Healthy Life Ad
Health Tips

ဆီးချိုရှိသူ ကစွန်းဥ၊ အာလူးစားလို့ရသလား

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ၊—–

ဆီးချိုလူနာ အတော်များများ လာမေးတာက ကစွန်းဥစားလို့ရလား၊ အာလူးစားလို့ရလားဆိုပြီး မေးတတ်ပါတယ်။

စားလို့ရပါတယ်။ ကစွန်းဥရဲ့သဘာဝက ဗိုက်ပြည့်လွယ်ပါတယ်။ တချို့နေ့တွေမှာ ကစွန်းဥတစ်လုံးလောက် စားထားတယ်ဆိုရင် စွတ်ပြုတ်တစ်ခွက်လောက် သောက်ပေးရုံနဲ့ အဆင်ပြေပါတယ်။ အာလူးမှာလည်း ကာဗွန်ဟိုက်ဒရိတ် အဲလောက်အများကြီး မပါပါဘူး။ ဆီးချိုသမားတွေ အာလူးစားချင်တယ်ဆိုရင် ကြော်ကျွေးတာထက် ပြုတ်ကျွေးတာ ကောင်းပါတယ်။

နောက်တစ်ခုက ပုရစ်ကြော်ပါ။ ဆီးချိုသမား စားလို့ရလားဆိုပြီး ခဏခဏ လာမေးကြပါတယ်။ ပုရစ်ကြော်က ကာဗွန်ဟိုက်ဒရိတ် များတဲ့အတွက် ဆီးချိုသမားတွေနဲ့ မတည့်ပါဘူးဆိုတာကို ရှင်းပြရပါတယ်။ အရမ်းစားချင်ရင်တော့ ဆီးချိုထိန်းချုပ်မှု ကောင်းတယ်ဆိုရင် ပုရစ်ကြော် တစ်ကောင်၊ နှစ်ကောင် စားနိုင်ပါတယ်။

“ကစွန်းဥရဲ့ သဘာဝက ဗိုက်ပြည့်လွယ်ပါတယ်။ တချို့နေ့တွေမှာ ကစွန်းဥတစ်လုံးလောက် စားထားတယ်ဆိုရင် စွတ်ပြုတ်တစ်ခွက်လောက် သောက်ပေးရုံနဲ့ အဆင်ပြေပါတယ်။ အာလူးမှာလည်း ကာဗွန်ဟိုက်ဒရိတ် အဲလောက်အများကြီး မပါပါဘူး။ ဆီးချိုသမားတွေ အာလူးစားချင်တယ်ဆိုရင်” . . .

ပဲတွေကျွေးတဲ့အခါမှာတော့ နည်းနည်း သတိထားရပါတယ်။ ပဲဆိုတာမျိုးက ကျန်းမာရေးနဲ့ ညီညွတ်တာဆိုတော့ စားလို့ရပါတယ်။ ပဲဆိုတာက ပရိုတင်းလည်း များတယ်၊ ကာဗွန်ဟိုက်ဒရိတ်လည်း များတဲ့အတွက် ပဲဟင်းရည်အများကြီး သောက်မယ်၊ ထမင်းကလည်း များများစားထားမယ်ဆိုရင်တော့ သတိထားရပါတယ်။

ဆီးချိုသမားတွေရဲ့ ကာဗိုဟိုက်ဒရိတ် ရရှိနှုန်းကို ပုံမှန်တစ်ရက်ကို ၁၃၀ ဂရမ်ပေးပြီး သာမန်လူတွေကိုတော့ ၂၀ဝ-၂၂၀ ဂရမ်ပေးပါတယ်။ ဥပမာ- အမျိုးသားတွေဆို ၂၀ဝ ဂရမ်လောက်ပေးပြီး မိန်းကလေးဆိုရင် ၁၈၀ ဂရမ်ပေးပါတယ်။ ဒီလိုပမာဏတွေ စားသောက်ဖို့ ပြောတဲ့အခါ နိုင်ငံခြားက လူတွေကျတော့ လွယ်ပါတယ်။ သူတို့ဆီမှာ ဘယ်အစာကို ဘယ်လောက်စားရင်တော့ ကာဗိုဟိုက်ဒရိတ် ဘယ်လောက်ပမာဏ၊ ပရိုတင်းဘယ်လောက်ပါတယ်၊ အဆီဓာတ်ဘယ်လောက်ပါတယ်ဆိုပြီး တွက်ချက်ထားတဲ့ အစာတွေ များပါတယ်။ ဒီတော့ တွက်ချက်ရတာ လွယ်ပါတယ်။ ဆရာမတို့ မြန်မာအစားအစာတွေမှာဆိုရင် ထမင်း ၁၀ဝ ဂရမ်မှာ ကာဗိုဟိုက်ဒရိတ် ဘယ်လောက်ပါလဲ မသိရပါဘူး။ ဒါကြောင့် မြန်မာအစားအသောက်တွေကို ဘယ်ဟာကို ဘယ်လောက်စားလို့ ပြောရတာ နည်းနည်းတော့ခက်ပါတယ်။

Most Popular

Healthy Life Ad
To Top