Healthy Life Ad
Health Tips

ကလေးများအတွက် အစွမ်းထက် အစားအစာများ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ကလေးတွေအတွက် ကောင်းမွန်ပြီး ကျွေးသင့်တဲ့ အစားအစာတွေကို မိဘတွေအနေနဲ့ ထည့်ကျွေးဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီအစားအစာတွေကိုကျွေးပြီး ကလေးဟာ ကြိုက်နှစ်သက်ကာ ကြီးပြင်းတဲ့အထိ စားသွားမယ်ဆိုရင် သူ့ဘဝတလျှောက်လုံး ကျန်းမာနေအောင် ပံ့ပိုးပေးရာရောက်ပါတယ်။

(၁) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ အင်တီအောက်ဆီးဒင့် လိုင်ကိုပင်းဓာတ်ပါဝင်တာကြောင့် ကင်ဆာဖြစ်နိုင်ခြေနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဒါ့အပြင် ဗီတာမင်စီနဲ့ အမျှင်ဓာတ်ပါဝင်နေပါတယ်။ ကလေးဟာ ခရမ်းချဉ်သီးကို အလုံးလိုက်စားနိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး သံလွင်ဆီနည်းနည်းနဲ့ သုပ်ကျွေးတာမျိုး၊ ဟင်းချက်ကျွေးတာမျိုး ပြုလုပ်ပေးပါ။

(၂) အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ပေါင်မုန့်ညို၊ ခေါက်ဆွဲညို၊ ဆန်လုံးညို စတာတွေမှာ သံဓာတ်၊ ဗီတာမင်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်ပါတယ်။ ဒါကြောင့် ကလေးစားတဲ့ နံနက်စာ၊ နေ့လယ်စာနဲ့ ညစာတွေမှာ ကောက်နှံပါအောင် ထည့်ကျွေးပါ။

(၃) ဟင်းနုနယ်ရွက်

ဗီတာမင်အေနဲ့ ဖောလစ်အက်စစ်များစွာ ပါဝင်တဲ့ ဟင်းနုနယ်ရွက်ဟာ ဗီတာမင်စီနဲ့ သံဓာတ်လည်း ပါဝင်နေပါတယ်။ ဟင်းနုနယ်ရွက်ကို ဟင်းချိုအဖြစ်ချက်ကာ ကလေးငယ်ကိုကျွေးပါ။

၄။ အဆီနည်းအမဲသား

အမဲသားမှာ သံဓာတ်များစွာ ပါဝင်တာကြောင့် ကြီးထွားဖွံဖြိုးနေတဲ့ ကလေးငယ်အတွက် သွေးနီဥဖြစ်ပေါ်မှုကို အားကောင်းစေပါတယ်။ အမဲသားမှာ ဗီတာမင် ဘီ-၁၂ နဲ့ ဇင့်ဓာတ်လည်း ပါဝင်နေပါတယ်။ အဆီနည်းအမဲသားကို နူးညံ့ပျော့ပျောင်းအောင် ပေါင်းပြီးကျွေးပါ။

၅။ ဒိန်ချဉ်

ကယ်လ်စီယမ်ပါဝင်မှုများပြီး ကယ်လိုရီရရှိမှုနည်းအောင် အဆီနည်းဒိန်ချဉ်ကို ကျွေးပါ။ ရေခဲမုန့်စားချင်နေရင် ဒိန်ချဉ်ကို အေးခဲအောင်လုပ်ပြီးကျွေးပါ။

Most Popular

Healthy Life Ad
To Top