Healthy Life Ad
Life Style

သင်ကြိုက်နှစ်သက်သော ကားအမျိုးအစားက ပြောပြနေသည့် သင့်အကြောင်း

———၊ ကိုထက် ၊———

ကားသေး၊ အိမ်စီးဆလွန်းကား၊ ဇိမ်ခံကား၊ ပြိုင်ကား၊ ဗန်ကား၊ Pickup အမျိုးအစား၊ SUV အမျိုးအစား စသဖြင့် လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် သဘောကျနှစ်သက်တဲ့ ကားအမျိုးအစားတွေ မတူညီကြပါဘူး။ ဘယ်လိုကားကို သဘောကျတဲ့သူတွေဟာ ဘယ်လိုစိတ်နေသဘောထား ရှိတတ်သလဲဆိုတဲ့ ခန့်မှန်းချက်တွေကို ကယ်လီဖိုးနီးယားရှိ UC Davis သုတေသနဌာနမှ အနည်းငယ်လေ့လာထားတာရှိတယ်လို့ ဆိုပါတယ်။ မိမိအလိုချင်ဆုံး ကားအမျိုးအစားကိုလိုက်ပြီး ဘယ်လိုကားကို သဘောကျသူတွေဟာ ဘယ်လိုစိတ်နေသဘောထား ရှိတတ်လဲဆိုတဲ့ ခန့်မှန်းချက်ကို ဖော်ပြပေးလိုက်ပါတယ်။

alignnone size-medium wp-image-55520
စမတ်ကား (သို့) ကားသေးသေးလေးတွေ သဘောကျသူတွေဟာ လိုက်လျောညီထွေစွာ နေတတ်သူပါ

ကားသေးသေးလေးတွေကို ပိုင်ဆိုင်ချင်သူတွေ၊ သဘောကျနှစ်သက်တယ်ဆိုသူတွေဟာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် နေတတ်သူတွေ ဖြစ်ပါတယ်။အလုပ်ကို အရမ်းကြိုးစားတတ်သူတွေတော့ မဟုတ်ကြပါဘူး။ ဖြတ်ထိုးဉာဏ်ရှိတတ်ကြပြီး တွေးတောပြီးမှ လုပ်တတ်သူတွေဖြစ်ကြပါတယ်။ အသုံးအဖြုန်းနည်းသူတွေလဲ ဖြစ်ကြပါတယ်။ ကိုယ်ရဲ့အခြေအနေအမှန်ကိုလဲ သူများတွေကို ပေးမသိတတ်ကြပါဘူး။ ပြဿနာတွေကို မဖြစ်ခင်ထဲက ရှောင်လေ့ရှိကြပါတယ်။

alignnone size-medium wp-image-55521
အိမ်စီးဆလွန်းကားတွေကို သဘောကျဆုံးသူတွေဟာ စိတ်အပူအပင်ကင်းစွာ နေတတ်သူပါ

ပုံမှန် အိမ်စီးဆလွန်းကားတွေကိုပဲ သဘောကျသူတွေဟာ အများအားဖြင့် သာမန်လူတွေပဲဖြစ်တယ်လို့ ဆိုပါတယ်။ စွန့်စားရတာတွေကို သိပ်ပြီးသဘောမကျကြပါဘူး။ ခရီးသွားတဲ့အခါမျိုးမှာ လိုင်းကားစီးသွားတာ ပိုသဘောကျတတ်ကြပါတယ်။ တစ်နေ့တာကို အေးအေးချမ်းချမ်း အပူအပင်ကင်းကင်းသာ ဖြတ်သန်းလိုသူတွေ ဖြစ်ကြပါတယ်။ စိတ်ရှည်တတ်ကြပါတယ်။ အပြောင်းအလဲတွေကို သိပ်ပြီး သဘောမကျတတ်ကြပါဘူး။

alignnone size-medium wp-image-55522
ဇိမ်ခံကားတွေကို သဘောကျသူတွေဟာ အဆင့်အတန်းမြင့်မြင့်နေလိုသူပါ

တန်ဖိုးကြီးဇိမ်ခံကားတွေကို သဘောအကျဆုံးဆိုသူတွေဟာ ခန့်မှန်းနေစရာမလိုအောင် ဇိမ်ကျကျနေတတ်သူတွေ ဖြစ်ကြပါတယ်။ စိတ်ဆတ်သူတွေလည်း ဖြစ်တတ်ကြပါတယ်။ ခရီးသွားရတာကို သဘောကျကြပြီး ခရီးဝေးတွေကို ကိုယ်တိုင်းမောင်းပြီးထွက်ရတာကို နှစ်သက်သူတွေ ဖြစ်ကြပါတယ်။ အသစ်အဆန်းတွေကို လေ့လာရတာကို သဘောကျကြပါတယ်။ အဆင့်အတန်းမြင့်မြင့် နေလိုတဲ့အတွက် စီးပွားရေးကိစ္စတွေကို အားထည့်ပြီး ကြိုးစားသူတွေ ဖြစ်ကြပါတယ်။

alignnone size-medium wp-image-55523
ပြိုင်ကားတွေကို သဘောကျသူတွေဟာ ရဲဝံ့စွာ ပြုလုပ်ဆောင်ရွက်တတ်သူပါ

