Healthy Life Ad
Health Tips

ငှက်ပျောရွက်၏ အနာကျက်စေသော အစွမ်း

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ရှေးကတည်းက ငှက်ပျောရွက်လေးကို ရေစင်အောင်ဆေးပြီး အစားအစာတွေကို ထုပ်စားတဲ့ အကျင့်ရှိခဲ့တာပါ။ အဲဒီလို ငှက်ပျောရွက်နဲ့ ထုပ်ထားတဲ့ အစာကစားပြီး အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ရုံပါပဲ။ ပလပ်စတစ်လိုမျိုး သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေပါဘူး။ ပိုတက်ဆီယမ်ပါဝင်မှု များပြားတဲ့ ငှက်ပျောသီးရဲ့ ကောင်းကျိုးကိုလည်း သင်သိပြီးဖြစ်မှာပါ။ ဒီတစ်ခါမှာတော့ ငှက်ပျောရွက်ရဲ့ အသုံးဝင်ပုံတွေကို မျှဝေပေးသွားပါမယ်။

ဗိုက်အောင့်ခြင်းအတွက်

ငှက်ပျောရွက်နုနုကို ယူပြီး ရေဆေးကာ ဗိုက်ပေါ်ကပ်ထားပေးပါ။

ငှက်ပျောသီးကသာ သင့်ကျန်းမာရေးကို ကောင်းစေတာမဟုတ်ဘဲ ငှက်ပျောရွက်ကလည်း သင့်ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုတွေ သက်သာစေပါတယ်။

အရေပြားဝေဒနာများအတွက်

အရေပြားယားယံတာ၊ ဗောက်ထလို့ ဦးရေပြားမှာ အဖက်အဖက်တွေ လန်နေတာ၊ နေလောင်ဒဏ်ကြောင့် နာကျင်နေတာတို့ဖြစ်ရင် ငှက်ပျောရွက်က အကောင်းဆုံး ကုသမှုပါပဲ။ ငှက်ပျောရွက်ကို မွှေစက်ထဲထည့်မွှေပြီး နေလောင်တဲ့ အရေပြား၊ ယားယံတဲ့ အရေပြားပေါ် သုတ်လိမ်းပေးပါ။ နောက်တစ်နည်းက ငှက်ပျောရွက်ကို ရေအေးထဲဆွတ်ပြီး အေးမြသွားချိန်မှာ အရေပြားပေါ်အုပ်ပေးပါ။ နေလောင်ဒဏ်ရာရရင် ပိုပြီးထိရောက် အသုံးဝင်ပါတယ်။

ဒဏ်ရာအနာများအတွက်

ငှက်ပျောရွက်မှာ အလန်တွိုင်းဓာတ် ပါဝင်တာကြောင့် အနာတွေကို မြန်မြန်ကျက်စေပြီး ပိုးမွှားတွေကို သေစေနိုင်ပါတယ်၊ အရေပြားဆဲလ်တွေကို မြန်မြန်ကြီးထွားအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

အင်းဆက်ပိုးမွှား အကိုက်ခံရခြင်းအတွက်

ပျား၊ ပင့်ကူတို့လို အင်းဆက်အကိုက်ခံရတာကြောင့် မသက်မသာ ဝေဒနာရရင် ဒါမှမဟုတ် အရေပြားနီမြန်းနေရင် ငှက်ပျောရွက်က အသုံးဝင်ပါတယ်။ ငှက်ပျောရွက်ကို ရေအေးထဲဆွတ်ပြီး အေးမြသွားချိန်မှာ အင်းဆက်အကိုက်ခံရတဲ့ အရေပြားပေါ်အုပ်ပေးပါ။

အဖျားကြီးခြင်းအတွက်

ဖျားလို့ မသက်မသာ ခံစားနေရတဲ့အခါ ငှက်ပျောရွက်နုနုကို ရေစင်အောင်ဆေး၊ အုန်းဆီဆွတ်ပြီး နဖူး ဒါမှမဟုတ် လည်ကုပ်ပေါ်တင်ထားပေးရပါမယ်။

Most Popular

Healthy Life Ad
To Top