပျောက်ကင်းသက်သာချင်ကြပါတယ်။ ပါးပြင်၊ နဖူးအလယ်၊ အပေါ်နှုတ်ခမ်းနဲ့ မျက်ခွံအပေါ်တွေမှာ အဖြစ်များပါတယ်။ အရေပြားအရောင် မည်းလာတာက ကိုယ်ဝန်ဆောင်ရတဲ့ အချိန်အတောအတွင်းမှာ အဖြစ်များပြီး ဟော်မုန်းပါတဲ့ သန္ဓေတားဆေး သောက်ရတဲ့အခါတွေမှာလည်း ဖြစ်တတ်ပါတယ်။ နေလောင်ဒဏ်ကို ကြာရှည်ခံရတာနဲ့...
———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——— အမျိုးသမီးတွေဟာ မျိုးဆက်ပွားအင်္ဂါတွေမှာ ပထမဆုံးပေါ်တတ်တဲ့ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ မထိန်းချုပ်နိုင်လောက်အောင် ပျံ့နှံ့ပြီး ကြီးထွားတဲ့အခါမှာ ကင်ဆာဖြစ်တတ်ပါတယ်။ သားအိမ်ခေါင်း၊ မမျိုးဥအိမ်၊ သားအိမ်၊ မိန်းမကိုယ်နဲ့ မိန်းမကိုယ်အပြင်ပိုင်းတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာတွေ ပါဝင်နေပါတယ်။ ဒီကင်ဆာအများစုဟာ အသက်ကြီးတာ၊...
—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊— Q. ကျန်းမာရေးဗဟုသုတအနေဖြင့် မေးချင်ပါတယ်။ တီဘီရောဂါရှိသူတစ်ဦးနဲ့ စကားခဏပြောရုံ၊ ကားတစ်စီးတည်း အတူတူ တစ်ခဏစီးသွားရုံနဲ့တင် ကူးစက်သွားတတ်လား။ A. တီဘီလူနာက ချောင်းဆိုးမယ်၊ သူ့ရဲ့သလိပ်ထဲ တီဘီပိုးပါရင် ကူးစက်နိုင်ပါတယ်။ သာမန်စကားပြောတာနဲ့စာရင်တော့...
ချိုင်းချွေးထွက်နှုန်းများတဲ့အခါ အလွန်ရိုးစင်းတဲ့ ဖြေရှင်းနည်းတစ်ခုက ချိုင်းလိမ်းတောင့် (Anti-perspirant)လိမ်းတာပဲ ဖြစ်ပါတယ်။ ကံမကောင်းစွာပဲ ဒီနေ့ခေတ်မှာပေါ်တဲ့ ချိုင်းလိမ်းတောင့်အများစုက ဓာတုပစ္စည်း ပါဝင်တတ်တာကြောင့် ကိုယ်သုံးမယ့် အမျိုးအစားဆိုရင် ပါဝင်ပစ္စည်းတွေကို သေချာကြည့်သင့်ပါတယ်။ အန္တရာယ်ရှိတဲ့ ပါဝင်ပစ္စည်းတချို့က အရေပြားကနေစုပ်ယူပြီး သွေးကြောထဲကို ရောက်ရှိနိုင်လို့ပါပဲ။ ချိုင်းချွေးထွက်များရင် ဆော်ဒါမှုန့်လိမ်းတာနဲ့...
———၊ သွားနှင့် ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်ကြီးတစ်ဦး ၊——— Q. ခံတွင်းသန့်စင်နည်း အမျိုးမျိုးအကြောင်း သိပါရစေဆရာ။ A. ခံတွင်းသန့်စင်နည်း အမျိုးမျိုးရှိပါတယ်။ ရှေးကတည်းက ခံတွင်းကို နည်းအမျိုးမျိုးနဲ့ သန့်စင်ခဲ့ကြပါတယ်။ ဆားနဲ့လက်နဲ့ သွားတိုက်တာ၊ ရေနွေးကြမ်းထဲ ဆားထည့်ပြီး ပလုတ်ကျင်းတာ၊ ဆားရေငုံတာ၊...
—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊— Q. ဂေါက်ရောဂါနဲ့ လေးဖက်နာရောဂါ ဘယ်လိုကွဲပြားခြားနားပါသလဲ၊ သွေးစစ်တဲ့အခါ Uric Acid နဲ့ ASO ဆိုပြီး စစ်ရတယ်။ ဘယ်ဟာက ဘာအတွက် ဖြစ်ပါသလဲ။ ဦးသန့်ဇင်၊ ကျောက်တံတား။...