Healthy Life Ad
Health Tips

အူမကြီးကိုသန့်စင်စေမည့် အန္တရာယ်ကင်းသော နည်း ၇ သွယ်

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

အူမကြီးက ငါးပေအရှည်ရှိပြီး လူ့ဘဝရဲ ့ တစ်နေ့တာဘဝမှာ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ အူမကြီးသန့်စင်ပြီး ကျန်းမာစေမယ့် နည်းလမ်း ၇ သွယ်ကို မျှဝေပေးလိုက်ပါတယ်။

alignnone size-medium wp-image-62147
(၁) အစားအသောက်ထဲ ဗီတာမင်စီထည့်ပါ

သစ်သီးနှင့် ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ဗီတာမင်စီက အူမကြီးကို သန့်စင်ပေးနိုင်တယ်လို့ ၂၀၁၅ လေ့လာမှုအရ သိရပါတယ်။ ဗီတာမင်စီပါဝင်တဲ့ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီသီးနဲ့ သံပရာသီးတို့က အူမကြီးနဲ့ အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

alignnone size-medium wp-image-62148
(၂) အူမကြီးကို ကာကွယ်နိုင်မည့် အကျိုးပြုဘက်တီးရီးယားမှီဝဲပါ

အကျိုးပြုဘက်တီးရီးယားက အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်နိုင်သလို ကုသမှုခံယူပေးနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ ကောင်းတဲ့ဘက်တီးရီးယားက ရောင်ရမ်းမှုကို လျော့ကျစေပြီး အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ အကျိုးပြုဘက်တီးရီးယား ပမာဏများရင် ဒိန်ချဉ်၊ ပန်းသီး ရှလကာရည်၊ ကင်မ်ချီ၊ မီဆိုစွပ်ပြုတ်၊ ဒိန်ခဲ စတာတွေကို စားပေးနိုင်ပါတယ်။

alignnone size-medium wp-image-62149
(၃) အစားအသောက်ထဲ ကစီဓာတ်ထည့်ပါ

အာလူး၊ ထမင်း၊ ပဲသီး၊ ငှက်ပျောသီး၊ ကောက်နှံတစ်ခုလုံးအစာတွေလို Resistant ကစီဓာတ်က အူမကြီးကို ကျန်းမာစေပါတယ်။

alignnone size-medium wp-image-62150
(၄) အစာကြေညက်စေရန် ရေများများသောက်ပါ

အရည်နည်းနည်းပဲသောက်တာက ဝမ်းချုပ်တာကို ဖြစ်စေနိုင်ပါတယ်။ တစ်နေ့မှာ ရေ ၁ လီတာခွဲမှ နှစ်လီတာလောက် သောက်တာဟာ ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်ပါတယ်။ ရေဓာတ်ပါဝင်မှုများတဲ့ သခွားသီး၊ တရုတ်နံနံ၊ ခရမ်းချဉ်သီး၊ ဖရဲသီးနဲ့ စတော်ဘယ်ရီသီးတို့လို သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။

alignnone size-medium wp-image-62151
(၅) အမျှင်ဓာတ်များသည့် အစားအသောက်များများစားပါ

အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစားအသောက်တွေစားတာက အူမကြီးကင်ဆာဖြစ်နှုန်းကို လျော့ကျစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစားအသောက်တွေက အူလမ်းကြောင်းရှိ ကောင်းတဲ့ ဘက်တီးရီးယားတွေကို အားပေးပြီး အူရောင်ရမ်းမှုလျော့ကျကာ အစာခြေလမ်းကြောင်းဝေဒနာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစားအသောက်တွေဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း၊ ပဲနီလေး၊ ပဲသီး၊ ပဲစိမ်းနဲ့ ကောက်နှံတစ်ခုလုံးအစာတွေကို စားပေးသင့်ပါတယ်။

(၆) ဆေးဖက်ဝင်လက်ဖက်ရည်သောက်ပါ

ဆေးဖက်ဝင်လက်ဖက်ရည်က အူမကြီးကို သန့်စင်ပေးပါတယ်။ သြစတြေးလျလေ့လာမှုအရ ဆေးဖက်ဝင်လက်ဖက်ရည်သောက်တာက အူမကြီးကင်ဆာဖြစ်နှုန်းကို လျော့ကျစေတယ်လို့ သိရပါတယ်။ ရှားစောင်းလက်ပပ်လို ဟင်းခတ်အမွှေးအကြိုင်က ဝမ်းမှန်စေပါတယ်။

alignnone size-medium wp-image-62152
(၇) ပင်လယ်ဆားလက်ဖက်စားဇွန်းတစ်ဇွန်းကို ဖျော်သောက်ပါ

မနက်တိုင်း မနက်စာမစားခင်မှာ ပင်လယ်ဆားလက်ဖက်စားဇွန်းတစ်ဇွန်းကို ရေနွေးတစ်ဖန်ခွက်ထဲ ထည့်ခတ်ပြီး သောက်ပေးရင် အူမကြီးသန့်စင်စေပါတယ်။

Most Popular

Healthy Life Ad
To Top