Healthy Life Ad
Health Tips

ကိုယ်အလေးချိန်လျှော့ချတဲ့အခါ သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက် ဘာဖြစ်သွားနိုင်သလဲ

စူး (ဆေးဝါးတက္ကသိုလ်)

ကိုယ်အလေးချိန် များနေတဲ့သူတွေ၊ အဝလွန်နေသူတွေမှာ အဆီ ၁၀ ပေါင်ကျသွားတိုင်း ခန္ဓာကိုယ်တွင်းစနစ်တွေနဲ့ လုပ်ဆောင်မှုတွေက အလွန်အမင်း ပြောင်းလဲသွားပါတယ်။ အဲဒီအခါမှာ မျှော်လင့်မထားတဲ့ အကျိုးရလဒ်တွေကို ရရှိစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ပေါင်အပိုတွေ လျော့ကျသွားတဲ့အခါမှာ သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက်မှာ သိသာတဲ့ပြောင်းလဲမှုတွေ ဖြစ်သွားပါလိမ့်မယ်။

(၁) စွမ်းအင်အဆင့် မြင့်တက်သွားပါတယ်

ကိုယ်အလေးချိန်များများ ကျသွားပြီးနောက် ပထမဆုံး တွေ့ကြုံရတဲ့အရာက စွမ်းအင်တိုးလာတာပါပဲ။ စွမ်းအင်တွေ ပိုရှိလာတဲ့အခါ တခြားအရေးကြီးတဲ့ အရာတွေကို လုပ်ဆောင်နိုင်စွမ်း ပိုတိုးတက်လာပါလိမ့်မယ်။ ကိုယ်အလေးချိန် လျော့ကျသွားတာကြောင့် အောက်ဆီဂျင်ရယူနိုင်စွမ်း တိုးတက်ကောင်းမွန်ပြီး လှေကားကနေ အမြင့်ကို တက်ရာမှာ၊ အပြင်သွားလာလှုပ်ရှားရာမှာ အသက်ရှူမဝသလို မောပန်းနွမ်းနယ်တာမျိုး အဖြစ်နည်းသွားတတ်ပါတယ်။

alignnone size-medium wp-image-54357
(၂) မှတ်ဉာဏ်ကောင်းသွားပါတယ်

ကိုယ်အလေးချိန် လျော့ကျတဲ့အခါ ဦးနှောက်မှာ အကျိုးရလဒ်များများ ရရှိစေပါတယ်။ အဆီပိုတွေကို ဖယ်ရှားလိုက်တာကြောင့် အစီအစဉ်ချမှတ်တာ၊ အစီအစဉ် ရေးဆွဲလုပ်ဆောင်တာတွေနဲ့ဆိုင်တဲ့ တွေးခေါ်စဉ်းစား ဆက်စပ်တွေးတောနိုင်စွမ်း ပိုကောင်းလာပါတယ်။ ကိုယ်အလေးချိန် လျှော့ချပြီးနောက် ဦးနှောက်ရဲ့ မှတ်ဉာဏ်သိမ်းဆည်းမှုပိုင်းတွေမှာ ပိုပြီးအဆင်ပြေ ကောင်းမွန်လာပါတယ်။

 alignnone size-medium wp-image-54358
(၃) အသားအရေက ပိုကြည်လင်လာပါတယ်

သင်ရဲ့ကိုယ်အလေးချိန် လျှော့ချမှု အောင်မြင်ခြင်းဟာ ကျန်းမာစေရုံသာမက သင့်ကို ပိုကြည့်ကောင်းလာစေပါတယ်။ အသားအရေက ပိုကြည်လင်လာပြီး ဆံပင်သားက ပိုထူထဲကာ လက်သည်းခြေသည်းတွေက ပိုသန်စွမ်းကျန်းမာလာပါတယ်။

alignnone size-medium wp-image-54359
(၄) ဒူးမနာတော့ပါဘူး

ကိုယ်အလေးချိန် တစ်ပေါင်လျော့သွားတိုင်း ဒူးအဆစ်ပေါ် ဖိအားသက်ရောက်မှုက လေးပေါင်လျော့ကျသွားပါတယ်။ သင့်အနေနဲ့ ကိုယ်အလေးချိန်များများ လျော့ကျသွားတဲ့အခါ ဝမ်းဗိုက်တစ်ဝိုက် အဆီပိုတွေ လျော့နည်းသွားတဲ့အပြင် အဆစ်ရောင်နာရောဂါ လက္ခဏာဝေဒနာတွေလည်း သိသိသာသာ သက်သာသွားတာကို လက်တွေ့ခံစားရမှာပါ။

