Healthy Life Ad
Health Tips

သွေးတိုးနေသလား

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

သွေးတိုးတာကို ကုသမှုမခံယူဘဲနေရင် နောက်ဆက်တွဲအနေနဲ့ လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေဖြစ်ပြီး အန္တရာယ်ရှိနိုင်ပါတယ်။ လူအများစုက သွေးတိုးတာကို ပုံမှန်အဆင့်အထိ လျှော့ချနိုင်ဖို့ ဆေးဝါးတွေကို သုံးလေ့ရှိပါတယ်။ ဆေးဝါးတွေမှီဝဲတဲ့အခါ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့အညီ မှီဝဲသင့်တာကြောင့် ဆရာဝန်နဲ့ မပြဖြစ်ချိန်မှာ သဘာဝအိမ်တွင်းနည်းလမ်းတွေကို လိုက်နာကြည့်သင့်ပါတယ်။

သဘာဝဆေး (၁) ဖရဲသီးစားခြင်း

ဖရဲသီးကို နွေရာသီမှာ စိတ်ကိုလန်းဆန်းစေတဲ့ သစ်သီးလို့ဆိုကြပါတယ်။ ဖရဲသီးမှာပါတဲ့ စီထရူလင်းဓာတ်က ခန္ဓာကိုယ်က စုပ်ယူပြီးချိန်မှာ အယ်လ်- အာဂျင်နင်းဓာတ်အဖြစ် ကူးပြောင်းသွားတာကြောင့် သွေးတိုးကိုကျစေနိုင်ပါတယ်။

သဘာဝဆေး (၂) ချင်း(ဂျင်း) ရေနွေးကြမ်းသောက်ခြင်း

ချင်း(ဂျင်း)က သွေးတိုးကျစေတဲ့ အစွမ်းရှိပြီး လူ့ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်မှုကို ကောင်းစေပါတယ်။ ချင်း (ဂျင်း)ရေနွေးကြမ်းကို သောက်ပေးတာ၊ ထမင်းစားတဲ့အခါ ချင်း(ဂျင်း)ပါတဲ့ ဟင်းလျာစားတာတို့ကို လုပ်ဆောင်ပါ။ ချင်းရေနွေးကြမ်းထဲ သစ်ကြံပိုးခေါက်မှုန့်အနည်းငယ်နဲ့ ပျားရည်နည်းနည်း ထည့်သောက်ပေးပါ။

သဘာဝဆေး (၃) ကြက်သွန်နီစားခြင်း

ကြက်သွန်နီလှီးချိန်မှာ မျက်ရည်တစ်စက်-နှစ်စက်တော့ ကျနိုင်ပါတယ်။ ဒါပေမဲ့ သွေးပေါင်ကျစေတဲ့ အစွမ်းလည်း ရှိပါသတဲ့။ ကြက်သွန်နီမှာပါတဲ့ ကွာစီတင်က သွေးပေါင်ကျစေပြီး ရင်ဘတ်အောင့်တာနဲ့ နှလုံးရောဂါ အမောဖောက်တာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

သဘာဝဆေး (၄) သစ်ကြံပိုးခေါက်သုံးခြင်း

သစ်ကြံပိုးခေါက်အမှုန့်က သွေးတိုးကျစေတဲ့အပြင် ဆီးချိုရောဂါရှိသူတွေအတွက် သွေးတွင်းဂလူးကို့စ်ကိုလည်း ကျစေပါတယ်။ ရေနွေးပူပူထဲမှာ သစ်ကြံပိုးခေါက်အမှုန့် ထည့်ခတ်ပြီး သောက်ပေးနိုင်ပါတယ်။

သဘာဝဆေး (၅) ဥနီဖျော်ရည်
(Beetroot juice) သောက်ခြင်း

ဥနီဖျော်ရည်သောက်တာက သွေးတိုးကျစေနိုင်ပါတယ်။ ဥနီဖျော်ရည်မှာ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်တို့ ပါတဲ့အပြင် နိုက်ထရိတ်ပါတာကြောင့် ခန္ဓာကိုယ်ထဲမှာ နိုက်ထရစ်အောက်ဆိုက်အဖြစ် ပြောင်းလဲပြီး သွေးတိုးကျစေတာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top