Healthy Life Ad
Health Tips

နှာချေခြင်း၊ နှာရည်ညှစ်ခြင်းတို့အတွက် မှန်ကန်သောနည်းလမ်း

———၊ ဇွန် ၊———

နှာချေတာ၊ နှာရည်ညှစ်တာ၊ ချောင်းဆိုးတာနဲ့ နှာခေါင်းပိတ်လို့ မှုတ်ထုတ်တာ စတာတွေလုပ်တဲ့အခါ မမှန်ကန်တဲ့နည်းလမ်းနဲ့လုပ်မိရင် သက်သောင့်သက်သာမရှိဘဲ အန္တရာယ်ပိုများနိုင်ပါတယ်။

လက်ချောင်းဖြင့် သင့်နှာခေါင်းတစ်ပေါက်ကိုဖိပါ

နှာခေါင်းတစ်ဖက်ကို လက်တစ်ဖက်နဲ့ဖိကာ တခြားနှာခေါင်းပေါက်ပေါ် တစ်သျှူးတင်ပြီး ညင်ညင်သာသာ နှာရည်ညှစ်ထုတ်ပါ။

ပါးစပ်ပိတ်ပြီး မျက်စိမှိတ်ထားပါ

ဒီလိုလုပ်တာကြောင့် မျက်နှာပေါ်မှာကျရောက်နေတဲ့ ဖိအားပြေလျော့သွားပြီး သက်သောင့်သက်သာရှိသွားပါလိမ့်မယ်။ ပါးစပ်ကို အနည်းငယ်သာဟပြီး မျက်စိကိုပိတ်ထားပါ။

လက်ဆေးပါ

နှာရည်ညှစ်တာ၊ နှာချေတာ၊ ချောင်းဆိုးတာတို့လုပ်ပြီးတိုင်း လက်ဆေးတာကြောင့် ပိုးမွှားကူးစက်မှုဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ လက်ကိုဆပ်ပြာနဲ့ ကြက်သီးနွေးရေသုံးပြီး ဆေးကြောကာ သန့်ရှင်းတဲ့ပဝါနဲ့ ခြောက်သွေ့အာင် သုတ်လိုက်ပါ။

ရေနွေးသောက်ပါ

သင့်နှာခေါင်းပိတ်ပြီး အသက်ရှူရခက်ခဲနေရင် နှာခေါင်းမြှေးရှိ ချွဲတွေပျော်လွယ်စေဖို့ ရေနွေးပူပူ ဒါမှမဟုတ် ပူနွေးတဲ့အရည်ကို သောက်ပါ။ ရေနွေးငွေ့ရှူတာကြောင့် နှာခေါင်းမြှေးတွေကို ကြည်လင်သွားစေပါတယ်။

အသုံးပြုသည့် တစ်သျှူး သို့မဟုတ် လက်ကိုင်ပဝါကို ဂရုစိုက်ပါ

နှာရည်ညှစ်တဲ့အခါနဲ့ နှာချေတဲ့အခါမှာ အသုံးပြုတဲ့ တစ်သျှူး ဒါမှမဟုတ် လက်ကိုင်ပဝါက သန့်ရှင်းနေဖို့လိုပါတယ်။ တစ်ခါသုံးတစ်သျှူးကို သုံးရင်သုံးပြီးတာနဲ့ ချက်ချင်းလွှင့်ပစ်လိုက်ပါ။ လက်ကိုင်ပဝါသုံးရင် အသုံးပြုပြီးသားအပိုင်းကို ခေါက်ထားပြီး မသုံးရသေးတဲ့အပိုင်းကို သုံးပါ။

(Ref;TOI)

Most Popular

Healthy Life Ad
To Top