Healthy Life Ad
Child

ကလေး တီဘီရောဂါ

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ၊အထွေထွေရောဂါကု ဆရာဝန်)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ ကလေးတွေမှာ တီဘီရောဂါဖြစ်တယ်ဆိုရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။
ဖြေ။ ။ ကလေးတွေမှာ တီဘီရောဂါဖြစ်ရင် တချို့က လေးတွေက လက္ခဏာမပြတတ်ပါဘူး။ တချို့က လေးတွေကတော့ လက္ခဏာပြတတ်ပါတယ်။ လက္ခဏာပြတယ်ဆိုရင် သုံးပတ်ကျော်နဲ့အထက် ကြာတဲ့ အထိ ချောင်းဆိုးနေတာ၊ တချို့ကလေးတွေကျတော့ ပိန်သွားတာ၊ အစားအသောက် မစားနိုင်တာ၊ ဖျားတာ၊ ကလေး ဖွံ့ဖြိုးမှု နှေးတာ စတာတွေကို တွေ့ရပါတယ်။တချို့ကလေးတွေကျတော့လည်း ဘာမှ လက္ခဏာမပြပါဘူး။ ကြီးထွားသင့်သလောက် မကြီးထွားလို့ သံသယရှိတာနဲ့ ဓာတ်မှန်ရိုက်ပြီး စစ်ဆေးကြည့် လိုက်တဲ့အခါကျမှ တီဘီရောဂါရှိတာကို တွေ့ရတာမျိုးလည်း ရှိပါတယ်။

မေး။ ။ ကလေးတွေမှာ ဘာကြောင့် တီဘီရောဂါ ဖြစ်ရပါသလဲ ဆရာ။
ဖြေ။ ။ အဓိကကတော့ အိမ်က မိသားစုဝင်ထဲမှာ လက်ရှိတီဘီရောဂါ ဖြစ်နေတဲ့သူ၊ တီဘီဖြစ်ဖူးတဲ့သူတွေ ပါနေခဲ့ရင် ကလေးမှာ တီဘီရောဂါ ဖြစ်နိုင်ပါတယ်။ကလေးဆိုတာကတော့ လူကြီးမိဘတွေရဲ့ အုပ်ထိန်း မှုမှာနေရင်း ကူးစက်မှု ခံရတာပါ။ ကလေးတစ်ဦးက တီဘီဖြစ်တယ်ဆိုရင် လူကြီးမိဘတွေကလည်း တီ ဘီစစ်ကြည့်သင့်ပါတယ်။ကလေးတီဘီကနေတော့ တခြားသူတွေကို ကူးစက်တာ မရှိပါဘူး။ ကလေး ကလေးချင်းလည်း တီဘီမကူးပါဘူး။

အဓိကကတော့ အိမ်က မိသားစုဝင်ထဲမှာ လက်ရှိ တီဘီရောဂါဖြစ်နေတဲ့သူ၊ တီဘီဖြစ်ဖူးတဲ့သူတွေ ပါနေခဲ့ရင် ကလေးမှာ တီဘီရောဂါဖြစ်နိုင်ပါတယ်။ ကလေး ဆိုတာကတော့ လူကြီးမိဘတွေရဲ့ အုပ်ထိန်းမှုမှာ နေရင်း ကူးစက်မှုခံရတာပါ။ ကလေးတစ်ဦးက တီဘီ ဖြစ်တယ်ဆိုရင် လူကြီးမိဘတွေကလည်း တီဘီ စစ်ကြည့်သင့်ပါတယ် . . .

မေး။ ။ ကလေးတွေမှာ တီဘီလို့ သံသယဝင်တဲ့အတွက် ဆရာဝန်တွေကဆေးတိုက်ခိုင်းရင် တချို့မိဘတွေ က ဆေးမတိုက်ချင်ကြတာမျိုးလည်း တွေ့ရတယ် ဆရာ။
ဖြေ။ ။ ကလေးတီဘီကတော့ ဖြစ်တယ်ဆိုရင် ဆေး တိုက်ပြီး ကုသစေချင်ပါတယ်။ ဒါက အလုံးစုံ ပြန် ကောင်းသွားတာ ဖြစ်တဲ့အတွက် ဆေးတိုက်ဖို့ မိဘ တွေကို တိုက်တွန်းချင်ပါတယ်။ ဆရာဝန်တွေကလည်း ဆေးကုထုံးအတိုင်း ကလေးတွေကို လိုအပ် လို့သာ တီဘီဆေးပေးတာပါ။ အဲဒီအခါ မိဘတွေကလည်း ကိုယ့်ကလေးကို တီဘီဆေးတိုက်သင့်ပါ တယ်။

