Healthy Life Ad
Q & A

အသက် ၂၀ ကျော်အရွယ် သွေးတိုးနေရင် . . .

—၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ကျွန်တော့်အသက် ၂၆ နှစ်ပါ။ သွေးတိုးနေလို့ပါ။ ဒီအရွယ်နဲ့ သွေးတိုးတာက ဘာကြောင့်ဖြစ်ရပါသလဲ။ ဘယ်လိုဆင်ခြင် နေထိုင်သင့်ပါသလဲ။
ကိုလင်း၊ တာမွေ။

A. အသက် ၄၀ ကျော်လို့ ဖြစ်တာဆိုရင်တော့ ဒါက မျိုးရိုးလိုက်လို့ ဖြစ်တာပါ။ အသက် ၂၆ နှစ်မှာ သွေးတိုးနေတဲ့အတွက်ကြောင့် မျိုးရိုးကြောင့်လည်း ဖြစ်နိုင်သလို တခြားအကြောင်းတစ်စုံတစ်ရာကြောင့် သွေးတိုးတာလည်း ဖြစ်စေနိုင်ပါတယ်။ တခြားအကြောင်းကြောင့် သွေးတိုးတာကို ဘယ်လိုသတ်မှတ်လဲဆိုရင် အသက်ငယ်မယ်၊ သွေးဖိအားအရမ်းများမယ်၊ ကုဖို့အရမ်းခက်တယ်၊ ဆေးသုံး-လေးမျိုးပေးတာကို သွေးတိုးမကျဘူးဆိုရင်တော့ နောက်ထပ်သက်ဆိုင်ရာ သမားတော်ကြီးတွေနဲ့ ပြပြီးတော့ နောက်ဆက်တွဲ သွေးတိုးရောဂါကို ဖြစ်စေနိုင်တဲ့ တခြားအကြောင်းရင်းကို ရှာပေးဖို့လိုပါတယ်။ တွေ့သွားလို့ အဲဒီရောဂါကို ကုသလိုက်ရင် တစ်သက်လုံး သွေးတိုးရောဂါ မဖြစ်စေနိုင်တော့ပါဘူး။ အခြေခံရောဂါကို ရှာလို့မတွေ့ဘူးဆိုရင်တော့ မျိုးရိုးလိုက်တာဖြစ်သွားပါပြီ။ မျိုးရိုးလိုက်တာဆိုရင်တော့ သွေးတိုးရောဂါက ပျောက်တယ်ဆိုတာ မရှိတော့ပါဘူး။ အစဉ်အမြဲ အစားအသောက်၊ အနေအထိုင်ကို သတိထားဆင်ခြင်ရပါမယ်။ ဒီလိုဆိုရင် ပကတိလူကောင်းပမာ သက်တမ်းစေ့ နေထိုင်နိုင်ပါတယ်။

သွေးတိုးရောဂါ ကာကွယ်နည်းများ

အငန်လျှော့စားရမယ်။ ဟင်းထဲပါတဲ့ အငန်အပြင် ငပိ၊ ငါးခြောက်တွေ သပ်သပ်ထပ်စားတာကို သတိထားရှောင်ရပါမယ်။

ငပိ၊ ငါးခြောက်၊ ငံပြာရည်တို့အပြင် ဆိုဒီယမ်ပါတဲ့ အချိုမှုန့်တွေပါ လျှော့စားပေးဖို့ လိုပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ များများစားပေးရပါမယ်။ အရည်ရွှမ်းတဲ့ အသီးအနှံတွေ များများစားရင် သွေးတိုးကို ကာကွယ်လို့ရပါတယ်။

နောက်တစ်ခုကတော့ တစ်နေ့နာရီဝက်လောက် လမ်းလျှောက်ရင် သွေးတိုးကျပါတယ်။

စိတ်ဖိစီးမှုကို လျှော့ချပြီး အရက်ကိုလည်း မသောက်ဘဲနေရင် ကာကွယ်လို့ရပါတယ်။ အဝမလွန်အောင်လည်း သတိထားရပါမယ်။

Most Popular

Healthy Life Ad
To Top