Healthy Life Ad
Health Tips

ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာတဲ့ကလေးရဖို့ ဘယ်အချိန်တွေမှာ ဘာစားသောက်သင့်သလဲ

—-၊ စူး (ဆေးဝါးတက္ကသိုလ်) ၊—–

လူအများစုက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို သိနားလည်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်အတွင်း ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေ ပြောင်းလဲလာတာကြောင့် ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ထပ်တိုးပြီး လိုအပ်လာပါတယ်။ ကိုယ်ဝန်ဒုတိယသုံးလနဲ့ တတိယသုံးလအတွင်း ခန္ဓာကိုယ်က နေ့စဉ် ကယ်လိုရီ ၃၀ဝ နဲ့ ၅၀ဝ ကြား ပိုမိုလိုအပ်လာသလို တချို့အာဟာရဓာတ်တွေလည်း လိုအပ်ချက် ပိုများလာပါတယ်။

alignnone size-medium wp-image-54918
ကိုယ်ဝန်အစောပိုင်းကာလ

ကိုယ်ဝန်အစောပိုင်းကာလအတွင်း သင်နဲ့သင့်ရင်သွေးအတွက် အထူးအာဟာရ လိုအပ်ချက်တွေ ရှိပါတယ်။ အထူးသဖြင့် ဖောလစ်အက်စစ်ပါ။ ဖောလစ်အက်စစ်ပါဝင်မှုများတဲ့ အစားအသောက်တွေက သန္ဓေသားမှာ ကျောရိုးမကြီး ဖွံ့ဖြိုးမှုကို အားပေးပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို စားတာက မဂ္ဂနီဆီယမ်ပါဝင်မှု မြင့်မားတာကြောင့် ကိုယ်ဝန်အစောပိုင်း ပျို့အန်ချင်စိတ်ဖြစ်တာကို သက်သာစေပါတယ်။

အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

ပန်းဂေါ်ဖီစိမ်း၊ ဥအမျိုးမျိုး၊ ပဲသီး
alignnone size-medium wp-image-54919
ကိုယ်ဝန် ၄ ပတ်မှ ၁၂ ပတ်အထိ

ကိုယ်ဝန် ၆ ပတ်လောက် ရှိလာချိန်မှာ ကလေးရဲ့ သွေးနီဥက စတင်ဖြစ်ပေါ်လာပြီး နှလုံးက စတင်ခုန်လာပါတယ်။ ဒီအဆင့်မှာ သံဓာတ်ပါဝင်မှုများတဲ့ အောက်ပါအစားအသောက်တွေကို များများစားပြီး ဗီတာမင်စီ ပါဝင်မှုများတဲ့ လိမ္မော်ရည်လို သစ်သီးဖျော်ရည်တွေကို တွဲသောက်သင့်ပါတယ်။

နို့နှင့်နို့ထွက်ပစ္စည်း
ဥအမျိုးမျိုး၊ အသား၊ ပင်လယ်စာ

ကိုယ်ဝန်ပထမသုံးလပတ်မှာ ကလေးရဲ့ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေထက် ပိုမြန်မြန် ဖွံ့ဖြိုးနေပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ DHA ပါတဲ့ အောက်ပါအစားအသောက်တွေကို စားပေးရင် ဒီဖြစ်စဉ်ကို အားပေးပါတယ်။

မက်ကရယ်ငါး၊ ဆာဒင်းငါး၊ EPA နဲ့ DHA ပါတဲ့ ကိုယ်ဝန်ဆောင်အားဆေး
alignnone size-medium wp-image-54920

ကိုယ်ဝန် ၁၃ ပတ်မှ ၂၈ ပတ်အထိ ဒီအဆင့်က ကလေးငယ် ဖွံ့ဖြိုးမှုမြန်ဆန်နေတဲ့ အဆင့်ဖြစ်ပြီး မျက်စိဖွံ့ဖြိုးမှုအတွက် ဘီတာကယ်ရိုတင်းပါတဲ့ အောက်ပါအစားအသောက်တွေ လိုအပ်နေပါတယ်။

မုန်လာဥနီ၊ ကန်စွန်းဥ၊ ဟင်းနုနယ်ရွက်၊ မက်ကရယ်ငါး၊ ဆာဒင်းငါး

ကလေးအရိုး ဖွံ့ဖြိုးသန်စွမ်းစေမည့် ကယ်လ်ဆီယမ်ပါဝင်သော အစားအသောက်များ

နွားနို့၊ ဒိန်ချဉ်၊ တိုဟူး၊ ဒိန်ခဲ၊ ဆာဒင်းငါး

ကယ်လ်ဆီယမ်စုပ်ယူမှု အားကောင်းစေမည့် ဗီတာမင်ဒီပါသော အစာများ

ဆာဒင်းငါး၊ ဟာအင်းငါး၊ အားဖြည့်နွားနို့

ဒီအင်န်အေလုပ်ငန်းဆောင်တာ ကောင်းစေမည့် ဇင့် (သွပ်) ဓာတ်ပါသော အစာများ

ပုဇွန်၊ ပဲသီး၊ အခွံမာအစေ့အဆန်၊ ကောက်နှံတစ်ခုလုံးအစာ၊ နို့နှင့်နို့ထွက်ပစ္စည်းများ
alignnone size-medium wp-image-54921
ကိုယ်ဝန် ၂၉ ပတ်မှ ၄၀ ပတ်အထိ

ကိုယ်ဝန်ရင့်လာချိန်မှာ အောက်ပါအစားအသောက်တွေကို မဖြစ်မနေ ထည့်စားသင့်နေပါပြီ။

သွေးခဲဖြစ်စဉ်ကို ကူညီပေးမည့် ဗီတာမင်ကေပါသော အစားအသောက်များ

ကိုက်လန်၊ ဟင်းနုနယ်ရွက်၊ အစိမ်းရောင်ဆလတ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ်

ကယ်လ်ဆီယမ်နှင့် မဂ္ဂနီဆီယမ်ပါသော အစားအသောက်များ

နွားနို့၊ ဒိန်ခဲ၊ ပဲသီး၊ ထောပတ်သီး၊ ငှက်ပျောသီး

အဆုတ်ကျန်းမာစေရန် ဆီလီနီယမ်ပါသော အစာများ

အခွံမာအစေ့အဆန်၊ ဥအမျိုးမျိုး၊ ဆန်လုံးညို
alignnone size-medium wp-image-54922
ကလေးမွေးပြီးချိန်တွင်

ကလေးမွေးပြီးချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ အလွန်အရေးကြီးပါတယ်။ မိခင်နို့ကနေ ကလေးဆီကို အာဟာရဓာတ်တွေ ရောက်ရှိမှာဖြစ်လို့ ကလေးမွေးပြီးချိန်မှာလည်း အာဟာရပြည့်ပြည့်ဝ၀ရအောင် စားသင့်ပါတယ်။

ရောင်ရမ်းမှု လျော့ကျစေမည့် ကြေးနီဓာတ်

နှမ်းစေ့၊ သီဟိုဠ်စေ့

ဘီတာကယ်ရိုတင်းက ကလေးရဲ့ မျက်စိဖွံ့ဖြိုးမှုကို အားကောင်းစေပါတယ်။ ဘီတာကယ်ရိုတင်းပါတဲ့ အောက်ပါအစားအသောက်တွေကို စားရင် မိခင်နို့ကနေ ကောင်းကျိုးတွေကို ရရှိစေပါတယ်။

မုန်လာဥနီ၊ ကန်စွန်းဥ

Most Popular

Healthy Life Ad
To Top