Healthy Life Ad
Health Tips

ကျန်းမာရေးကောင်းအောင် ဘာကိုရွေးသင့်သလဲ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

အစားအသောက်ကို ရွေးချယ်စားသောက်ရတာက တကယ်မလွယ်ပါဘူး။ ကျန်းမာရေး ကောင်းမွန်လာစေဖို့အတွက် အဓိက စားသင့်တဲ့အစားအစာတွေကို ဘယ်လိုရွေးချယ်သင့်တယ်ဆိုတာ အကြံပြုဖော်ပြလိုက်ရပါတယ်။

(၁) စူပါအစားအစာ (Super Food)

စူပါအစားအစာဆိုတာ သစ်သီးဝလံအားလုံးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဆိုလိုပါတယ်။ ဒီအစားအစာတွေထဲမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဖိုင်တိုကမ်မီကယ်ဓာတ်တွေ ပါဝင်နေတာကြောင့် ကျန်းမာအောင် ကူညီနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းနဲ့ ဘလူးဘယ်ရီသီးတွေလို အပင်ထွက်အစားအစာတွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် ဒီလိုအပင်ထွက်အစားအစာတွေကို များများစားပေးသင့်တာ ဖြစ်ပါတယ်။

(၂) သဘာဝအစာ (All-natural)

သဘာဝအစာဆိုတိုင်း ကျန်းမာရေးနဲ့ ညီညွတ်တာတော့ မဟုတ်ပါဘူး။ ဗနီလာရေခဲမုန့်ဟာ သဘာဝအစာဖြစ်ပေမယ့် အဆီနဲ့ ကယ်လိုရီတွေ များစွာပါဝင်နေပါတယ်။ ဒါကြောင့် အသင့်အတင့်လောက်ပဲ စားသင့်တာပါ။

alignnone size-medium wp-image-54664
(၃) သြဂဲနစ်အစာ (Organic)

သြဂဲနစ်နည်းပညာနဲ့ စိုက်ပျိုးထားတဲ့ အစားအစာတွေက ရွေးချယ်သင့်တာ အမှန်ပါပဲ။ ဒါပေမဲ့ သြဂဲနစ်ဆိုတိုင်း အာဟာရအပြည့်ရှိတယ်လို့တော့ မဆိုနိုင်ပါဘူး။ အကြောင်းကတော့ သြဂဲနစ်ပြုပြင်အစာတွေမှာ လူတွေရှောင်သင့်တဲ့ ဆိုဒီယမ်နဲ့ ကယ်လိုရီများစွာ ပါနေနိုင်လို့ပါ။

(၄) လတ်ဆတ်သောအစာ (Fresh)

အစားအစာတစ်ခုဟာ လတ်ဆတ်သလား၊ မလတ်ဆတ်ဘူးလားဆိုတာကို သိနိုင်ပါတယ်။ အစားအသောက်တွေမှာတော့ ထုတ်လုပ်တဲ့ရက်စွဲကို ကြည့်ပြီး သိနိုင်တာကြောင့် ထုတ်တဲ့ရက်နဲ့ ကုန်ဆုံးရက်ကို ကြည့်ပြီးမှဝယ်ပါ။

alignnone size-medium wp-image-54665
(၅) စွမ်းအင်ကောင်းစေခြင်း (Energy Boosting)

စွမ်းအင်ကောင်းအောင်ဆိုပြီး ကဖင်းဓာတ်ကို အရာရာတွေထဲမှာ မထည့်သင့်ပါဘူး။ ကဖင်းပါတဲ့ စွမ်းအားဖြည့်အရည်တွေဟာ အများအားဖြင့် သကြားနဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတတ်ပါတယ်။ သဘာဝကျကျ စွမ်းအားကောင်းချင်ရင် လမ်းလျှောက်ပါ၊ အာဟာရပြည့်ဝတဲ့အစာကို များများစားပါ၊ ပြီးရင် များများအိပ်ပါ။

(၆) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants)

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ အင်တီအောက်ဆီးဒင့် များများပါဝင်တာကြောင့် အဲဒီအစာတွေကို များများစားပေးပါ။

(၇) အကျိုးပြုဘက်တီးရီးယား (Probiotic)

အကျိုးပြုဘက်တီးရီးယား ပါဝင်တဲ့ ဒိန်ချဉ်လို အစားအသောက်တွေကို စားပေးသင့်ပါတယ်။

(ဂ) Diet

Diet လို့အညွှန်းမှာရေးထားတဲ့ အစားအသောက်တွေဟာ တစ်ခါတစ်ရံမှာ ဓာတုပစ္စည်းတွေ ပါဝင်နေတတ်ပါတယ်။ အာဟာရတန်ဖိုးကို သေချာကြည့်ပြီးမှ ဝယ်ပါ။

(၉) ၁၀ဝ ကယ်လိုရီ (100- caories)

၁၀ဝ ကယ်လိုရီပဲ ပါတယ်ဆိုတဲ့ အစာတွေက လူအနည်းငယ်ကိုပဲ ဗိုက်ပြည့်စေပါတယ်။ အဲဒီအဆင်သင့်အစာတွေအစား ငှက်ပျောသီးတစ်လုံး ဒါမှမဟုတ် ပန်းသီးတစ်လုံးစားပါ။

alignnone size-medium wp-image-54666
(၁၀) ကျန်းမာရေးနှင့် ညီညွတ်သောအစာ (Healthy Food)

လူတွေမှာ မတူညီတဲ့ လိုအပ်ချက်တွေအလိုက် မတူညီတဲ့အာဟာရတွေကို စားပေးသင့်ပါတယ်။ Healthy လို့ ရေးထားတဲ့ အဆင်သင့်အစာဟာ လူတစ်ယောက်အတွက် ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် တခြားလူအတွက်တော့ ကောင်းချင်မှကောင်းမှာပါ။ ဒါကြောင့် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အဆီနည်းအသား၊ ငါး၊ နို့နဲ့နို့ထွက်ပစ္စည်း စတဲ့လတ်ဆတ်တဲ့ အစာတွေကို စားပေးဖို့ လိုပါတယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top