Healthy Life Ad
Health Tips

ညဘက်တွင် မကြာခဏ ဆီးသွားခြင်း

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ညဘက်မှာ မကြာခဏ ဆီးသွားခြင်းဟာ အသက်ကြီးသူတွေမှာ ပိုအဖြစ်များပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အကြောင်းကတော့ သက်ကြီးအမျိုးသားတွေမှာ ဆီးကျိတ်ကြီးတာ (Benign Prostate Hyperplasia)ကြောင့် ဖြစ်ပါတယ်။ ကြီးနေတဲ့ ဆီးကျိတ်ဟာ ဆီးပြွန်ချောင်းလို့ခေါ်တဲ့ပြွန်မှာ ဖိထားခံရပြီး ဆီးအိတ်ကနေ ဆီးတွေကို အကုန်အစင် မထုတ်နိုင်အောင် တားဆီးထားပါတယ်။ ဒါကြောင့် မကြာခဏ ဆီးသွားချင်စိတ်ပေါ်ပြီး ဆီးသွားနေရတာပဲ ဖြစ်ပါတယ်။

မကြာခဏ ဆီးသွားချင်ရသည့် အခြားအကြောင်းရင်းများ

မကြာခဏ ဆီးသွားချင်စိတ်ပေါ်ရတဲ့ တခြားအကြောင်းရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

• နှလုံးရောဂါအခြေအနေနဲ့ ဆက်စပ်နေတဲ့ ခြေထောက်ရောင်ခြင်း၊

• ဆီးသွားခြင်းကို ပိုမိုဖြစ်စေတဲ့ ဆီးဆေးသောက်ခြင်း၊

• ခန္ဓာကိုယ်ရဲ့ ဇီဝနရီပြောင်းလဲခြင်း၊

• ဆီးအိတ်ရောင်တာကြောင့် ဆီးအိတ်မှာ ဝေဒနာခံစားရခြင်း၊

• ဆီးချိုသွေးချိုရောဂါရှိပြီး ရောဂါကို မထိန်းချုပ်နိုင်ခြင်း၊ (ဆီးချိုသွေးချိုရောဂါကို မထိန်းချုပ်နိုင်တာကြောင့် ဆီးထဲမှာ သကြားဓာတ်ပါလာကာ ဆီးသွားချင်စိတ် ပိုဖြစ်ပေါ်အောင် လှုံ့ဆော်ပေးပါတယ်)

ညဘက်တွင် မကြာခဏ ဆီးသွားလိုသည့် ပြဿနာကို ထိန်းချုပ်နိုင်စေရန်

ညဘက်မှာ မကြာခဏ ဆီးသွားချင်ပြီး ဆီးသွားနေရတာကြောင့် အိပ်ရေးပျက်ရတတ်ပါတယ်။ ဒါကြောင့် အဲဒီပြဿနာကို ဖြေရှင်းနိုင်အောင် အောက်ပါနည်းလမ်းတွေကို လိုက်နာပေးပါ။

• သင်ဟာ ဆီးဆေးသောက်ရသူဖြစ်ရင် မနက်ခင်းမှာပဲ ဆီးဆေးကို သောက်ပါ။

• တစ်နေ့တာသောက်သင့်တဲ့ ရေကို သောက်ပါ။ မနက်ပိုင်းမှာ ပိုသောက်ပြီး ညဘက်မှာ လျှော့သောက်ပေးပါ။

• ညဘက်မှာ လက်ဖက်ရည်၊ ကော်ဖီ၊ ဘီယာ စတဲ့ ဆီးရွှင်စေတဲ့ အရည်တွေကို လုံးဝမသောက်ပါနဲ့။

• သင့်အနေနဲ့ အရည်တွေကို ဘယ်လောက်များများသောက်တယ်၊ ဘယ်အချိန်မှာသောက်တယ် စတာတွေကို ဒိုင်ယာရီထဲမှာ ရေးမှတ်ထားပါ။ ဒါဆိုရင် ဘယ်အရာကြောင့် သင့်ကို ဆီးသွားချင်စိတ် ပိုမိုဖြစ်ပေါ်ရတယ်ဆိုတာကို သိလာပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top