လူငယ်လူရွယ်ပိုင်းတွေအများဆုံး လိုချင်ကြတဲ့ ပြိုင်ကားတွေကို သဘောကျသူတွေဟာ စွန့်စွန့်စားစားတွေကို သဘောကျသူတွေ ဖြစ်ကြပါတယ်။ ခေတ်မှီတဲ့အရာတွေကို သဘောကျတတ်ကြပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူတွေထက် အေးတိအေးစက်နိုင်တဲ့သူက ပိုများတတ်ပါတယ်။ အစွဲအလန်းကြီးကြပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ အပူအပင်ကင်းကင်း ဘဝကို ဖြတ်သန်းလေ့ရှိကြပါတယ်။ စူးစမ်းလိုစိတ်လဲ များကြပါတယ်။

alignnone size-medium wp-image-55524
ဗန်ကားတွေကို သဘောကျသူတွေဟာ စိတ်ရှည်သည်းခံသူတွေပါ

ဗန်ကားတွေကို သဘောကျနှစ်သက်ကြသူတွေဟာ စိတ်ရှည်သည်းခံနိုင်စွမ်း မြင့်ကြသူတွေ ဖြစ်ကြပါတယ်။ အပေါင်းအသင်းနဲ့ မိသားစုတွေကို ခင်မင်တွယ်တာသူတွေ ဖြစ်ကြပါတယ်။ ခရီးသွားရတာ စွန့်စားရတာ သဘောကျကြပါတယ်။ ဟာသဉာဏ်လဲ ရှိကြပါတယ်။ အပေါင်းအသင်းတွေရဲ့ ယုံကြည်မှုကို ရရှိတတ်သူတွေ ဖြစ်ကြပါတယ်။ ကြင်နာသနားတတ်ပြီး သူများကိုကူညီရတာကို သဘောကျသူတွေ ဖြစ်ကြပါတယ်။

alignnone size-medium wp-image-55525
Pickup အမျိုးအစားကို သဘောကျသူတွေဟာ အလုပ်ကြိုးစားသူတွေပါ

Pickup အမျိုးအစားကားတွေကို သဘောကျတဲ့သူတွေဟာ အလုပ်ကြိုးစားသူတွေ ဖြစ်ကြပါတယ်။ အမြဲတန်း အသစ်အသစ်တွေကို သိရှိချင်ပြီး ကိုယ့်ကိုကိုယ် အားမလိုအားမရ ဖြစ်နေတတ်ကြပါတယ်။ အပေါင်းအသင်းတွေထက်ကိုပင် အလုပ်ကို ပိုချစ်ကြသူတွေ ဖြစ်ပါတယ်။ အေးအေးဆေးဆေး နေနေရတာကို သဘောမကျကြပါဘူး။ ပညာအားထက် လုပ်အားကိုပိုပြီး ယုံကြည်သူတွေလဲ ဖြစ်တတ်ကြပါတယ်။ သီးသန့်နေတတ်ကြပါတယ်။

alignnone size-medium wp-image-55526
SUV အမျိုးအစားကို သဘောကျသူတွေဟာ မိမိကိုယ်ကို ယုံကြည်ချက်အပြည့်ရှိသူပါ

SUV အမျိုးအစားတွေကို သဘောကျနှစ်သက်သူတွေဟာ စွမ်းအင်အပြည့်ရှိနေတဲ့ပုံ ဖြစ်ရတာကို သဘောကျကြပါတယ်။ အချစ်ကြီးတတ်သူတွေလဲ ဖြစ်ကြပါတယ်။ မိမိကိုယ်ကို ယုံကြည်ချက် ပြင်းထန်ပါတယ်။ တစ်ခါတစ်ရံ တစ်ကိုယ်ကောင်းဆန်တယ်လို့ ပတ်ဝန်းကျင်က ထင်တာခံရတတ်ပါတယ်။ အောင်မြင်မှုတစ်ခုရပြီးတိုင်း ကျေနပ်အားရပြီး နောက်ထပ်အောင်မြင်မှုတွေကို ရယူလိုစိတ်ရှိတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top