Healthy Life Ad
Health Tips

သွေးသန့်စင်လိုလျှင်…

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

အောက်ဆီဂျင်၊ အာဟာရဓာတ်နဲ့ ဟော်မုန်းတွေကို တစ်ရှူးတွေဆီ သယ်ယူပို့ဆောင်ဖို့အတွက် သွေးက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ တစ်ကိုယ်လုံး လုပ်ငန်းဆောင်တာတွေ ကောင်းမွန်နေအောင် သွေးသန့်စင်ပြီး အဆိပ်အတောက်ကင်းအောင် လုပ်ဆောင်ဖို့ မရှိမဖြစ် အရေးပါနေပါတယ်။ ကျောက်ကပ်နဲ့ အသည်းက သွေးသန့်စင်မှုကို အဓိက လုပ်ဆောင်နေတဲ့အရာဖြစ်ပြီး အဆိပ်အတောက်ကင်းစေဖို့ရာအတွက် အောက်ပါ အိမ်တွင်းကုထုံးတွေကို လိုက်နာသင့်ပါတယ်။

alignnone size-medium wp-image-60397
သဘာဝဆေး (၁) သံပရာရည်/ရှောက်ရည်

သံပရာရည်/ရှောက်ရည်က သွေးနဲ့ အစာခြေလမ်းကြောင်းစနစ်ကို သန့်ရှင်းကြည်လင်စေပါတယ်။ သံပရာရည်/ရှောက်ရည်မှာ သဘာဝအက်ဆစ်ဂုဏ်သတ္တိရှိကာ သွေးထဲက အဆိပ်အတောက်တွေ ဖယ်ရှားပြီး စံဓာတ်ကို ပြောင်းလဲနိုင်ပါတယ်။ နေ့စဉ် မနက်ပိုင်း ဗိုက်ထဲအစာမရှိချိန်မှာ လတ်ဆတ်တဲ့ သံပရာရည်/ရှောက်ရည် သောက်ပေးရင် ကိုယ်တွင်းမှ မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ရေနွေးအဖြူတစ်ဖန်ခွက်ထဲ သံပရာရည်/ရှောက်ရည် ထမင်းစားဇွန်း တစ်ဇွန်းညှစ်ထည့်ပြီး မနက်စာမစားခင် သောက်ပေးရပါမယ်။

သဘာဝဆေး (၂) ပန်းသီးရှလကာရည်နှင့် ဆော်ဒါမှုန့်

ပန်းသီးရှလကာရည်နဲ့ ဆော်ဒါမှုန့်အရောက ကိုယ်တွင်းစံအဆင့်ကို ဟန်ချက်ညီစေပါတယ်။ သွေးနဲ့ ကိုယ်တွင်းတစ်ရှူးတွေကို သန့်စင်စေပါတယ်။ ပန်းသီးရှလကာရည် ထမင်းစားဇွန်းနှစ်ဇွန်းနဲ့ ဆော်ဒါမှုန့် ထမင်းစားဇွန်းတစ်ဇွန်းကို ဖန်ခွက်အလွတ်ထဲထည့်ပါ။ မွှေပြီး အမြှုပ်လေးတွေ ငြိမ်တဲ့အထိထားပါ။ အဲဒီနောက် ရေနည်းနည်းထည့်ကာ ချက်ချင်းသောက်လိုက်ပါ။ သွေးတိုးရှိရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ သောက်ပါ။

alignnone size-medium wp-image-60398
သဘာဝဆေး (၃) ပင်စိမ်း

ဟင်းလျာအများစုထဲ ထည့်လေ့ရှိတဲ့ ပင်စိမ်းက ဘက်တီးရီးယားပိုးတွေကို သေစေပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ပင်စိမ်းဟာ သွေးသန့်စင်စေတဲ့ အကောင်းဆုံး ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပြီး သွေး၊ အသည်းနဲ့ ကျောက်ကပ်မှ အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ ပင်စိမ်းက ကိုယ်တွင်းအဆိပ်အတောက်တွေကို ဆီးကနေ စွန့်ထုတ်ပေးနိုင်ပါတယ်။ ပင်စိမ်းရွက် ၅-၆ ရွက်ကို ကြိတ်ချေပြီး ကိုယ်စားမယ့်အစာထဲ ထည့်စားပေးပါ။ ရေနွေးပူပူတစ်ခွက်ထဲ ပင်စိမ်းရွက် ၆-၈ ရွက်ခန့် ထည့်နှပ်ပြီး သောက်ပေးနိုင်ပါတယ်။

alignnone size-medium wp-image-60399
သဘာဝဆေး (၄) နနွင်းမှုန့်

နနွင်းမှုန့်မှာ အနာကျက်အစွမ်းရှိပြီး သွေးသန့်စင်စေပါတယ်။ နနွင်းမှုန့်မှာပါတဲ့ ကာကူမင်ဓာတ်က ရောင်ရမ်းမှုကို တွန်းလှန်ပေးပြီး ကိုယ်တွင်းပြဿနာအများစုကို ဖယ်ရှားပေးပါတယ်။ နနွင်းမှုန့်ဟာ သွေးနီဥထွက်ရှိအောင် ကူညီပေးပါတယ်။ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ကို နွားနို့အကြမ်းပန်းကန်လုံး တစ်ခွက်ထဲထည့်မွှေပြီး သောက်ပေးရင် အသည်းကျန်းမာရေးကောင်းမွန်စေပါတယ်။

သဘာဝဆေး (၅) ရေ

ရေမှာ သဘာဝအဆိပ်အတောက်ကင်းစေတဲ့ အစွမ်းရှိပါတယ်။ ရေများများသောက်လေ၊ သွေးသန့်စင်လေလေပါပဲ။ ရေက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေပြီး ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်စေပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ် စီးဆင်းမှုကို အားပေးပြီး ဆီးသွားတဲ့နည်းနဲ့ အဆိပ်အတောက်တွေ ဖယ်ရှားပေးပါတယ်။

alignnone size-medium wp-image-60400
သဘာဝဆေး (၆) အခြားအစားအသောက်များ

သွေးသန့်စင်ပြီး ကျန်းမာစေမယ့် တခြားအစားအသောက်တွေလည်း ရှိပါသေးတယ်။

• ဘလူးဘယ်ရီသီး-သဘာဝသွေးသန့်စင်စေတဲ့ အစာဖြစ်ပြီး အသည်းကင်ဆာဆဲလ်ကြီးထွားမှုကို ဟန့်တားပေးပါတယ်။

• ပန်းဂေါ်ဖီစိမ်း- ဗီတာမင်စီ၊ အိုမီဂါ ၃ ဖက်တီးအက်စစ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနိစ်တို့ ပါဝင်တာကြောင့် သွေးထဲက အဆိပ်အတောက်တွေ ကင်းစင်စေပါတယ်။

• ဥနီ (Beetroot)-ဘီတာလိန်းအမည်ရှိ အင်တီအောက်ဆီးဒင့်နဲ့ နိုက်ထရိတ်ပါတာကြောင့် သွေးသန့်စင်စေပါတယ်။

• ထန်းလျက်-ထန်းလျက်ကလည်း သွေးသန့်စင်စေပါတယ်။

Most Popular

Healthy Life Ad
To Top