Healthy Life Ad
Health Tips

ဗိုက်ထဲက အသံမြည်နေတာကို ရပ်အောင် ဘယ်လိုလုပ်ရမလဲ . . .

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

တိတ်ဆိတ်နေတဲ့အခန်းထဲမှာ၊ အစည်းအဝေးခန်းထဲမှာ၊ လူတွေရှေ့ Presentation ပေးနေတုန်းမှာ၊ သူငယ်ချင်းတွေနဲ့ အတူစုပြီး ထိုင်နေတုန်းမှာ ဗိုက်ထဲက ဂွီဂွီဂွမ်ဂွမ်အသံတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေပါသလား။ ဗိုက်ထဲမှာ အသံတွေ တဂွီဂွီမြည်တာက ဗိုက်ဆာတာ၊ အစာခြေဖျက်နှုန်းနှေးတာ၊ အစာမကြေလွယ်တဲ့ တချို့အစာတွေကို စားမိတာ၊ အစာမကြေ လေထတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး ဗိုက်ထဲမှာ အသံတွေ တဂွီဂွီတဂွမ်ဂွမ် မမြည်စေဖို့ ဘာတွေလုပ်ပေးသင့်သလဲဆိုတာ လေ့လာကြည့်ရအောင်။

(၁) ထမင်းစားပြီးနောက် လမ်းလျှောက်ပေးပါ

နေ့လယ်စာစားပြီး၊ ဒါမှမဟုတ် ညစာစားပြီးချိန်မှာ ခဏလောက် လမ်းလျှောက်ပေးပါ။ အချိန် ၁၅ မိနစ်လောက် လှုပ်ရှားမှုလုပ်ရုံနဲ့ အစာကြေဖို့ လုံလောက်သွားပါတယ်။ လမ်းလျှောက်တဲ့အခါ အစာကြေစနစ်ကို လှုံ့ဆော်တဲ့အတွက် ထမင်းစားပြီးချိန် လမ်းလျှောက်လိုက်ရင် မအီမသာမဖြစ်တော့ဘဲ နေလို့ကောင်းစေပါတယ်။

alignnone size-medium wp-image-58219
(၂) ရေများများသောက်ပါ

ရေက အစာကြေညက်တဲ့ ဖြစ်စဉ်ကို ကူညီပေးပါတယ်။ ဒါကြောင့် ထမင်းစားနေစဉ်၊ ဒါမှမဟုတ် စားပြီးချိန်မှာ ရေသောက်နိုင်ပါတယ်။ ဒါပေမဲ့ ရေကို တစ်ကြိမ်တည်းနဲ့ အများကြီး မသောက်သင့်ပါဘူး။ ရေအများကြီးသောက်တာကလည်း ဗိုက်ထဲက တဂွီဂွီအသံကို အားပေးတတ်ပါတယ်။

alignnone size-medium wp-image-58220
(၃) ဆေးဖက်ဝင်ရေနွေးကြမ်းသောက်ပါ

ပူဒီနာ(ပူစီနံ)၊ ချင်း(ဂျင်း) စတာတွေပါတဲ့ ဆေးဖက်ဝင်ရေနွေးကြမ်းက အစာကြေညက်စေပြီး အူလမ်းကြောင်း ကြွက်သားတွေကို ပြေလျော့စေပါတယ်။ ချင်း (ဂျင်း)က လေပွတာကို လျော့ကျစေပြီး ပူစီနံက အစာအိမ်အူလမ်းကြောင်း မအီမသာဖြစ်တာတွေကို သက်သာစေပါတယ်။ ထမင်းစားပြီးချိန်မှာ သောက်နိုင်ပါတယ်။

alignnone size-medium wp-image-58221
(၄) အစာကိုဖြည်းဖြည်းချင်းစားပြီး သေချာကြေညက်အောင် ဝါးစားပေးပါ

အစာစားတဲ့အခါ မြန်မြန်စားရင် လေအများကြီး မျိုချမိစေပါတယ်။ ဗိုက်ထဲခပ်လောလောရောက်သွားတဲ့ အစာအများကြီးကလည်း တဂွီဂွီတဂွမ်ဂွမ် ဆူညံသံမျိုးစုံ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစာကို ဖြည်းဖြည်းချင်း စားပေးတဲ့နည်းနဲ့ လေတွေမဝင်အောင် ဂရုစိုက်ပေးပါ။

alignnone size-medium wp-image-58222
(၅) လေထစေတဲ့ အစားအသောက်တွေကို စားမိနေသလားဆိုတာ ဆန်းစစ်ပါ

