Healthy Life Ad
Health Tips

ရှောက်သီးဖျော်ရည်၏ ကောင်းကျိုးများ

၊ လရိပ်မေ ၊       (Ref;HD)

အောက်ပါတို့ကို သုံးပြီး ရှောက်သီးဖျော်ရည် တစ်ခွက်ဖျော်ရအောင်။

– ရှောက်သီးတစ်စိတ်

– ပူစီနံ(ပူဒီနာ) ၁၂ ရွက်

– သခွားသီးစိတ် ၁၀ စိတ်

– ရေ တစ်ဖန်ခွက်

အထက်ပါ ပါဝင်ပစ္စည်းတွေကိုရောပြီး မွှေစက်ထဲ ထည့်ကာ ဖျော်လိုက်ပါ။ အဲဒီဖျော်ရည်ကို သောက်ပေးတာကြောင့် အောက်ပါကောင်းကျိုးတွေ ရရှိစေပါတယ်။

– ဗီတာမင်စီကို အလုံအလောက် ရရှိစေပါတယ်။

– မျက်စိကို အိုမင်းမှုန်မှိုင်းတာနဲ့ ကူးစက်ပိုးဝင်တာတို့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

– အသည်းကို ကျန်းမာစေပြီး အူရောင်ရမ်းတဲ့ ဝေဒနာမရအောင် ကာကွယ်ပေးပါတယ်။

– အစာမကြေတဲ့ ဝေဒနာကို သက်သာစေပြီး ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေပါတယ်။

– ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပါတယ်။

– သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။

Most Popular

Healthy Life Ad
To Top