Healthy Life Ad
Health Tips

ဥာဏ်ကောင်းအောင် ဘာတွေစားသင့်သလဲ

၊  မီမိုး (ဆေးဝါးတက္ကသိုလ်) ၊

ကျောင်းမှာ သင်ခန်းစာတွေကို ကောင်းကောင်းမှတ်မိဖို့၊ အလုပ်မှာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့ နေ့စဉ်စားတဲ့ အစားအသောက်က အရေးကြီးပါတယ်။

(၁) ဆယ်လ်မွန်ငါး

ဦးနှောက်အားကောင်းစေတဲ့ အစာတစ်မျိုးပါ။ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါဝင်မှုများတဲ့ ဆယ်လ် မွန်ငါးစားတာကြောင့် မှတ်ဥာဏ်နဲ့ေ တွး ခ်ါမြော်မြင်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။ အိုမီဂါ ၃မှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းပါရှိတာကြောင့် နှလုံးရောဂါ၊ ကင်ဆာနဲ့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နှုန်းကို သိသိသာသာ လျော့ကျစေပါတယ်။ တစ်ပတ်မှာ ဆယ်လ်မွန်ငါးကို သုံးကြိမ်စားပေးပါ။

(၂) ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးမှာ ဖလေဗနွိုက် အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် မှတ်ဥာဏ်ကို ကောင်းမွန် စေပါတယ်၊ ဒါ့အပြင် အယ်လ်ဇိုင်းမားရောဂါနဲ့ သူငယ်ပြန်အတိတ်မေ့ရောဂါတို့ မဖြစ်အောင်ကာကွယ် နိုင်ပါတယ်။

(၃) အခွံမာသီးနှင့် အစေ့အဆန်

အခွံမာသီးနဲ့ အစေ့အဆန်မှာ အိုမီဂါ၃ ဖက်တီး အက်ဆစ်ပါဝင်တာကြောင့် ဦးနှောက်လုပ်ငန်း ဆောင်တာကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အခွံမာသီးမှာ ဗီတာမင်အီး ပါဝင်တဲ့အတွက် ဦးနှောက်ကို ဖရီးရယ်ဒီကယ် ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သစ်ကြားသီး၊ သီဟိုဠ်စေ့နဲ့ နေကြာစေ့မှာ အမိုင်နိုအက်ဆစ် ပါဝင်တာကြောင့် ဆီရိုတိုနင်အဆင့်မြင့်တက်စေပြီး စိတ်ဖိစီးမှုကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(၄) ဥအမျိုးမျိုး

ဥအမျိုးမျိုးမှာ ကိုလင်းဓာတ် ပါဝင်မှုများတာကြောင့် အာရုံစူးစိုက်နိုင်စွမ်းနဲ့ သတင်းအချက်အလက်တွေကို ပြန်လည်မှတ်သားနိုင်စွမ်း      ကောင်းမွန်စေပါတယ်။

(၅) အစိမ်းရောင် ဟင်းသီးဟင်းရွက်

ကိုက်လန်၊ ဟင်းနုနယ်ရွက်နဲ့ တခြား အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ဖောလစ်အက်ဆစ် အပါအ၀င် ဗီတာမင်ဘီပါဝင်ပါတယ်။ ဒါကြောင့် ဦးနှောက်ကို အိုမင်းမှုမဖြစ်အောင် ကာကွယ်နိုင်ပါ တယ်။ အဲဒီဟင်းသီးဟင်းရွက်တွေထဲမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့အတွက် နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ မကျရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နေ့စဉ် နေ့တိုင်း အစိမ်းရောင် ဟင်းသီးဟင်းရွက်ကို အရန်ဟင်းအဖြစ် စားပေးပါ။

(၆) ချောကလက်

ချောကလက်မှာ ဖလေဗနောဆိုတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတာကြောင့် ဦးနှောက်ဆီ သွေးစီးဆင်းမှု အားကောင်းစေကာ ဦးနှောက်ဆဲလ်တွေကို ကာကွယ်ပေးပါတယ်။ ချောကလက်က အ ရောင်ရင့်လေလေ ဦးနှောက်ကို ကာကွယ်လေလေ ဖြစ်ပြီး တစ်နေ့မှာ စတုရန်းတစ်ကွက်စာ ပမာဏပဲ စားပေးပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top