Healthy Life Ad
Health Tips

အစားအစာနဲ့ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆတွေ . . .

———၊ ငွေကြယ်စင်ယံ ၊———

ကျန်းမာရေးနဲ့ညီအောင် စားချင်ပေမယ့် အစားအစာနဲ့ပတ်သက်တဲ့ အယူအဆတွေက များလွန်းတာကြောင့် ရွေးချယ်ရခက်နေပါသလား။ အတွေ့ရများတဲ့ အစားအစာနဲ့ အာဟာရဆိုင်ရာ အယူအဆတွေကို ဖော်ပြပေးလိုက်ပါတယ်။

အယူအဆ (၁) အခွံမာတဲ့ အစေ့အဆန်တွေက ဝစေနိုင်ပါတယ်။

အမှန်

အခွံမာသီးနဲ့ အစေ့အဆန်တွေမှာ ကောင်းတဲ့မပြည့်ဝဆီ ပါဝင်မှုများပြီး ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ် ကောင်းမွန်တဲ့ပမာဏ ပါဝင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တာကြောင့် အခွံမာတဲ့ အစေ့အဆန်တွေကို အသင့်အတင့် စားသင့်ပါတယ်။

အယူအဆ (၂) ကာဗိုဟိုက်ဒရိတ်က သင့်အတွက် မကောင်းပါဘူး။

အမှန်

စွမ်းအင်လိုအပ်ချက် ပြည့်မှီဖို့ လူတိုင်းကာဗိုဟိုက်ဒရိတ်ကို စားသင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ကို ကောက်နှံစာ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ နွားနို့ထဲမှာ တွေ့ရပါတယ်။ ကာဗိုဟိုက်ဒရိတ်တိုင်း ကျန်းမာရေးအတွက် မကောင်းတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်အနေနဲ့ ကိုယ်အလေးချိန် ထိန်းနိုင်ဖို့အတွက် အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တို့ကို များများစားသင့်ပြီး ကွတ်ကီးနဲ့ တခြားချိုတဲ့မုန့်တွေကို လျှော့စားသင့်ပါတယ်။

အယူအဆ(၃) အဆီမပါတဲ့အစာနဲ့ အဆီနည်းတဲ့ အစာတွေက ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်ပါတယ်။

အမှန်

အဆီကနည်းလေလေ ကောင်းလေလေဆိုတာ နို့ထွက်ပစ္စည်းနဲ့ အသားအတွက် ပိုမှန်ပါတယ်။ အဆီနည်းတဲ့ အစားအသောက်နဲ့ အဆီမပါတဲ့ အစားအသောက်တွေမှာ သကြားနဲ့ ဆိုဒီယမ်ပါဝင်မှု များတတ်ပါတယ်။ ဒါကြောင့် အာဟာရအညွှန်းကို ကြည့်ပြီးမှ စားသောက်သင့်ပါတယ်။

အယူအဆ (၄) ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံအစိမ်းတွေက ချက်ထားတဲ့ အစာတွေထက် ပိုပြီး အာဟာရတန်ဖိုး ရှိပါတယ်။

အမှန်

တချို ့ဟင်းသီးဟင်းရွက်တွေက ချက်လိုက်တဲ့အခါ အင်တီအောက်ဆီးဒင့်ပမာဏ ပါဝင်မှုပိုများတတ်သလို တချို ့ဟင်းသီးဟင်းရွက်တွေက အစိမ်းလိုက်စားမှသာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။

အယူအဆ (၅) သကြားများများစားတာက ဆီးချိုရောဂါ ဖြစ်စေနိုင်ပါတယ်။

အမှန်

သကြားများများစားတာနဲ့ ဆီးချိုရောဂါက တိုက်ရိုက်ဆက်စပ်မှု မရှိပါဘူး။ သကြားလုံး၊ ကိတ်မုန့်၊ ကွတ်ကီး အစရှိတဲ့ သကြားဖြူများများပါတဲ့ အစာတွေမှာ မကောင်းတဲ့အဆီ(ပြည့်ဝဆီ)ပါဝင်ကာ ကိုလက်စထရောအဆင့် မြင့်မားတဲ့အတွက် ဆီးချိုရောဂါ ဖြစ်စေနိုင်တဲ့အန္တရာယ် ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top