Healthy Life Ad
Health Tips

COVID-19 ကင်းဝေးဖို့ သင့်မျက်ဝန်းတွေကိုလည်း ကာကွယ်ပါ . . .

စူး (ဆေးဝါးတက္ကသိုလ်)

COVID-19ကာကွယ်ရာမှာ မျက်စိတွေကိုလည်း မမေ့ထားသင့်ပါဘူး။ COVID-19 က ကူးစက်မြန်ကပ်ရောဂါဖြစ်တာကြောင့် ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှု ထိန်းချုပ်ရာမှာ လူတစ်ယောက်နဲ့တစ်ယောက် ခပ်လှမ်းလှမ်းမှာနေတာက အရေးပါတဲ့ ကာကွယ်နည်းပါ။ လက်ကိုမကြာခဏဆေးကြောခြင်း၊ နှာခေါင်းနဲ့ပါးစပ်အုပ်ထားခြင်း၊ လူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်ခြင်း စတဲ့နည်းလမ်းတွေအပြင် မျက်စိကိုလည်း မဆေးကြောရသေးတဲ့ လက်နဲ့မထိတွေ့မိဖို့လည်း အထူးသတိထားရပါမယ်။

နှာခေါင်းစည်းတပ်တာက မျက်စိကို ကာကွယ်နိုင်သလား

CDC ရဲ့ ထုတ်ပြန်ချက်အရ သာမန်လူတွေအနေနဲ့ အပြင်သွားတဲ့အခါ ပိတ်စနှာခေါင်းစည်းတွေကို မဖြစ်မနေ တပ်ဆင်သင့်တယ်လို့ သိရပါတယ်။ နှာခေါင်းစည်းတပ်တာက မျက်စိတွေကို မကာကွယ်နိုင်ပါဘူး။ နှာချေ၊ ချောင်းဆိုးရာက ထွက်လာတဲ့ ဗိုင်းရပ်စ်ပိုးကပ်ငြိနေတဲ့ လက်နဲ့မျက်စိကို ပွတ်သပ်မိတဲ့အခါ ဝင်နိုင်ပါတယ်။ ဒါကြောင့် လက်တွေကို မကြာမကြာဆေးဖို့ အရေးကြီးကြောင်း ပြောနေရတာပါ။

အပြင်သွားတဲ့အခါ မျက်စိကို ကာကွယ်ပါ

မျက်စိကို ဗိုင်းရပ်စ်ပိုးမဝင်ဖို့ရာအတွက် မျက်မှန် ဒါမှမဟုတ် နေကာမျက်မှန်တပ်ပေးပါ။

(၁) မျက်မှန်တပ်ပါ

မျက်စိအမြင်အာရုံကောင်းရင်တောင် ပါဝါမပါတဲ့မျက်မှန်တပ်ပေးပါ၊ မျက်စိကို အကာအကွယ်ပေးပါတယ်။ နေပူထဲသွားရင် နေကာမျက်မှန်တပ်ပေးပါ။

(၂) မျက်ကပ်မှန်ရှောင်ပါ

သင်က မျက်ကပ်မှန်တပ်ရသူဆိုရင် မျက်မှန်ကို ပြောင်းတပ်ပေးပါ။ မျက်ကပ်မှန်တပ်သူတွေက သူတို့မျက်လုံးကို ထိတွေ့မှုများတာကြောင့် ဒီအချိန်မှာတော့ မျက်မှန်တပ်တာ ပိုသင့်တော်ပါတယ်။ မျက်မှန်ကော နေကာမျက်မှန်ကော ဘယ်လောက်ပဲတပ်တပ် မျက်စိတဝိုက်ကို မဆေးကြော/မသန့်စင်ရသေးတဲ့ လက်နဲ့မထိတွေ့မိအောင် အထူးသတိထားဖို့ အကြံပေးလိုပါတယ်။

Most Popular

Healthy Life Ad
To Top