မေး။ ။ ကလေးတစ်ယောက်ကတီဘီရှိပေမယ့် မိဘတွေက ဆေးမတိုက်ဘဲထားလိုက်ရင် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာနိုင်ပါသလဲ ဆရာ။
ဖြေ။ ။ ကလေးတွေ တီဘီရှိပေမယ့် လက္ခဏာမပေါ်လို့ ပဲဖြစ်ဖြစ် မိဘတွေက ဆေးမတိုက်ဘဲ ထားလိုက်ရင် နောက်ဆက်တွဲ အနေနဲ့ အဆုတ်မှာ အမာရွတ် ဖြစ် သွားနိုင်ပါတယ်။ အဆုတ်နာဖြစ်တတ်ပါတယ်။ အ ဆုတ်နာဖြစ်သွားရင် သေချာဂရုစိုက်ပြီး အလေးထား ကုသမှု ပေးရတော့မှာပါ။ ကလေးဘဝမှာကတည်းက တီဘီရောဂါကို အမြစ်ပြတ်ပျောက်ကင်းအောင် သေ ချာကုသမှု ပေးထားရင် အကောင်းဆုံးပါပဲ။

မေး။ ။ ကလေးဘဝတုန်းက တီဘီဖြစ်ဖူးရင် အရွယ် ရောက်လာတဲ့အခါ လူကြီးတီဘီဖြစ်နိုင်ခြေ များပါသ လား ဆရာ။
ဖြေ။ ။ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဆေးပညာအရ မဖြစ်နိုင် ဘူးဆိုတာတော့ ဘာမှ မရှိပါဘူး။

မေး။ ။တီဘီရောဂါသည်တစ်ဦးဦးရှိတဲ့ အိမ်မှာ ကလေး ကို တီဘီမကူးအောင် ဘယ်လို ပြုစုစောင့်ရှောက်ပေး သင့်ပါသလဲ ဆရာ။
ဖြေ။ ။ တီဘီရောဂါသည်က ချောင်းဆိုး၊ နှာချေရင် လက် ကိုင်ပဝါအုပ်သင့်ပါတယ်။ ဖြစ်နိုင်ရင် နှာခေါင်းစည်း (Mask) စွပ်ထားရင် ပိုကောင်းပါတယ်။ တီဘီရှိတဲ့ လူကြီးက ထမင်းစားတဲ့အခါ၊ ရေသောက်တဲ့အခါမှာ ပန်းကန်ခွက်ယောက်တွေကအစ သီးသန့်ခွဲစားရင် ပိုပြီး သင့်တော်ကောင်းမွန်မှု ရှိပါတယ်။ သလိပ်တွေ၊ တံတွေးတွေကို တခြားသူမထိတွေ့မိအောင် သေချာ စွန့်ပစ်ဖို့ လိုပါတယ်။နောက်ထပ်သတိပြုရမှာက ကလေးတွေကို အာဟာရပြည့်ပြည့်ဝ၀ ကျွေးဖို့လည်း လိုပါတယ်။ အာဟာရချို့တဲ့ရင် ကိုယ်ခံအားကျပြီး ရောဂါဘယ တွေ ဝင်ရောက်နှိပ်စက်ဖို့ အခွင့်အလမ်းများသွားလို့ ပါ။

