Healthy Life Ad
Health Tips

အပျင်းကြီးသော မိန်းကလေးများအတွက် ကျန်းမာရေးလမ်းညွှန်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အပျင်းကြီးတဲ့ မိန်းကလေးတွေက မိတ်ကပ်တွေအပြည့်နဲ့ အိပ်မောကျသွားတာလို အလှအပအတွက် မလုပ်သင့်တဲ့ အလုပ်တွေကို လုပ်မိတဲ့အပြင် သူတိုရဲ ့ပျင်းတတ်တဲ့ အလေ့အထတချို့ကြောင့် ကျန်းမာရေးအခြေအနေ ထိခိုက်တာမျိုးပါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပျင်းတတ်တဲ့ မိန်းကလေးတွေ သိထားသင့်တဲ့ ကျန်းမာရေးအချက်အလက်တွေကို အကြံပြုလိုက်ပါတယ်။

alignnone size-medium wp-image-62630
အိမ်သာတက်ပြီး လက်အခြောက်ခံလေ့မရှိခြင်း – ဘာကြောင့် ခြောက်အောင်လုပ်သင့်တာလဲ

စိုနေတဲ့ လက်တွေက ခြောက်သွေ့တဲ့ လက်တွေထက် ဘက်တီးရီးယားတွေကို အဆတစ်ထောင် ပိုဆွဲဆောင်နိုင်ပါတယ်။ အဲဒီပိုးတွေကြောင့် အစာအဆိပ်သင့်တာ၊ အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာတွေ ဖြစ်တတ်ပါတယ်။

လွယ်ကူသော ဖြေရှင်းနည်း

လက်အခြောက်ခံစက်တွေက လက်အရေပြားကို ကြာကြာခြောက်သွေ့နေစေတာကြောင့် တစ်ရှူးနဲ့သုတ်ကာ အစိုဓာတ်ထိန်းလိုးရှင်း လိမ်းပေးတာ အကောင်းဆုံးပါ။

alignnone size-medium wp-image-62631
အမျိုးသမီးလစဉ်သုံးပစ္စည်းကို မလဲဘဲ အချိန်ကြာကြာသုံးခြင်း – ဘာကြောင့် အသစ်လဲသင့်တာလဲ

အမျိုးသမီးလစဉ်သုံးပစ္စည်းကို တစ်ခါသုံးရင် အလွန်ဆုံး အချိန် ၄-၆ နာရီပဲ အသုံးပြုသင့်ပါတယ်။ အချိန်အကြာကြီး အသစ်မလဲဘဲ အသုံးပြုတာကြောင့် ပိုးဝင်လာနိုင်ပြီး မိန်းမကိုယ်တစ်ဝိုက် ယားယံတာ၊ အရေပြားပွန်းပဲ့တာ၊ အဖုအပိမ့်ပေါက်တာတို့ ဖြစ်တတ်ပါတယ်။

လွယ်ကူသော ဖြေရှင်းနည်း

အမျိုးသမီး လစဉ်သုံးပစ္စည်းကို အမြဲဆောင်ထားပြီး ရာသီလာတဲ့နေ့တွေမှာ အချိန်သတ်မှတ်ကာ အသစ်လဲပေးပါ။ အထူးသဖြင့် ညဘက်မှာ အသစ်လဲပေးမှသာ ပိုးဝင်နိုင်ခြေ လျော့ကျမှာပါ။

alignnone size-medium wp-image-62632
မတ်တပ်ရပ်ပြီး အစာစားခြင်း – ဘာကြောင့် မစားသင့်တာလဲ

ထိုင်ပြီး အစာစားဖို့ အချိန်မရလို့ အစာကို မတ်တပ်ရပ်ရင်း အလောတကြီး စားလိုက်ရတယ်ဆိုရင် သင်ရဲ့အစာခြေစနစ်အတွက် မကောင်းပါဘူး။ အစာကို ခပ်မြန်မြန်မျိုချတာက လေပွတာ၊ ရင်ပြည့်တာနဲ့ ရင်ပူတာတွေ ဖြစ်စေနိုင်ပါတယ်။

