Healthy Life Ad
Health Tips

ကွန်ပျူတာသုံးစဉ် သင့်မျက်စိကို ဂရုစိုက်ပါ

———၊ ဇွန် ၊———

ဒီနေ့ခေတ်မှာ ကွန်ပျူတာ၊ ဖုန်းစကရင်တွေကို အကြည့်များကြပါတယ်။ ဒီလိုစကရင်တွေကို အကြည့်များတာကြောင့် မျက်စိညောင်းညာတဲ့ ဝေဒနာဖြစ်တတ်ပါတယ်။ မျက်စိညောင်းညာတဲ့ဒဏ်ဖြစ်မှု လျော့ပါးစေဖို့ ၂၀-၂၀-၂၀ ဆိုတဲ့ စည်းမျဉ်းကို လိုက်နာဖို့ မျက်စိအထူးကု ဆရာဝန်တွေက သတိပေးထားပါတယ်။

အဆင့် (၁) ၂၀

ကွန်ပျူတာ စကရင်ကြည့်ချိန် ၂၀ မိနစ်ကြာတိုင်း သင့်နေရာနဲ့ ခြေလှမ်း ၂၀ ခန့်ဝေးတဲ့ နေရာကိုငေးကြည့်ပေးပါ။ ဒီလို အကြည့်လွှဲလိုက်တာကြောင့် မျက်စိလှိုင်းအလျားပြောင်းလဲမှုဖြစ်စေပြီး ညောင်းညာနေတဲ့ မျက်စိကို သက်သာရာရစေပါတယ်။

အဆင့် (၂) ၂၀

ကွန်ပျူတာသုံးချိန် မိနစ် ၂၀ ကြာတိုင်း မျက်တောင်ခတ်ပေးလိုက်ပါ။ မျက်ရည်စိုစွတ်သွားစေပါတယ်။

အဆင့် (၃) ၂၀

ကွန်ပျူတာရှေ ့မှာ မိနစ် ၂၀ ကြာ ထိုင်ပြီးတာနဲ့ ခြေလှမ်း ၂၀ လှမ်းခန့် လှမ်းလျှောက်ပေးပါ။ သင့်တစ်ကိုယ်လုံးကို သွေးလှည့်ပတ်မှုကောင်းစေပါတယ်။

Most Popular

Healthy Life Ad
To Top