Healthy Life Ad
Q & A

ကျောက်ကပ်ဆေးခြင်း (Dialysis)

ဒေါက်တာတင့်ဆွေ

မေး. ကျွန်မယောင်းမက အသက် ၄၁ နှစ်ပါ။ အသက် ၂၅နှစ်ကနေစပြီး သွေးတိုးကျဆေး ဆက်တိုက်သောက်လာခဲ့ပါတယ်။ အခုတော့ သူ့ကျောက်ကပ် ကျုံ့နေတယ်လို့သိရပါတယ်။ နယ်မှာနေတော့ သွေးတိုးကျတဲ့ဆေးကိုသောက်ပြီး တခြားရောဂါကို မစစ်ဆေးခဲ့ဖူးပါ။ အခုပါမောက္ခ – -နဲ့ ပြတော့ ဆရာက တခြမ်းကကျုံ့နေပြီး ကျန်တဲ့တခြမ်းက ကောင်းကောင်းအလုပ်မလုပ်လို့ ပြောပါတယ်။ အခုတော့ ကျောက်ကပ်ဆေးရမယ်၊ တပတ်ကို ၃ ခါ ဆေးရမယ်ပြောပါတယ်။ အစ်မကကျောက်ကပ်ဆေးရင် သေမယ်လို့ တွေးထားတဲ့သူပါ။ ကျွန်မတို့က ဆရာဝန်ကုသမှုအပိုင်းကို ခံယူစေချင်ပေမဲ့ သူကအတင်းငြင်းဆန်နေပါတယ်။ အစစအရာရာတွေးပြီး ငဲ့ညှာနေပုံပါ။ ကျွန်မသိချင်တာ ကျောက်ကပ်ဆေးခြင်းနဲ့ ပတ်သက်တဲ့အကြောင်း အရာပါ။ တခြားမဆေးပဲနေရင် ဖြစ်လာနိုင်တဲ့အကျိုးတရားတွေကိုပါ ရှင်းပြပေးပါဆရာ။ တခြား ငွေကုန်သက်သာပြီး အကျိုးရှိမယ့်ကိစ္စပါ သိချင်ပါတယ်ဆရာ။ ငွေမတတ်နိုင်တဲ့လူနာတွေအတွက်ပါ တခါတည်း သိပါရစေရှင်။

ဖြေ. လူတွေရဲ့ကျောက်ကပ်ဟာ မရှိမဖြစ်လိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်းတခုဖြစ်တယ်။ တယောက်မှာ ၂ ခုရှိတယ်။ တခုထဲ လဲနိုင်လို့ ကျောက်ကပ်လှူလို့ရတယ်။ ကျောက်ကပ်ကနေ ကိုယ်တွင်း ရေနဲ့ဓာတ်ဆားတွေ မျှခြေရှိနေအောင်လုပ်ပေးတယ်။ ဓာတ်ဆားတွေဆိုတာ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖါးရပ်စ်၊ မဂ္ဂနီဆီယမ်၊ ဆာလ်ဖိတ်တွေ ဖြစ်တယ်။ ဒါ့ပြင် ကျောက်ကပ်ဟာ (အင်ဒိုခရိုင်း) ခေါ်တဲ့ ဟော်မုန်းနဲ့ဆိုင်တာကိုလဲ လုပ်ပေးတယ်။ Erythropoietin ဆိုတာက သွေးနီဥထုတ်ပေးရာမှာ ကူညီတယ်။ Calcitriol ကနေ အရိုးအတွက်ကူတယ်။

