Healthy Life Ad
Health Tips

၁၀ မိနစ်အတွင်း သွေးတိုးကျစေမည့် သဘာဝနည်း ၈ သွယ်

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

အလွန်အမင်း ခေါင်းကိုက်တာ၊ နုံးချည့်တာ၊ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းမြန်တာနဲ့ ရင်ဘတ်အောင့်တာတွေ ခံစားရရင် သွေးတိုးတာကို ခံစားရနိုင်ပါတယ်။ ဒီအခြေအနေတွေက စိတ်ဖိစီးမှုများတာ၊ အိပ်ရေးပျက်တာ၊ အဝလွန်တာ ဒါမှမဟုတ် အခြေခံရောဂါဝေဒနာတွေကြောင့် ဖြစ်နိုင်ပြီး ကျန်းမာတဲ့လူတွေက ဒီလိုဝေဒနာတွေကို မကြာခဏ ခံစားရနိုင်ပါတယ်။ ကံကောင်းစွာနဲ့ ဒီရိုးစင်းတဲ့ နည်းလမ်းတွေက သွေးကြောတွေကို အပန်းပြေစေပြီး ကြွက်သားတင်းရင်းမှုကို ပြေလျော့စေပါတယ်။

alignnone size-medium wp-image-56951
(၁) နားရွက်နှင့် လည်ပင်းကို နှိပ်နယ်ပါ

ဦးခေါင်းနဲ့ လည်ပင်းမှာ ဖော်ပြထားတဲ့ အမှတ်သုံးခုက သွေးတိုးကျအောင် ကူညီနိုင်တဲ့ နေရာတွေပါ။ နားရွက်အောက်က ပထမဆုံးအမှတ်ကိုရှာပြီး ဒုတိယအမှတ်နေရာအထိ တောက်လျှောက် ဆွဲဖိနှိပ်ပေးပါ။ လက်ချောင်းတွေကိုသုံးပြီး ညင်သာတဲ့ လှုပ်ရှားမှုနဲ့ လည်ပင်းကို အသာအယာနှိပ်ပေးပါ။ လည်ပင်းနှစ်ဖက်စလုံးမှာ ၁၀ ကြိမ်စီ ထပ်ခါထပ်ခါ ပြုလုပ်ပေးရပါမယ်။ ပါးပြင်ပေါ်မှာရှိတဲ့ တတိယအမှတ်နေရာက နားရွက်နဲ့ စင်တီမီတာတစ်ဝက်လောက် ဝေးပါတယ်။ အဲဒီနေရာကို လက်ချောင်းထိပ်နဲ့ အချိန်တစ်မိနစ်လောက်ပေးပြီး နှိပ်ပေးပါ။ နာရီလက်တံ ပြောင်းပြန်အတိုင်း နှိပ်ပေးရင် လည်ပင်းကြွက်သားရှိ တင်းအားကို ပြေလျော့စေကာ ဦးနှောက်ဆီ သွေးစီးဆင်းမှု ကောင်းစေပါတယ်။

alignnone size-medium wp-image-56952
(၂) ဖိနှိပ်ကုထုံးသုံးပါ

ဦးခေါင်းအခြေ ညာဘက်အခြမ်းနေရာကို လက်နှစ်ဖက်လုံးနဲ့ တပြိုင်တည်း အချိန်တစ်မိနစ်-နှစ်မိနစ်ပေးပြီး ဖိနှိပ်ပေးတာကြောင့် ခေါင်းကိုက်ဝေဒနာကို မြန်မြန်သက်သာစေပါတယ်။

alignnone size-medium wp-image-56953
(၃) ဘယ်ဘက်နှာခေါင်းဖြင့် အသက်ရှူတတ်ရန် ကျင့်ပါ

ဘယ်ဘက်နှာခေါင်းနဲ့ ရှိုက်ပြီး ဝမ်းဗိုက်ထဲ လေရှူသွင်းတာက သွေးကြောကို အနားရစေခြင်း၊ စိတ်ဖိစီးမှုဟော်မုန်း လျော့ကျစေခြင်းတို့ဖြစ်ပြီး သွေးတိုးကျစေပါတယ်။

ဘယ်လိုလုပ်ရမလဲ

နောက်ကျောကို ဖြောင့်ဖြောင့်ထားပြီး ထိုင်ခုံ ဒါမှမဟုတ် ကြမ်းပြင်ပေါ်မှာ သက်သောင့်သက်သာ အနေအထားမျိုးနဲ့ ထိုင်ပါ။

ဘယ်ဘက်လက်ကို ဝမ်းဗိုက်ပေါ် တင်ထားပါ။

ညာဘက်နှာခေါင်းကို ညာဘက်လက်မနဲ့ ပိတ်ထားပါ။

ဘယ်ဘက်နှာခေါင်းကနေ အသက်ပြင်းပြင်း ရှူသွင်းပြီး စက္ကန့်အနည်းငယ်ကြာ ထိန်းထားကာ အသက်ရှူထုတ်လိုက်ပါ။

ဖြည်းဖြည်းချင်း အသက်ရှူသွင်းပြီး ဘယ်ဘက်နှာခေါင်းကနေ အသက်ရှူထုတ်ပေးရပါမယ်။

alignnone size-medium wp-image-56954
(၄) နားရွက်အရိုးနုဖိပြီး အသက်ရှူသွင်းပါ

ဒီနည်းက သွေးတိုးတာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာနဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဘယ်လိုလုပ်ရမလဲ