လွယ်ကူသော ဖြေရှင်းနည်း

အစာကိုထိုင်ပြီး စားဖို့အချိန်ပေးပါ။ ဒါပေမဲ့ တီဗီကြည့်ရင်းမစားပါနဲ့။ အစာကို ထိုင်ပြီး ကြေညက်အောင် ဝါးစားတဲ့သူတွေက ခပ်လောလောစားသူတွေထက် တစ်နေ့မှာ ၁၃၇ ကယ်လိုရီ ပိုမိုလောင်ကျွမ်းလေ့ရှိကြောင်း ဂျော်ဂျီယာတက္ကသိုလ်မှ လေ့လာသူတွေက ဆိုပါတယ်။

alignnone size-medium wp-image-62633
လက်သည်းကိုက်ခြင်း – ဘာကြောင့် မလုပ်သင့်တာလဲ

လေ့လာမှုတွေအရ လက်မှာရှိတဲ့ ဘက်တီးရီးယား ၉၀ ရာခိုင်နှုန်းက လက်သည်းအောက်မှာ ကပ်ညိနေကြောင်း သိရပါတယ်။ ဒါကြောင့် လက်သည်းကိုက်တာကြောင့် ပိုးဝင်ကူးစက်နိုင်ခြေ များပါတယ်။

လွယ်ကူသော ဖြေရှင်းနည်း

လက်သည်းတွေကို ခပ်တိုတိုညှပ်ထားပါ။ လက်သည်းတွေကိုက်တဲ့အကျင့်ကို မဖြတ်နိုင်ရင် လက်သည်းတွေကို ဗက်ဆလင်းအလှဆီ(Vaseline) နည်းနည်းသုတ်လိမ်းပေးပါ။ မနှစ်မြို ့ဖွယ်ရာအရသာဖြစ်တာကြောင့် လက်သည်းမကိုက်မိအောင် ထိန်းချုပ်နိုင်သွားမှာပါ။

alignnone size-medium wp-image-62634
ရေသန့်ဘူးများကိုမဆေးကြောဘဲ ပြန်လည်အသုံးပြုခြင်း – ဘာကြောင့် မသုံးသင့်တာလဲ

ရေသန့်ဘူးမှာ ကပ်ငြိနေတဲ့ပိုးမွှားတွေကို မမြင်နိုင်၊ အနံ့မရနိုင်ပါဘူး။ ဒါပေမဲ့ ဒီပိုးတွေက အစာအိမ်အူလမ်းကြောင်း ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ မူလတန်းကျောင်းက စုဆောင်းရရှိတဲ့ ရေသန့်ဘူး သုံးပုံတစ်ပုံမှာ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားနေတာကို တွေ့ရကြောင်း ကနေဒါလေ့လာမှုတစ်ခုက ဆိုပါတယ်။ ရေသန့်ဘူးတွေကို မဆေးဘဲ ပြန်လည်အသုံးပြုတာကြောင့် ဘက်တီးရီးယားပိုးဝင်နိုင်ခြေ ရှိပါတယ်။

လွယ်ကူသော ဖြေရှင်းနည်း

ကြက်သီးနွေးဆပ်ပြာရေထဲကို ရေသန့်ဘူးထည့်ပြီး နေ့စဉ်ဆေးကြောသန့်စင်ပါ။ ပြီးရင် ရေနဲ့ဆေးပြီး ကောင်းစွာခြောက်သွေ့အောင် ထားပါ။

alignnone size-medium wp-image-62635
သွားမတိုက်ဘဲ ခံတွင်းသန့်စင်ဆေးရည်သုံးခြင်း – ဘာကြောင့် သွားတိုက်သင့်တာလဲ

