Healthy Life Ad
Health Tips

နှလုံးကျန်းမာရေး စစ်ဆေးရန် စက္ကန့် ၃၀ သာလိုအပ်

—–၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊——

ကျန်းမာတဲ့ဘဝပိုင်ဆိုင်ဖို့ နှလုံးကျန်းမာရေး ကောင်းအောင် ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ နှလုံးကျန်းမာရေး ကောင်း/မကောင်းသိစေဖို့ စက္ကန့် ၃၀ အတွင်း စစ်ဆေးသိရှိနိုင်မယ့် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

alignnone size-medium wp-image-55111
ပထမအဆင့်

ရေဇလုံတစ်ခုထဲ ရေခဲရေတွေကို လောင်းထည့်ပါ။ ရေတွေက သင့်လက်နှစ်ဖက်စလုံး မြုပ်တဲ့အထိ ပြည့်ရပါမယ်။ ရေခဲတုံးတွေကို ထည့်ပေးပါ။

alignnone size-medium wp-image-55112
ဒုတိယအဆင့်

လက်နှစ်ဖက်ကို ရေခဲရေထဲ စက္ကန့် ၃၀ အတိအကျ ထည့်နှစ်ပေးပါ။ အအေးနဲ့ ထိတွေ့တဲ့အခါ သွေးတွေရဲ့ တုံ့ပြန်မှုကို သင်သိလာနိုင်ပါတယ်။ ဘယ်လိုရလဒ်ထွက်သလဲဆိုတာ ကြည့်ပေးပါ။

alignnone size-medium wp-image-55113
ရလဒ် (၁) လက်ချောင်းများ နီမြန်းလာခြင်း

သင့်လက်ချောင်းတွေက နီမြန်းလာရင် ဒါက သတင်းကောင်းပါပဲ။ သွေးတွင်း အောက်ဆီဂျင် စီးဆင်းလှည့်ပတ်မှုနဲ့ဆိုင်တဲ့ ပြဿနာတွေ မရှိဘူးလို့ ဆိုလိုပါတယ်။ သင့်နှလုံးနဲ့ သွေးလှည့်ပတ်မှုက ကောင်းမွန်ပါတယ်။

alignnone size-medium wp-image-55114
ရလဒ် (၂) လက်ချောင်းများ ဖျော့တော့လာခြင်း သို့မဟုတ် ပြာနှမ်းခြင်း

သင့်လက်ချောင်းထိပ်တွေက ဖျော့တော့နေရင် ဒါမှမဟုတ် ပြာနေရင် သွေးလှည့်ပတ်စီးဆင်းမှုဆိုင်ရာ ပြဿနာရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ သွေးနီဥထဲမှာ အောက်ဆီဂျင်အဆင့် လျော့နည်းနေတာကြောင့် ဒါမှမဟုတ် ကိုယ်တွင်းအောက်ဆီဂျင်ပါတဲ့ သွေးရောက်ရှိမှုမှာ ပြဿနာရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီဖြစ်ရပ်မှာ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ လက်ချောင်းတွေကို နှိပ်နယ်ပေးရပါမယ်။ ပြန်နွေးမလာဘဲ ပြာနှမ်းနေဆဲဆိုရင် ဆရာဝန်နဲ့ ပြသင့်နေပါပြီ။ အထူးသဖြင့် အောက်ပါလက္ခဏာတွေ ဖြစ်နေရင် ဆရာဝန်နဲ့ မဖြစ်မနေ ပြရပါမယ်။

• အသက်ရှူမဝခြင်း
• ဖျားခြင်း
• ခေါင်းကိုက်ခြင်း
• ရင်ဘတ်အောင့်ခြင်း
• ချွေးထွက်များခြင်း
• လက်မောင်း၊ ခြေထောက်၊ လက်၊ လက်ချောင်းနဲ့ ခြေချောင်းထုံခြင်း
• ဖျော့တော့ခြင်း

alignnone size-medium wp-image-55115
အကြံပြုချက်

တချို့အစားအသောက်တွေက နှလုံးကျန်းမာရေး ကောင်းစေနိုင်ပါတယ်။

ကြက်သွန်ဖြူ

သွေးတိုးကျစေပြီး သွေးကြောကျဉ်းတာကို လျော့ပါးသက်သာစေပါတယ်။

အညိုရောင်ချောကလက်

သွေးဖိအားကို ပုံမှန်ထိန်းပေးပြီး ရောင်ရမ်းမှုကို တွန်းလှန်ပေးပါတယ်။

သစ်ကြံပိုးခေါက်

နှလုံးရောဂါနဲ့ သွေးကြောကျဉ်းခြင်းကို တွန်းလှန်ပေးပါတယ်။

Most Popular

Healthy Life Ad
To Top