Healthy Life Ad
Health Tips

အူလမ်းကြောင်းကို အနာကျက်စေမည့် နည်းလမ်းကောင်း ၁၄ သွယ်

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

(၁) ဓာတ်မတည့်ဖြစ်နိုင်ခြေများတဲ့ အစားအသောက်တွေကို ရှောင်ပါ။

(၂) ဇင့်(သွပ်)ဓာတ်၊ ကွာစီတင်ဓာတ်ပါတဲ့ အစားအသောက်တွေကို စားပေးပါ။

(၃) နေ့စဉ် အကျိုးပြုဘက်တီးရီးယားပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲပါ။

(၄) အကျိုးပြုဘက်တီးရီးယားပါတဲ့ အစားအသောက်တွေကို စားပါ။ ဥပမာ-ဒိန်ချဉ်။

(၅) အိမ်မှာချက်ပြုတ်တဲ့ စွပ်ပြုတ်သောက်ပါ။

(၆) အစာကြေအင်ဇိုင်းပါတဲ့ အားဖြည့်ဆေးမှီဝဲပါ။

(၇) အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို လုံးဝမထိတွေ့မိပါစေနဲ့။

(၈) စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ။

(၉) သကြားနဲ့ အခွံချွတ်ကာဗိုဟိုက်ဒရိတ်တွေကို လုံးဝမသုံးစွဲသင့်ပါ။

(၁၀) သဘာဝမဟုတ်ဘဲ ပြုပြင်ထားတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှဆင်ခြင်ပါ။

(၁၁) ရေများများသောက်ပါ။

(၁၂) ပဋိဇီဝဆေးတွေ၊ ဆေးဝါးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ပါဘူး။

(၁၃) အိုမီဂါ ၃ ဖက်တီးအက်စစ်များများပါတဲ့ ငါးအဆီ၊ အခွံမာအစေ့အဆန်တို့ကို များများစားပေးပါ။

(၁၄) တတ်နိုင်သမျှ သဘာဝအစားအသောက်တွေကိုပဲ လတ်လတ်ဆတ်ဆတ် စားသောက်ပါ။

Most Popular

Healthy Life Ad
To Top