Healthy Life Ad
Health Tips

ကိုယ်တိုက်ပဝါကို မကြာခဏ လျှော်ဖွပ်ခြင်းမလုပ်ပါက . . .

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

တဘက်ပဝါအများစုက ၁၀ဝ ရာခိုင်နှုန်းချည်သားနဲ့ လုပ်ထားတာပါ။ ရေချိုးသန့်စင်ပြီးတဲ့အချိန်မှာ သင့်အရေပြားရှိ ပိုးမွှားတွေနဲ့ အညစ်အကြေးတွေ အတော်များများကင်းစင်သွားပါတယ်။ ရေချိုးပြီးတဲ့အခါ စိုနေတဲ့ခန္ဓာကိုယ်ကို ကိုယ်တိုက်ပဝါနဲ့ သုတ်လေ့ရှိကြပါတယ်။ ကိုယ်တိုက်ပဝါနဲ့ တိုက်တာကြောင့် အရေပြားဆဲလ်သေတွေက စိုစွတ်နေတဲ့ တဘက်ပဝါမှာ ကပ်ကျန်နေခဲ့တတ်ပါတယ်။ သုတ်ထားတဲ့ တဘတ်ပဝါတွေကို စိုထိုင်းဆများတဲ့ ရေချိုးခန်းထဲမှာထားပါက၊ အထူးသဖြင့် အခုလိုမိုးရာသီမှာဆိုရင် ဖားဥစွဲတာနဲ့ မှိုစွဲတာတွေကို ဖြစ်စေနိုင်ပါတယ်။

တဘက်တွေကြောင့် မှိုကူးစက်တာမျိုးမဖြစ်စေဖို့ တဘတ်မသုတ်လိုတဲ့ တချို့လူတွေက ရေချိုးပြီးတဲ့အခါမှာ ကိုယ်ခန္ဓာကို ခြောက်သွေ့စေဖို့ ပန်ကာ ဒါမှမဟုတ် ပြတင်းပေါက်ဖွင့်ထားပြီး အဲဒီနေရာမှာ ရပ်နေတာတွေကို လုပ်ဆောင်လေ့ရှိပြီး ခန္ဓာကိုယ်ခြောက်သွေ့မှသာ ပန်ကာ ဒါမှမဟုတ် ပြတင်းပေါက်ကို ပိတ်လေ့ရှိပါတယ်။ တကယ်တမ်းက ရေချိုးပြီးတဲ့နောက်မှာ သွေးလှည့်ပတ်မှုကောင်းစေဖို့ ပိုအရေးကြီးပါတယ်။

တဘက်နဲ့ ခန္ဓာကိုယ်ကို ခြောက်သွေ့အောင် သုတ်ပြီးချိန်မှာ တဘက်ကို လေရတဲ့နေရာမှာထားပါ။ လေဝင်လေထွက်မကောင်းဘဲ စိုစွတ်နေတဲ့နေရာမှာထားရင် တဘတ်စတွေကို ဖားဥစွဲကာ အနံ့ထွက်နိုင်ပါတယ်။ အဲဒီလိုမျိုးဖြစ်နေတဲ့ တဘက်တွေကို ပြန်မသုံးပါနဲ့။ လျှော်ဖွပ်သန့်စင်ပြီး ခြောက်သွေ့တဲ့အထိ မီးပူတိုက်ပြီးမှ ပြန်သုံးသင့်ပါတယ်။ မဟုတ်ရင် ရေချိုးသန့်စင်ထားတဲ့ သင့်ခန္ဓာကိုယ်မှာ မှိုစွဲတာနဲ့ အညစ်အကြေးကပ်တာတွေကို ဖြစ်စေနိုင်တာကြောင့်ပါ။

Most Popular

Healthy Life Ad
To Top