…………၊ ဒေါက်တာဦးလှအောင် (ဆီးနှင့်ကျောက်ကပ်အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) ၊………….. Q. လူတစ်ယောက် ကျောက်ကပ်ကျန်းမာဖို့ ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ ဆရာ။ A. လူတစ်ယောက်က ကျောက်ကပ်ကျန်းမာဖို့ဆိုရင် ပထမဆုံး ကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါမဖြစ်အောင် ဂရုစိုက်ရပါမယ်။ မလိုလားအပ်တဲ့ အကိုက်အခဲပျောက်ဆေးတွေ၊...
——၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——- နာတာရှည်ကျောက်ကပ်ရောဂါက ဒီနေ့ခေတ်မှာ အဖြစ်များလာတဲ့ ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါလို နာတာရှည်ရောဂါတွေကို စနစ်တကျ ကုသမှုမခံယူတာက ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်တဲ့ အန္တရာယ်တစ်ခုဖြစ်တဲ့အတွက် ကျောက်ကပ်ရောဂါကို ကာကွယ်နိုင်ဖို့ သိထားသင့်ပါတယ်။ ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်သည့်...
ကိုထက် ကျောက်ကပ်အစားထိုးကုသမှု မခံယူပါက အသက်ဆုံးရှုံးရတော့မယ့် အသက် ၇၄ နှစ်အရွယ် အမျိုးသမီးကို သူရဲ့အမျိုးသားဖြစ်သူ အသက် ၅၁ နှစ်အရွယ်အမျိုးသားက ကျောက်ကပ်လှူဒါန်းပေးခဲ့ပါတယ်။ ပီဂျီနီပါဟာ သူရဲ့မျိုးရိုးကြောင့် ကျောက်ကပ်မှာ ပြည်နဲ့သွေးခဲတွေ ပြည့်နေတဲ့အနာတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကာလကြာမြင့်လာတဲ့အလျောက် သူရဲ့ကျောက်ကပ်က...
ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း Q. ဘာကြောင့် ကျောက်ကပ်ဆေးရတာပါလဲ ဆရာ။ A. ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာက လူ့ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပေးတာပါ။ ကျောက်ကပ်ကနေ ဆီးတွေစွန့်ထုတ်ပေးတဲ့နည်းနဲ့ ခန္ဓာကိုယ်ကျန်းမာစေပါတယ်။ ကျောက်ကပ်ဟာ လူတစ်ယောက် စားသမျှသောက်သမျှ အစားအသောက်တင်မက ဆေးဝါးတွေကိုပါစစ်ထုတ်ပြီး ခန္ဓာကိုယ်ကနေ...
ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။ Q. ကျောက်ကပ်လူနာရှင်တစ်ဦးက ကျောက်ကပ်ဆေးရတဲ့ အဆင့်ရောက်သွားရင် အဲဒီလူနာက ကျောက်ကပ်ပြန်လည်ကောင်းလာဖို့ ခက်ခဲပြီး ရာနှုန်းနည်းသွားပြီဆိုတာ ဟုတ်ပါသလား။ ဟုတ်ရင် ဘာကြောင့်လဲ၊ ပြီးတော့ ကျောက်ကပ်ကို ဘာကြောင့်ဆေးရပါသလဲ။ ဦးသန့်ဇင်၊ ကျောက်တံတား။...
ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ဟင်းသီးဟင်းရွက်အားလုံးနီးပါးမှာ ပိုတက်ဆီယမ်ပါပါတယ်။ တချို့တလေကတော့ ချက်ပြုတ်နေတဲ့အချိန်မှာ ရေထဲပါသွားတတ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ် ပါဝင်နှုန်းမြင့်မားတဲ့ ဟင်းသီးဟင်းရွက်တွေကို လျော့နည်းအောင် ဆီနဲ့ကြော်တာ ချက်တာမလုပ်ခင်မှာ ရေလုံပြုတ်တာ၊ ရေနွေးဖျောတာလုပ်ပြီး အဲဒီရေတွေကို သွန်ပစ်လိုက်ပါ။ အာလူးနဲ့ အမြစ်စားရတဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့...
Healthy Life journal ကျောက်ကပ်က ခန္ဓာကိုယ်ကျန်းမာရေးအတွက် အခရာကျပါတယ်။ သွေးနီဥထုတ်တာ၊ သွေးဖိအားထိန်းညှိတာ၊ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း သန့်စင်တာ၊ ရေအပိုစွန့်ပစ်တာ၊ သွေးထဲမှာပါတဲ့ မရှိမဖြစ် သတ္တုဓာတ်အဆင့်တွေကိုထိန်းချုပ်တာ စတာတွေ လုပ်ဆောင်တဲ့ ကျောက်ကပ်ဟာ အောက်ပါအမူအကျင့်တွေလုပ်ရင် ထိခိုက်စေနိုင်တာသတိထားပါ။ (၁) ဆီးအောင့်ထားခြင်း ဆီးသွားချင်တာကို...
မေး. ကျွန်တော် အသက် ၆၀ကျော် သက်ကြီးတစ်ဦးဖြစ်ပြီး ဆီးကျိတ်ရှိသူလည်းဖြစ်ပါတယ်။ ဆီးကျိတ် ဘာကြောင့်ဖြစ်ရသလဲ၊ ဆီးကျိတ်မဖြစ်အောင် ကာကွယ်လို့ရပါသလား၊ ဆီးကျိတ်ကနေ ဆီးကျိတ်ကင်ဆာအဖြစ်ကူးပြောင်းလွယ်ပါသလား။ ဦးသန့်ဇင်၊ ကျောက်တံတား။ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ဖြေ. အမျိုးသားတိုင်းမှာ ဆီးအိမ်အဝကျဉ်ချောင်းထိပ်ရှိ ဆီးကျိတ်ဆိုတာ...
ဒေါက်တာတင့်ဆွေ မေး. ကျွန်မယောင်းမက အသက် ၄၁ နှစ်ပါ။ အသက် ၂၅နှစ်ကနေစပြီး သွေးတိုးကျဆေး ဆက်တိုက်သောက်လာခဲ့ပါတယ်။ အခုတော့ သူ့ကျောက်ကပ် ကျုံ့နေတယ်လို့သိရပါတယ်။ နယ်မှာနေတော့ သွေးတိုးကျတဲ့ဆေးကိုသောက်ပြီး တခြားရောဂါကို မစစ်ဆေးခဲ့ဖူးပါ။ အခုပါမောက္ခ – -နဲ့ ပြတော့ ဆရာက...
မေး ။ ဆေးစစ်ရာမှာ ယူရီးယားအဆင့်နည်းရင် ဘာဖြစ်တတ်ပါသလဲ ဆရာ။ ပုံမှန်ဖြစ်အောင် ဘယ်လို နေထိုင်သင့်ပါသလဲ။ ယွန်းယွန်း (FB) ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။ ဖြေ ။ ကျောက်ကပ်ထိခိုက်ပျက်စီးသူတွေမှာ ယူရီးယားအဆင့်များတာပဲ ဖြစ်တတ်ပါတယ်။...