Healthy Life Ad
Health Tips

ကိုယ်အလေးချိန်ကျစေနိုင်ပြီး သင့်ကျန်းမာရေးကောင်းမွန်စေမည့် သက်တံ့ရောင်အာဟာရ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ဝချင်ဝ၊ ပိန်ချင်ပိန် ကျန်းမာဖို့လိုပါတယ်။ လေ့လာမှုတွေအရ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်နဲ့ အယ်လ်ကာလီ ဂုဏ်သတ္တိတွေက ကင်ဆာအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။ ဘယ်အရောင်ရှိတဲ့ အာဟာရက သင့်ကျန်းမာရေးကို ဘယ်လိုသက်ရောက်နေသလဲဆိုတာ လေ့လာကြည့်ရအောင်။

alignnone size-medium wp-image-58247
(၁) အနီရောင်

အနီရောင်အစာတွေက စတော်ဘယ်ရီ၊ ဖရဲသီး၊ ဂရိတ်ဖရုပန်းရောင်၊ ဥနီ၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး စတာတွေ ဖြစ်ပါတယ်။ အနီရောင်အာဟာရမှာပါတဲ့ အစွမ်းထက်အင်တီအောက်ဆီးဒင့်တွေက ရောင်ရမ်းမှုကျစေတဲ့အတွက် နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နှုန်း လျော့ကျစေပါတယ်။ ဖရဲသီး၊ ဂရိတ်ဖရုနဲ့ ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကိုပင်းဓာတ်တွေက ဆီးကျိတ်ကင်ဆာကို တွန်းလှန်ပေးပါတယ်။ ဥနီ (Beetroot)မှာပါတဲ့ ဘီတာဆိုင်စင်မှာ အစွမ်းထက်ကင်ဆာဟန့်တားတဲ့ အာနိသင်ရှိပါတယ်။


(၂) အဝါရောင်နှင့် လိမ္မော်ရောင်

အဝါရောင်နဲ့ လိမ္မော်ရောင်အစာတွေက သံပရိုသီး၊ မုန်လာဥနီ၊ မက်မွန်သီး၊ အဝါရောင်ပန်းသီး၊ ပြောင်းဖူး၊ နာနတ်သီး စတာတွေပါ။ ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင်စီပါတဲ့အတွက် အရေပြားနဲ့ အမြှေးပါးတွေကို ကာကွယ်ပေးပါတယ်။ ဘီတာကယ်ရိုတင်းက ကင်ဆာ၊ နှလုံးရောဂါ၊ မျက်စိအတွင်းတိမ်၊ အဆစ်ရောင်ခြင်းနဲ့ သွေးကြောထိခိုက်မှုအန္တရာယ်ကို လျော့ကျစေပါတယ်။ လူတင်က အဝါရောင်နဲ့ လိမ္မော်ရောင်အစာထဲမှာပါပြီး မျက်စိကျန်းမာစေကာ ဦးနှောက်လုပ်ငန်းဆောင်တာကို အားပေးပါတယ်။ ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။


(၃) အဖြူရောင်

အဖြူရောင်အစာတွေက ပန်းဂေါ်ဖီပွင့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥဖြူတို့ ဖြစ်ကြပါတယ်။ ဇန်သုန်းပါတဲ့ အဖြူရောင်အစာတွေမှာ အင်တီအောက်ဆီးဒင့်၊ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းတို့ ပါဝင်ပါတယ်။ နှလုံးရောဂါကာကွယ်ပြီး ကိုယ်ခံအားစနစ်ကို မြင့်တက်စေပါတယ်။ ကြက်သွန်နီက အကျိုးပြုဘက်တီးရီးယားပါတဲ့ အစာပါ။ ကြက်သွန်ဖြူမှာ အယ်လီစင်ပါတာကြောင့် သွေးတွင်းသကြားဓာတ် လျော့ကျစေပြီး နှလုံးသွေးကြောရောဂါကို ကာကွယ်ပေးပါတယ်။ မုန်လာဥဖြူက ဆီးသွားစေပါတယ်။


(၄) အစိမ်းရောင်

အစိမ်းရောင်အစာတွေမှာပါတဲ့ ကလိုရိုဖီးလ်က ကင်ဆာကာကွယ်ပြီး အသည်းအဆိပ်ဖြေကာ ကိုယ်အလေးချိန်ထိန်းပေးပါတယ်။ အရေပြားကို ဗိုင်းရပ်စ်ပိုးကနေ ကာကွယ်ပေးပါတယ်။ အစိမ်းရောင်အစာတွေမှာ ဆာလဖာပါတဲ့အတွက် ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေ ကင်းစင်စေပြီး ကင်ဆာကို ကာကွယ်ကာ မက်ကူလာယိုယွင်းမှုမဖြစ်အောင် ဟန့်တားပေးပါတယ်။ အစိမ်းရောင်အစာတွေမှာ ပိုတက်စီယမ်လည်း ပါတဲ့အတွက် နှလုံးကျန်းမာစေပါတယ်။

alignnone size-medium wp-image-58252
(၅) အပြာရောင်နှင့် ခရမ်းရောင်

အပြာရောင်နဲ့ ခရမ်းရောင်အစာတွေက ခရမ်းရောင်ဂေါ်ဖီ၊ ခရမ်းသီး၊ ဘလူးဘယ်ရီသီး၊ ဇီးသီး၊ စပျစ်သီး စတာတွေပါ။ ကင်ဆာဖြစ်နှုန်းလျော့ကျပြီး ဆီးလမ်းကြောင်းကို ကျန်းမာစေပါတယ်။ အပြာနဲ့ ခရမ်းရောင်အစာထဲမှာပါတဲ့ အန်သိုဆိုင်ယာနင်က ဆဲလ်ထိခိုက်မှုကို တွန်းလှန်ပြီး နှလုံးကျန်းမာစေပါတယ်။ သွေးတွင်းကိုလက်စထရောကျစေပြီး အဝလွန်ခြင်းကို တွန်းလှန်ပေးပါတယ်။ တွေးခေါ်မြော်မြင်နိုင်စွမ်း တိုးတက်စေပါတယ်။

တစ်နေ့ ငါးရောင် ငါးခွက် စားသင့်

အာဟာရပြည့်ဖို့နဲ့ ကျန်းမာဖို့ရာအတွက် အနီ၊ အဝါ၊ လိမ္မော်၊ အဖြူ၊ အစိမ်း၊ အပြာနဲ့ ခရမ်းရောင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို တစ်နေ့ငါးခွက် စားပေးသင့်ပါတယ်။ ဒီသက်တံ့ရောင်အာဟာရကို နေ့စဉ်စားတာကြောင့် ရောဂါတွေကို ကာကွယ်ပေးရုံမျှမက ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးပါတယ်။

Most Popular

Healthy Life Ad
To Top