Healthy Life Ad
Health Tips

သွေးခဲခြင်းမဖြစ်စေရန် ကာကွယ်ပြီး အသက်ကယ်တင်နိုင်မည့် နည်းလမ်းကောင်း ၁၀

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ကွန်ပျူတာနဲ့ တီဗီရှေ ့မှာ အထိုင်များလွန်းပြီး လှုပ်ရှားမှုမရှိတာက သွေးခဲတာကို ဖြစ်စေနိုင်ပါတယ်။ သွေးခဲက အဆုတ် ဒါမှမဟုတ် နှလုံးမှာ သွားပိတ်ဆို့ရင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ နေ့စဉ်နေ့တိုင်း ဘာစားသင့်သလဲ၊ ဘာလုပ်သင့်သလဲ၊ ဘာဝတ်ဆင်သင့်သလဲဆိုတဲ့ မှန်ကန်တဲ့ရွေးချယ်မှုကို လုပ်ဆောင်မယ်ဆိုရင် သွေးခဲနိုင်ခြေ လျော့ကျစေပြီး ကျန်းမာရေးကောင်းမွန်စေမှာပါ။

alignnone size-medium wp-image-60251
(၁) မတင်းကျပ်လွန်းသော အဝတ်အစားဝတ်ပါ

ကိုယ်တွင်းသွေးလှည့်ပတ်မှုကောင်းဖို့ တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေကို မဝတ်တာ အကောင်းဆုံးပါ။ ကျပ်လွန်းတဲ့ ဘောင်းဘီတွေက သွေးလှည့်ပတ်မှုကို ထိခိုက်စေတာကြောင့် သွေးခဲတွေက ခြေထောက်မှာ ဖြစ်ပေါ်တတ်ပါတယ်။ သက်သောင့်သက်သာရှိပြီး ချောင်ချိတဲ့ဘောင်းဘီကို ဝတ်ဆင်သင့်ပါတယ်။

alignnone size-medium wp-image-60253
(၂) ချိုးရေထဲ ဆားခါးခတ်ပြီး ရေချိုးပါ

ဆားခါး (Epsom Salt)က ကိုယ်တွင်းသွေးလှည့်ပတ်မှုကို ကောင်းစေတာကြောင့် ချိုးရေထဲမှာ ဆားခါးနည်းနည်းခတ်ပြီး ရေစိမ်ချိုးပေးသင့်တာပါ။

alignnone size-medium wp-image-60254
(၃) ပြင်းအားများလွန်းသော လေ့ကျင့်ခန်းလုပ်ပါ

သွေးမခဲစေဖို့ တက်တက်ကြွကြွနေပြီး အကြာကြီးထိုင်တာကို ဆင်ခြင်ပါ။ ဘယ်လေ့ကျင့်ခန်းမဆို ကောင်းမွန်တာကြောင့် ပြင်းအားများတဲ့ ပြေးတာ၊ လက်ဝှေ့ထိုးတာလို လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးပါ။ ဒါဆိုရင် သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။

alignnone size-medium wp-image-60255
(၄) ကားမောင်းချိန် ၂ နာရီကြာတိုင်း အနားယူပါ

ကားမောင်းတဲ့အခါ အချိန်ကြာရင် သွေးခဲနိုင်ခြေ များပါတယ်။ ဒါကြောင့် ခရီးဝေးကို ကားမောင်းသွားရတဲ့အခါ ပုံမှန်အနားယူပြီး လမ်းလျှောက်တာ၊ အညောင်းဖြေတာတို့ လုပ်သင့်ပါတယ်။ သဘာဝမြင်ကွင်းကို ခံစားသင့်တဲ့ အချိန်ကောင်းပါ။

alignnone size-medium wp-image-60257
(၅) သဘာဝသွေးကျဲစေသော အစာများကိုစားပါ

ဆရာဝန်က သွေးကျဲဆေးညွှန်ထားရင်တောင် သွေးကျဲစေတဲ့ သဘာဝအစာတွေကိုလည်း မေ့မထားသင့်ပါ။ ကြက်သွန်ဖြူ၊ ဆနွင်းမှုန့်၊ ဂျင်ဂိုရေနွေးကြမ်းတို့ကို နေ့စဉ်စားသောက်ပေးတာက သွေးခဲအန္တရာယ် လျော့ကျစေပါတယ်။

alignnone size-medium wp-image-60258
(၆) ခြေချောင်းနှင့် ခြေကျင်းဝတ်ကို လှည့်ပေးပါ

နေ့အများစုမှာ အလုပ်ထဲထိုင်ပြီး လုပ်ရတာများတာကြောင့် ခြေထောက်သွေးလှည့်ပတ်စီးဆင်းမှု အားနည်းစေပါတယ်။ လမ်းလျှောက်ပေးရုံနဲ့ အဆင်မပြေရင် ခြေကျင်းဝတ်ကို လှည့်လည်တာ၊ ခြေချောင်းတွေကို ဝှေ့ယမ်းပေးတာတွေ လုပ်ဆောင်ရင် သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။

alignnone size-medium wp-image-60259
(၇) ခြေအိတ်ကို ရွေးဝတ်ပါ

ခြေထောက်က ရောင်ရမ်းနိုင်ခြေရှိရင် သွေးလှည့်ပတ်မှုမကောင်းရင် ခြေအိတ်ဝတ်တဲ့အခါ သက်သောင့်သက်သာရှိတဲ့ (Compression Stockings) ဝတ်ဆင်ပေးတာက ခြေထောက်မှာ သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။

alignnone size-medium wp-image-60260
(၈) အရေပြားမှာ အရောင်ကျလိမ်းဆေးအဆီ လိမ်းပါ

အရေပြားမှာ Helichrysum ဆိုတဲ့ အဝါရောင်ပန်းပွင့်အဆီ လိမ်းပေးရင် သွေးကျဲစေပါတယ်။

alignnone size-medium wp-image-60261
(၉) ခြေထောက်ကို နှလုံးအထက်သို့ မြှင့်ပေးပါ

ပက်လက်လှန်လှဲလျောင်းရင်း ခြေထောက်နှစ်ဖက်ကို နံရံပေါ်မြှင့်ထားပါ။ နှလုံးနဲ့ ဦးခေါင်းအထက် ခြောက်လက်မလောက် မြှင့်ထားရင် အဆင်ပြေပါတယ်။ တစ်နေ့လုံး အထိုင်များခဲ့ရင်၊ မတ်တပ်ရပ်ရတာကြာရင် ဒီလေ့ကျင့်ခန်းလုပ်တာက ခြေထောက်သာမက တစ်ကိုယ်လုံးမှာ သွေးလှည့်ပတ်စီးဆင်းမှု ကောင်းစေပါတယ်။

alignnone size-medium wp-image-60262
(၁၀) ခြေချိတ်ထိုင်ခြင်းကို ရှောင်ပါ

အချိန်ကြာကြာ ခြေချိတ်ထိုင်တာက သွေးခဲနိုင်ခြေများပါတယ်။ ထိုင်တဲ့အနေအထားကို မကြာခဏ ပြောင်းပေးပါ။ ခြေထောက်တွေပေါ် ဖိအားမများပါစေနဲ့။

Most Popular

Healthy Life Ad
To Top