ပဲ၊ ပဲစိမ်း၊ ပြောင်းဖူး၊ ခေါက်ဆွဲ၊ အာလူး၊ ပန်းဂေါ်ဖီစိမ်း၊ ပဲသီး၊ ဂေါ်ဖီထုပ် စတဲ့ လေထစေတဲ့ အစာတွေကို တပြိုင်တည်း ၃-၄ မျိုးထည့်စားတာကို ဆင်ခြင်သင့်ပါတယ်။ စားတဲ့အခါ ပမာဏလျှော့ပြီး နည်းနည်းနဲ့ ခဏခဏ စားပေးတာမျိုး လုပ်သင့်ပါတယ်။

alignnone size-medium wp-image-58223
(၆) သကြားနဲ့ အဆီအအိမ့်ကဲတဲ့ အစာတွေကို လျှော့စားပါ

သကြားပမာဏများများကို ချေဖျက်ဖို့ ကြိုးစားတဲ့အခါ အူကနေ လေအများကြီး ထွက်စေနိုင်ပါတယ်။ အလားတူ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ ဆီကြော်စာတို့လို ပြည့်ဝဆီများတဲ့ အစာတွေစားတာကလည်း လေပွစေနိုင်ပါတယ်။

alignnone size-medium wp-image-58218
(၇) ကြက်သွန်ဖြူစားပေးပါ

ကြက်သွန်ဖြူမှာပါတဲ့ အယ်လီစင်ဓာတ်က အစာအိမ်ရောင်တဲ့သူတွေကို သက်သာစေသလို လေချဉ်တက်တာ၊ ဗိုက်ထဲက အသံတွေမြည်တာတို့ကို လျော့ကျစေပါတယ်။ အယ်လီစင်ဓာတ်က အစာအိမ်ရောင်ရမ်းမှုကို သက်သာစေလို့ပါပဲ။ မနက်ခင်းမှာ ကြက်သွန်ဖြူတမြွှာလောက်စားပေးရင် အစာကြေညက်ဖို့ ကူညီပါတယ်။

alignnone size-medium wp-image-58225
(၈) အစာကြေညက်လွယ်စေမယ့် အစာတွေကို ပုံမှန်စားပေးပါ

ဒိန်ချဉ်၊ ချင်း(ဂျင်း)၊ ဆယ်လ်မွန်ငါး၊ ကြက်ရိုးစွပ်ပြုတ် စတာတွေလို အစာကြေညက်လွယ်စေမယ့် အစာတွေကို ပုံမှန်စားပေးသင့်ပါတယ်။

alignnone size-medium wp-image-58224
(၉) သရေစာကို နည်းနည်းချင်း စားပေးပါ

ဗိုက်ဆာရင်လည်း တဂွီဂွီအသံမြည်တတ်တဲ့အတွက် သစ်သီးစိတ်၊ အစိမ်းလိုက်စားနိုင်တဲ့ ဟင်းသီးဟင်းရွက်လေးတွေ (ဥပမာ-မုန်လာဥနီ၊ သခွားသီး)၊ အခွံမာအစေ့အဆန်တို့ကို နည်းနည်းချင်းစီ စားပေးသင့်ပါတယ်။

alignnone size-medium wp-image-58226
(၁၀) လေ့ကျင့်ခန်းကို တိုးပြီးလုပ်ဆောင်ပါ

ဒီနေ့ခေတ်မှာ အလုပ်ကိစ္စ၊ ကျောင်းစာသင်ခြင်း စတာတွေနဲ့ အထိုင်များနေကြတာ ထုံးစံလိုလိုပါပဲ။ ဒီလိုအထိုင်များတာက ဗိုက်ထဲတဂွီဂွီမြည်ခြင်း အပါအဝင် အစာအိမ်ပြဿနာမျိုးစုံ ဖြစ်စေနိုင်ပါတယ်။ ခပ်သွက်သွက်ပြေးခြင်း၊ ယောဂကျင့်ခြင်း ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ လေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ်မဖြစ်မနေ လုပ်ဆောင်ပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top