Healthy Life Ad
Health Tips

လက်သည်းတွင်း ပြည်တည်နေလျှင်

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

လက်သည်းမှာ ထိခိုက်ဒဏ်ရာ တစ်ခုခုရတာကြောင့် ပြည်ဝင်နေတဲ့ အခြေအနေဖြစ်ခဲ့ရင် အလွယ်နည်းနဲ့ ကုနိုင်မယ့် နည်းလေးတွေ ရှိပါတယ်။

သဘာဝဆေး(၁) သံပရာရည်

ထိခိုက်ထားတဲ့ လက်သည်းတွင်းနဲ့ လက်သည်းတဝိုက်မှာ လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ သံပရာရည်ကို သုတ်လိမ်းပေးပါ။ သံပရာရည်မှာ ပိုးသတ်အစွမ်းရှိတာကြောင့် ကူးစက်ပိုးဝင်တာကို ကင်းစင်စေပါတယ်။ လက်သည်းတွင်းပြည်တွေက ပေါက်နေရင် စပ်ဖျဉ်းဖျဉ်းဖြစ်နိုင်ပါတယ်။

သဘာဝဆေး(၂) ရှလကာရည်

သံပရာရည်လိုပဲ ရှလကာရည်ကလည်း ကူးစက်ပိုးဝင်တာကို ထိန်းချုပ်ရာမှာ အလွန်ထိရောက်မှု ရှိပါတယ်။ ရှလကာရည်တစ်ဆ၊ ရေနှစ်ဆရောမွှေပြီး လက်သည်းတစ်ဝိုက်နဲ့ လက်သည်းကြားထဲဝင်အောင် စိမ်ပါ။ ၁၅ မိနစ်ကြာ ထားပေးရပါမယ်။ တစ်နေ့သုံးကြိမ်လောက် လုပ်ပေးပါ။

သဘာဝဆေး(၃) ဒိန်ချဉ်

ဒိန်ချဉ်မှာပါတဲ့ ကောင်းတဲ့ဘက်တီးရီးယားပိုးကလည်း လက်သည်းကြားထဲက မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။ သကြားမပါတဲ့ ဒိန်ချဉ်လိမ်းပေးပါ။

သဘာဝဆေး(၄) ရှားစောင်းလက်ပပ်အနှစ်

လက်သည်းအောက်မှာ ပြည်တည်နေရင် ရှားစောင်းလက်ပပ်အနှစ်ကို ပုံမှန်လိမ်းပေးပါ။ ရှားစောင်းလက်ပပ်အနှစ်ကို လိမ်းပေးတာကြောင့် မြန်မြန်အနာကျက်စေနိုင်ပါတယ်။

သဘာဝဆေး(၅) လက်ဖက်ဆီ

လက်ဖက်ဆီ (tea tree oil) ကလည်း လက်သည်းတွင်းပိုးဝင်တာကို သက်သာစေပါတယ်။ လက်ဖက်ဆီကို ရေနဲ့ရောမွှေပြီး အဲဒီရေထဲမှာ လက်သည်းတွေကို အချိန် ၁၅ မိနစ်ကြာ စိမ်ပေးပါ။

သဘာဝဆေး(၆) လက်သည်းကို ကာကွယ်ပါ

လက်သည်းတွင်း ပြည်တည်နေချိန်မှာ အိမ်အလုပ်တွေလုပ်တဲ့အခါ လက်အိတ်စွပ်ပြီး လုပ်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top