မေး။ ။ ကလေးတွေ တီဘီအတွက် ဆေးသောက်ပြီးရင် ပြန်စစ်ဆေးရတာမျိုးကော ရှိပါသလား ဆရာ။
ဖြေ။ ။ ကလေးတွေကို တစ်ခါတလေ ခြောက်လ၊ တစ် ခါတလေ ၉ လ ဆေးတိုက်ပါတယ်။ ပြီးသွားတဲ့အခါ ပြန်စစ်ဆေးရပါတယ်။ အဓိကကတော့ ကလေးတွေ ကို ရင်ဘတ်ဓာတ်မှန်ရိုက်ပါတယ်၊ ကလေးက ကြီး ရင် သလိပ်စစ်ပါတယ်။ တီဘီအကျိတ်တွေက လည် ပင်းမှာ ရှိသလား၊ ချိုင်း(ဂျိုင်း)မှာရှိသလား စသဖြင့် လက်နဲ့လည်း စမ်းသပ်ကြည့်ရပါတယ်။ အဆုတ် ကောင်း၊ မကောင်းကိုလည်း နားကြပ်နဲ့ စမ်းသပ်နား ထောင်ကြည့်ရပါတယ်။

မေး။ ။ မြန်မာနိုင်ငံအနေနဲ့ ကလေး တီဘီဖြစ်နှုန်းကများ ပါသလား ဆရာ။
ဖြေ။ ။ အဲဒီစာရင်းဇယားကိုတော့ သေချာမသိပါဘူး။ ကမ္ဘာမှာတော့ ၂၀၁၄ မှာ တစ်နှစ်ကို ကလေးတွေရဲ့ တီဘီ ဖြစ်နှုန်းက တစ်သန်းလောက်ရှိတယ်လို့ ဆို ထားပါတယ်။ အဲဒီအထဲက တစ်သိန်းလေးသောင်း လောက်က တီဘီရောဂါဖြစ်ပြီး ကလေးတွေ သေဆုံး တယ်လို့လည်း သိရပါတယ်။

မေး။ ။ ကလေးတစ်ယောက်ကို တီဘီဆေး တိုက်နေချိန် မှာ ဆေးအာနိသင် ထိရောက်အောင် မိဘတွေ သိ ထားသင့်တဲ့ အချက်တွေရှိရင် ပြောပြပေးပါဦး ဆရာ။
ဖြေ။ ။ ကလေးတွေကို တီဘီဆေး တိုက်နေချိန်မှာ ဆရာ ဝန်က ဒီဆေး၊ ဒီဆေးကို ဘယ်အချိန်မှာ ဘယ် လောက်ပမာဏကို တိုက်ပါလို့ ညွှန်ကြားထားရင် အဲ ဒီအတိုင်း သေချာစနစ်တကျ တိုက်ပါ။ ပြီးရင် က လေးကို အစာအာဟာရ သေချာကျွေးရပါမယ်။ က လေးတွေကို ပါးစပ်အုပ်ပြီး ချောင်းဆိုးဖို့၊ တံတွေး၊ သ လိပ်တွေကို စည်းကမ်းမဲ့ မထွေးဖို့နဲ့ စနစ်တကျ စွန့် ထုတ်ဖို့ သင်ထားပေးရပါမယ်။

မေး။ ။ ကလေးတီဘီရောဂါနဲ့ ပတ်သက်ပြီး ထပ်မံ ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ။ ။ ကလေးတီဘီရောဂါက မြန်မာနိုင်ငံမှာ ဖြစ်ပွား နှုန်းက ရှိနေပါသေးတယ်။ ကလေး တီဘီရောဂါက အသက်တစ်နှစ်ကနေ လေးနှစ်အတွင်း ဖြစ်နိုင်တဲ့အ တွက် အဲဒီကာလမှာ မိဘတွေက သေချာဂရုစိုက်ဖို့ လိုပါတယ်။ လူကြီးမိဘတွေကနေ ကလေးတွေကို ကူးတာ ဖြစ်တဲ့အတွက် လူကြီးတွေကိုယ်တိုင် တီဘီ ရောဂါနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ရှိဖို့ လိုပါတယ်။
ကလေး အသက် ငါးနှစ်မှာ ဘီစီဂျီကာကွယ်ဆေး ထိုး ရပါတယ်။ အဲဒါကို သေချာထိုးသင့်ပါတယ်။ ကလေး တွေကို တစ်ကိုယ်ရေ သန့်ရှင်းရေး၊ လက်သန့်ရှင်း ရေး သင်ပေးထားရပါမယ်။ ချောင်းဆိုးရင် လက်အုပ် ဆိုးဖို့ သင်ပေးထားရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top