ကြမ်းပြင်ပေါ်မှာ ကျောပြင်ကို မတ်မတ်ထားပြီး သက်သောင့်သက်သာ အနေအထားမျိုးနဲ့ ထိုင်ပါ။

လက်ညှိုးတွေနဲ့ နားရွက်နှစ်ဖက်ရှိ အရိုးနုတွေပေါ်တင်ပါ။

အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါ။

အသက်ရှူထုတ်ချိန်မှာ ပျားတစ်ကောင်လို အသံမြည်ပြီး ထုတ်ပါ။ နားရွက်အရိုးနုပေါ် ညင်ညင်သာသာပဲ ဖိတင်ထားရပါမယ်။

ဒီလေ့ကျင့်ခန်းကို ၇-၁၀ ကြိမ် ထပ်ခါထပ်ခါ ပြုလုပ်ပေးပါ။

alignnone size-medium wp-image-56955
(၅) ဂန္ထဝင်တေးဂီတ နားဆင်ပါ

ဂန္ထဝင်တေးဂီတ နားဆင်တာက အထူးသဖြင့် အသက်ရှူလေ့ကျင့်ခန်းတွေနဲ့ ပေါင်းစပ်လုပ်ဆောင်ရင် သွေးဖိအားအဆင့်ကို လျော့ကျစေပါတယ်။ ဒီတေးဂီတက ခန္ဓာကိုယ်မှာ တည်ငြိမ်စေတဲ့ အစွမ်းရှိပြီး စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောကို လျော့ကျစေပါတယ်။

alignnone size-medium wp-image-56956
(၆) ရေတစ်ဖန်ခွက် သောက်ပါ

တချို့အခြေအနေတွေမှာ သွေးတိုးတာက ရေဓာတ်ခမ်းခြောက်လို့ ဖြစ်နိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့အခါ ခန္ဓာကိုယ်ထဲက သွေးထုထည်က လျော့ကျလာပြီး သွေးတိုးတဲ့ လက္ခဏာတွေ စတင်ခံစားရတတ်ပါတယ်။ လုံလောက်တဲ့ ရေဓာတ်ပမာဏရရင် သွေးထုထည်အလုံအလောက် ပြန်ရှိရာက သွေးဖိအား ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်။

alignnone size-medium wp-image-56957
(၇) အနားယူပါ

ကြမ်းပြင်ပေါ်မှာ လက်နဲ့ခြေကိုဆန့်ပြီး လှဲလျောင်းအနားယူတာက နှလုံးခုန်နှုန်း လျော့ကျစေပြီး သွေးဖိအားကို သိသိသာသာ လျော့ကျစေပါတယ်။ ပက်လက်လှန်လှဲလျောင်းတဲ့အခါ မျက်လုံးတွေကို မှိတ်ထားပြီး ကြွက်သားတိုင်း အနားရအောင် ကြိုးစားပေးပါ။ ဒီအနေအထားအတိုင်း ၁၀-၁၅ မိနစ်ခန့် အနားယူပေးတာက စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်စေပါတယ်။ သွေးဖိအားကိုလည်း ပုံမှန်ပြန်ဖြစ်စေတဲ့အပြင် အာရုံကြောစနစ်ကိုလည်း ဟန်ချက်ညီစေပါတယ်။

alignnone size-medium wp-image-56958
(၈) ခြေထောက်ကို ကြက်သီးနွေးရေထဲ စိမ်ပါ

ခြေထောက်ကို ကြက်သီးနွေးရေထဲ စိမ်တာက ဦးခေါင်းနဲ့ လည်ပင်းကို အေးမြစေပါတယ်။ ရေဇလုံတစ်ခုထဲမှာ ကြက်သီးနွေးရေဖြည့်ပြီး ထိုင်ခုံတစ်လုံးမှာထိုင်ကာ ခြေထောက်ကို ရေထဲ ၁၀-၁၅ မိနစ်ခန့် စိမ်ထားပါ။ ဦးခေါင်းက သွေးတွေဟာ ခြေထောက်ဆီရောက်ရှိပြီး သွေးဖိအားက ပုံမှန်ကို ဖြည်းဖြည်းချင်း ပြန်ရောက်စေပါတယ်။

အကြံပြုချက်

လွယ်ကူတဲ့ လေ့ကျင့်ခန်းလုပ်ပေးတာက သွေးဖိအားကို ထိန်းပေးပါတယ်။ လက်ကို ဘောလုံးညှစ်ရတဲ့ လေ့ကျင့်ခန်းလုပ်တာကလည်း စိတ်ဖိစီးမှု လျော့ကျစေပြီး သွေးကြောတွေကို ပျော့ပျောင်းအနားရစေပါတယ်။ ဒီလေ့ကျင့်ခန်းကို ၁၂-၁၅ မိနစ်ခန့် တစ်ပတ်မှာ ၃ ကြိမ်ပြုလုပ်ပေးပါ။ သွေးတိုးရောဂါရှိသူတွေအနေနဲ့ တစ်လလောက်ပြုလုပ်ပြီးရင် သွေးဖိအားပမာဏက ၁၀ ရာခိုင်နှုန်းခန့် လျော့ကျသွားနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top