ခံတွင်းသန့်စင်ဆေးရည်က ခံတွင်းနံ့ကို သင်းပျံ့စေပေမယ့် ဘက်တီးရီးယားသေစေနိုင်စွမ်းက နည်းပါတယ်။ ဒါ့အပြင် သွားချေးဖတ်တွေကို ဖယ်ရှားနိုင်စွမ်းကလည်း နည်းတာကြောင့် သွားပိုးစားတာနဲ့ သွားဖုံးရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။

လွယ်ကူသော ဖြေရှင်းနည်း

တစ်နေ့နှစ်ကြိမ်၊ တစ်ကြိမ်မှာ နှစ်မိနစ်ခန့် သွားတိုက်ပေးပါ။ အစာမှာပါတဲ့ သကြားဓာတ်က သွားချေးဖတ်နဲ့ ဓာတ်ပြုပြီး အက်စစ်တွေထွက်ကာ သွားကြွေလွှာကို ပျော့ပျောင်းသွားစေပါတယ်။ ဒါကြောင့် အစာစားပြီးနောက် ချက်ချင်းသွားတိုက်ရင် သွားကြွေလွှာကို ပွန်းပဲ့စေနိုင်ပါတယ်။

အားကစားဝတ်စုံကို မှန်မှန်မလျှော်ဖွပ်ခြင်း – ဘာကြောင့် လျှော်သင့်တာလဲ

ချွေးတွေနဲ့ စိုစွတ်နေတဲ့ အားကစားဝတ်စုံတွေကို မလျှော်ဘဲ ပြန်ဝတ်တာက အရေပြားယားယံမှုနဲ့ ဝက်ခြံအဖုအပိမ့် ဖြစ်နိုင်ခြေများပါတယ်။ “ချွေးတွေ စုပ်ယူထားတာကြောင့် အထူးသဖြင့် ရင်သားအောက်ခြေနဲ့ မိန်းမကိုယ်နေရာတဝိုက်မှာ ပိုးဝင်ကူးစက်မှု ဖြစ်စေနိုင်ပါတယ်။

လွယ်ကူသော ဖြေရှင်းနည်း

မျက်နှာသုတ်ပဝါ အပါအဝင် အားကစားအသုံးအဆောင်မှန်သမျှကို အသုံးပြုပြီးတိုင်း လျှော်ဖွပ်ပေးသင့်ပါတယ်။

alignnone size-medium wp-image-62637
မျက်ကပ်မှန်တပ်ရင်း အိပ်စက်ခြင်း – ဘာကြောင့် မတပ်သင့်တာလဲ

မျက်ကပ်မှန်တပ်ပြီး အိပ်စက်တာကြောင့် မျက်စိက သူ့ဘာသာ သန့်စင်နိုင်စွမ်း လျော့ကျသွားသလို ဆဲလ်တွေဆီကို အောက်ဆီဂျင်ရောက်ရှိမှု လျော့နည်းကာ ပိုးဝင်ကူးစက်နိုင်ခြေ များပါတယ်။ မျက်ကပ်မှန်တပ်ရင်း အိပ်စက်တာကြောင့် မျက်စိထိခိုက်နိုင်ခြေ ရှိပါတယ်။

လွယ်ကူသော ဖြေရှင်းနည်း

မျက်ကပ်မှန်တွေကို မအိပ်ခင်မှာ ချွတ်လိုက်တာက မျက်စိကို ပြန်လည်ကောင်းမွန်အောင် ပြုပြင်ဖို့ အခွင့်အရေးပေးလိုက်တာပဲ ဖြစ်ပါတယ်။ မျက်ကပ်မှန်ကို မျက်ကပ်မှန်ဆေးရည်မဟုတ်ဘဲ တခြားရေနဲ့ ဆေးတာက ပိုးဝင်နိုင်ခြေ မြင့်မားစေပါတယ်။

alignnone size-medium wp-image-62638

Most Popular

Healthy Life Ad
To Top