Healthy Life Ad
Life Style

ရေကူးဝတ်စုံဝတ်ရာတွင် ကြည့်ကောင်းစေရန်

———၊ ငွေကြယ်စင်ယံ ၊———

ခန္ဓာကိုယ်မှာ အဆီပိုတွေရှိနေတာ၊ ကိုယ်အလေးချိန်များနေတာနဲ့ ခန္ဓာကိုယ်အချိုးအစားမကျတာတွေကြောင့် ရေကူးဝတ်စုံဝတ်ရမှာ မဝံ့မရဲဖြစ်နေပါသလား။ ရေကူးဝတ်စုံနဲ့ ရေကူးတဲ့အခါ အဆင်ပြေကြည့်ကောင်းစေဖို့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။

(၁) လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ သင့်ခန္ဓာကိုယ်က ပိုကြည့်ကောင်းလာပါလိမ့်မယ်။ နံနက်ခင်း လေကောင်းလေသန့်ရချိန်မှာ လေ့ကျင့်ခန်းလုပ်တာက ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပြီး ကိုယ်အလေးချိန်ကို ထိန်းနိုင်ပါလိမ့်မယ်။

(၂) ပြေးပါ

ပြေးတာက ကိုယ်အလေးချိန်လျော့ကျပြီး ကြံ့ခိုင်သန်စွမ်းမှုရှိစေမယ့် နည်းလမ်းကောင်းတစ်ရပ်ပါ။ တစ်ယောက်တည်းလည်း ပြေးလို့ရသလို သူငယ်ချင်းတွေနဲ့လည်း ပြေးနိုင်ပါတယ်။

(၃) ရေကူးပါ

ရေကူးတာက သင်ရဲ ့ကြွက်သားထုထည်နဲ့ ကြံ့ခိုင်မှုအဆင့်ကို တိုးစေတဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

(၄) လက်ဝှေ့ထိုးပါ

လက်ဝှေ့ထိုးတာ၊ အလေးမတာလို လေ့ကျင့်ခန်းတွေက ပြေးတာ၊ ရေကူးတာတွေကြောင့် ရရှိမယ့် အကျိုးကျေးဇူးကို ပိုကောင်းအောင် ပံ့ပိုးပေးရာ ရောက်ပါတယ်။

(၅) ကောင်းကောင်းစားသောက်ပါ

သင်စားသောက်တဲ့ ပုံစံအတိုင်း သင့်ခန္ဓာကိုယ် အချိုးအစားက ဖြစ်တည်နေတာဖြစ်တဲ့အ တွက် အစားအသောက်ကို အာဟာရပြည့်ပြီး ကျန်းမာရေးနဲ့ညီညွတ်တာကို ရွေးစားပါ။

(၆) ရေကို များများသောက်ပါ

ရေက အသားအရေနဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ပိုကောင်းစေပြီး သရေစာမစားဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၇) ဘယ်ရီသီးအချို ့ ၊ ကောက်နှံစာနှင့် ဒိန်ချဉ်မှီဝဲပါ

ဒီအစားအစာတွေက ဝမ်းဗိုက်ချပ်ရပ်စေပါတယ်။ အစာကြေစေပြီး ကြာရှည်ဗိုက်ပြည့်နေစေတဲ့ အစာတွေပါ။

(၈) ကြေးချွတ်ပါ

လွယ်ကူပြီး ထိရောက်တဲ့နည်းပါ။ ပုံမှန်ကြေးချွတ်တာကြောင့် အရေပြားက နူးညံ့ချောမွေ့တောက်ပပြီး ရေကူးဝတ်စုံလေးနဲ့ ကြည့်ကောင်းနေမှာပါ။

(၉) အနှိပ်ခံပါ

အပန်းပြေဖို့ အနှိပ်ခံပေးတာက သွေးလှည့်ပတ်မှုကိုပါ ကောင်းမွန်စေပါတယ်။ အနှိပ်ခံတာကြောင့် အရေပြားက ပိုကြည့်ကောင်းစေပါတယ်။

(၁၀) ဂရိတ်ဖရုသီး၊ ငရုတ်သီးနှင့် သစ်ကြားပိုးခေါက် စားပါ

ဒီအရသာရှိတဲ့ အစာတွေက ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။ ဒီအစာတွေက အဆိပ်တွေကို ချေဖျက်ပေးနိုင်ပြီး ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။

Most Popular

Healthy Life Ad
To Top