ကျောက်ကပ်ကနေ ကိုယ်တွင်းရေနဲ့ ဓာတ်ဆားတွေ မျှခြေရှိနေအောင်လုပ်ပေးတယ်။ ဓာတ်ဆားတွေဆိုတာ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖါးရပ်စ်၊ မဂ္ဂနီဆီယမ်၊ ဆာလ်ဖိတ်တွေဖြစ်တယ်။ ဒါ့ပြင် ကျောက်ကပ်ဟာ (အင်ဒိုခရိုင်း) ခေါ်တဲ့ ဟော်မုန်းနဲ့ဆိုင်တာကိုလဲ လုပ်ပေးတယ်။ Erythropoietin ဆိုတာက သွေးနီဥထုတ်ပေးရာမှာ ကူညီတယ်။ Calcitriol ကနေ အရိုးအတွက်ကူတယ်။

ဓာတုဗေဒ သင်ဖူးသူတွေ သိပါမယ်။ တဝက်တပျက်စိမ့်ဝင်နိုင်တဲ့ အလွှာပါးလေးတခုကနေ ဟိုဘက် ဒီဘက်ပျော်ဝင်နေတာတွေကို ကူးလူးစေတဲ့နည်းကို ကျောက်ကပ်ဆေးရာမှာသုံးတယ်။ အမျိုးအစား ၂ ခုရှိတယ်။ အဓိက Hemodialysis နည်းနဲ့ Peritoneal dialysis နည်းတွေဖြစ်တယ်။ တခြားနည်းတွေလဲရှိသေးတယ်။

ကျောက်ကပ်အထူးကုဆရာဝန်ကနေ လုပ်ရတော့မယ်ဆိုတာ ဆုံးဖြတ်တယ်။ လုပ်ပြီဆိုတာနဲ့ တိကျတဲ့ အချိန်ဇယားလဲ ဆွဲပေးပါမယ်။ အများအားဖြင့် တပတ်မှာ ၃ ခါ၊ တခါလုပ်ရင် ၃ နာရီကနေ ၅ နာရီကြာတယ်။ ကျောက်ကပ်ဆေးတာ လုပ်ရပေမဲ့ ကျောက်ကပ်လုပ်ပေးတာမှန်သမျှကိုတော့ ရာနှုန်းပြည့်မတတ်နိုင်ပါ။

– လူနာတွေ စိတ်ဓာတ်ကျနိုင်တယ်။ ဒါကို ပြုပြင်မှုလုပ်ပေးရမယ်။

– အစားအသောက်ဂရုစိုက်ရမယ်။ အတိအကျ ပြောပါမယ်။ ရေ-အရည် တနေ့ဘယ်လောက် သောက်ရမယ်၊

– ဓါတ်ဆားပါတာတွေလဲ သတိထားရတယ်။

– (ပိုတက်ဆီယမ်) များတဲ့အစားတွေ လိမ္မော်သီး၊ အာလူးသီး၊ ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ အသီးခြောက်တွေ။

– (ဖေါ့စ်ဖါးရပ်စ်) များတာတွေက နွားနို့၊ ဒိန်ခဲ၊ ပဲ၊ အစေ့အဆံ၊ မြေပဲ၊ ကိုကာကိုလာ။

– (ဆိုဒီယမ်) များတာတွေ တား၊ ဟင်းချိုမှုန့်၊ ငန်ပြာရည်၊ ငါးပိ၊ ငါးခြောက်၊

– (ပရိုတင်း)များတာတွေက အသား၊ ငါး၊ ဥနဲ့ ပဲတွေ။

– အားဆေးဆိုပြီး သောက်ရမှာကိုလဲ ဆရာဝန်ကညွှန်ပါမယ်။

ကျောက်ကပ် အလုပ်နိုင်အောင်မလုပ်နိုင်ရင် အသက်ရှည်ဖို့မလွယ်ပါ။ ကျောက်ကပ်ဆေးရတာလဲ ငွေကုန်ပါတယ်။ တခြားဒိထက်ကောင်းတဲ့နည်း မသိပါ။ ကံတရား အားကိုးပါ။ ငွေကြေးမတတ်နိုင်သူများအတွက် ဇီဝိတဒါနပြုလိုသူများ ပေါ်ပေါက်ပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top