Healthy Life Ad
Health Tips

ဆီးကျောက်ပျော်စေမည့် သစ်သီးဖျော်ရည်

———၊ ငွေကြယ်စင်ယံ ၊———

လူ ၁၀ ဦးမှာ တစ်ဦးနှုန်းက ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို ဆီးကျောက်တည်နိုင်တယ်လို့ သိရပါတယ်။ ဆီးကျောက်တည်တဲ့အခါ အထိရောက်ဆုံးနည်းက ရေများများ သောက်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဆီးကျောက်ပျော်စေဖို့ အောက်ပါ သစ်သီးဖျော်ရည် သောက်သုံးသင့်ပါတယ်။

သစ်သီးဖျော်ရည်တွင်ပါသည့် ပါဝင်ပစ္စည်းများ

သံပရိုသီးတစ်လုံး၊ လိမ္မော်သီးတစ်လုံး၊ ပန်းသီးတစ်လုံး၊ ဖရဲသီးလေးစိတ်၊ ရေခဲတုံးလေးတုံး

ပြုလုပ်နည်း

(၁) လိမ္မော်သီးနဲ့ ပန်းသီးကို အစိတ်သေးတွေကိုလှီးပြီး မွှေစက်ထဲထည့်ပါ။

(၂) ဖရဲသီးစိတ်ကို ထည့်ဖို့လည်း မမေ့ပါနဲ့။ လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ သံပရိုသီးစိတ်ကို ညှစ်ထည့်ပါ။ ရေခဲတုံးထည့်ပြီး မွှေလိုက်ပါ။

တစ်နေ့မှာ တစ်ခွက်-နှစ်ခွက်လောက် သောက်ပေးနိုင်ပါတယ်။ သံပရိုသီး၊ လိမ္မော်သီးနဲ့ ပန်းသီးမှာပါတဲ့ စစ်ထရစ်အက်စစ်က ဆီးကျောက်ပျော်စေတဲ့ အစွမ်းရှိပါတယ်။ ဖရဲသီးမှာပါတဲ့ ရေဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်က ဆီးကျောက်ပျော်စေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top