ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ၊အထွေထွေရောဂါကု ဆရာဝန်)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး။ ။ ကလေးတွေမှာ တီဘီရောဂါဖြစ်တယ်ဆိုရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။ ဖြေ။ ။ ကလေးတွေမှာ တီဘီရောဂါဖြစ်ရင် တချို့က လေးတွေက လက္ခဏာမပြတတ်ပါဘူး။ တချို့က လေးတွေကတော့ လက္ခဏာပြတတ်ပါတယ်။...
ပါမောက္ခဦးအေးမွန် (ခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံခြင်း) မေး။ ။ အူတီဘီက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။ ဖြေ။ ။ အူတီဘီဖြစ်ရတဲ့ အကြောင်းရင်းကလေးမျိုး ရှိပါတယ်။ (၁) ခန္ဓာကိုယ်မှာဖြစ်တဲ့ တီဘီပိုး (ဥပမာ- အဆုတ် တီဘီ)ကနေ အူကို ပျံ့ပြီး...
ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်) တီဘီဆိုရင် ချောင်းဆိုးသွေးပါ အဆုတ်ရောဂါရယ်လို့ လူသိများကြပါတယ်။ တီဘီရောဂါကိုဖြစ်စေတဲ့တရားခံကတော့ Mycobacterium tuberculosis ဆိုတဲ့ အကောင်လေးပဲ။ တစ်ခါတလေ တခြားအကောင်တွေကြောင့်လည်း ဖြစ်နိုင်သေးတယ်။ Mycobacterium avium,...
မေး. တီဘီဆေး စသောက်နေပါတယ်။ ၁၀ရက် လောက်ရှိပါပြီ။ အခုချောင်းနည်းနည်း ပြန်ဆိုးပြီး လည်ချောင်းတွေ နာနေလို့ပါ။ ဘယ်လိုလုပ်သင့်ပါသလဲ။ တီဘီပိုးတော့မတွေ့ပါဘူး။ အဆုတ်မှာအနာလေးတွေ တွေ့တယ်လို့ ပြောပါတယ်။ သန္တာ (FB) ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။ ဖြေ. ဓာတ်မှန်အရ တီဘီလို့ယူဆရတဲ့အတွက် တီဘီဆေးပေးတာပါ။...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) ကင်ဆာဘက်က ရှာဖွေလို့ရသေးတာကတော့ အဆုတ်လေပြွန်ထဲ မှန်ပြောင်းကြည့်တာ (Bronchoscopy)ပဲ ဖြစ်ပါတယ်။ ဒီလို ကြည့်လိုက်ရင် ကင်ဆာကို တန်းတွေ့ရတာများပါတယ်။ ဒါပေမဲ့ လေပြွန်ကြီးတွေမှာမဟုတ်ဘဲ အဆုတ်လေပြွန်သေးတွေမှာ ဖြစ်ရင်တော့ မှန်ပြောင်းနဲ့ မမြင်နိုင်ပါဘူး။ ဒီလိုအခြေအနေမှာ မှန်ပြောင်းကတစ်ဆင့်...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) ကင်ဆာဆိုတာ အစောဆုံးမပြန့်နှံ့ခင်သိပြီး ဖယ်ရှားပစ်မယ်၊ ကုသမှုခံယူခွင့်ရမယ်ဆိုရင် သက်တမ်းအများကြီး ပိုရှည်သွားနိုင်ပါတယ်။ တချို့သူတွေလုံးဝပျောက်ကင်းမှုကိုရရှိကြပါတယ်။ ဒါကြောင့် တီဘီဆေးပေးပြီး နှောင့်နှေးစေဖို့ မသင့်ပါဘူး။ ဆန့်ကျင်ဘက်ဖြစ်စဉ်ကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကင်ဆာတွေကပဲများပြီး တီဘီရောဂါက ရှားပါးတဲ့အတွက် တီဘီကို အဆုတ်ကင်ဆာထင်ပြီးလည်း...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) ဒီနေ့ဆေးရုံကို တီဘီရောဂါဖြစ်တဲ့ လူနာအသစ်တစ်ယောက်ရောက်လာလို့ ကြည့်ပေးဖို့ပြောလာတာနဲ့ ဦးတင်မြင့်ဆိုတဲ့လူနာနဲ့ စတွေ့ခဲ့ရပါတယ်။ အသက် ၅၉နှစ်လောက်ရှိပြီး ခပ်ပိန်ပိန်ရှိတဲ့ ဦးတင်မြင့်ကသတိရပေမယ့် မှိန်းနေတာတွေ့ရပါတယ်။ အသက်ရှူမဝလို့ အသက်မြန်မြန်ရှူနေရပါတယ်။ သူ့အနားမှာဝန်းရံလျက် ပါလာတာကတော့ သူ့ညီဖြစ်သူနဲ့ သူ့အမျိုးသမီးတွေပဲ ဖြစ်ကြပါတယ်။...
အဆုတ်တီဘီရောဂါရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေကတော့- ၁. ချောင်းဆိုးရာမှာ ချွဲနဲ့သွေးတွေ တစ်ခါတစ်ရံ ပါတတ်ပါတယ်၊ ၂. ရင်ဘတ်အောင့်တတ်ပါတယ်၊ ၃. အားနည်းတတ်ပါတယ်၊ ၄. ကိုယ်အလေးချိန် ကျဆင်းတတ်ပါတယ်၊ ၅. ဖျားတတ်ပါတယ်၊ ၆. ညဘက် ချွေးထွက်တတ်ပါတယ် ၂၀၁၄ ခုနှစ်မှာ...