alignnone size-medium wp-image-54360
(၅) ဓာတ်မတည့်မှုတွေ သက်သာသွားပါတယ်

ကိုယ်အလေးချိန်အပိုတွေက အသက်ရှူလမ်းကြောင်းစနစ်အပေါ် ဒဏ်သက်ရောက်မှု ဖြစ်စေပြီး ရာသီအလိုက် ဓာတ်မတည့်မှုဝေဒနာတွေ ခံစားရရင် အသက်ရှူလမ်းကြောင်း ဝေဒနာလက္ခဏာတွေကို ပိုဆိုးစေပါတယ်။ သင့်အနေနဲ့ ပိုပြီး သွယ်လျလာတာကြောင့် အသက်ရှူလမ်းကြောင်းစနစ် ရှင်းလင်းသွားသလို ဓာတ်မတည့်မှုတွေလည်း အဖြစ်နည်းသွားပါလိမ့်မယ်။

alignnone size-medium wp-image-54361
(၆) ခြေထောက်က ပိုအရွယ်သေးသွားပါတယ်

ကိုယ်အလေးချိန်အပိုတွေ လျော့ကျသွားတဲ့အခါ တစ်ကိုယ်လုံးကအဆီတွေ လျော့သွားပါတယ်။ အဲဒီအထဲမှာ ခြေထောက်အဆီလည်း ပါတာပေါ့။ ဖိနပ်စီးတဲ့အခါ နည်းနည်းချောင်သလို ဖြစ်သွားပါလိမ့်မယ်။ ခြေသလုံးကလည်း သွယ်လျလာပါလိမ့်မယ်။


(၇) အေးမြမှုဒဏ်ကို ပိုခံစားလွယ်လာပါတယ်

ကိုယ်အလေးချိန် လျော့ကျသွားတာကြောင့် တစ်ကိုယ်လုံးကို စောင်လိုအုပ်ထားတဲ့ အဆီတွေ လျော့သွားပြီး အေးမြတဲ့ရာသီမှာ အေးမြမှုဒဏ်အပြောင်းအလဲကို ပိုခံစားသိရှိလာပါလိမ့်မယ်။
ချမ်းတုန်တဲ့ဒဏ် ခံစားရတာက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်လည်း နှေးသွားလို့ပါ။ သင့်ခန္ဓာကိုယ်မှာ ကယ်လိုရီအပို အများအပြားကို သိုလှောင်မထားတာကြောင့် စွမ်းအင်တွေကို သိမ်းဆည်းနိုင်စွမ်း ပိုကောင်းလာတတ်ပါတယ်။ ဒီအချိန်မှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာက နေလို့ပိုကောင်းစေပါတယ်။

alignnone size-medium wp-image-54363
(၈) ရာသီစက်ဝန်းက ပြောင်းလဲလာပါလိမ့်မယ်

ဟော်မုန်းအဆင့်က ကိုယ်အလေးချိန်နဲ့ နီးနီးကပ်ကပ် ဆက်စပ်မှုရှိနေပါတယ်။ အဆီပိုများများ လျော့ကျသွားတာ ဒါမှမဟုတ် အဆီပိုများများ တိုးလာတာတွေဖြစ်ရင် အင်ဒိုခရိုင်းစနစ်ဟာ အပြောင်းအလဲတချို့ ဖြစ်လာပါတယ်။ အီစထရိုဂျင်နဲ့ တက်စတိုစတီရုန်းဟော်မုန်း အတက်အကျဖြစ်လာတာက ရာသီစက်ဝန်းကို ကမောက်ကမဖြစ်စေပြီး ရာသီအလာများတာ ဒါမှမဟုတ် နည်းတာဖြစ်တတ်ပါတယ်။

alignnone size-medium wp-image-54364
(၉) ခေါင်းကိုက်ဝေဒနာ အဖြစ်နည်းလာပါလိမ့်မယ်

အဝလွန်တာက ခေါင်းကိုက်ဝေဒနာကို တိုက်ရိုက်မတိုးစေပေမယ့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်နှုန်းကို ၅၀ ရာခိုင်နှုန်း မြင့်တက်စေပါတယ်။ အဆီဆဲလ်တွေက ကိုယ်တွင်းရောင်ရမ်းမှုကို မြင့်တက်စေပါတယ်။ တချို့အခြေအနေတွေမှာ ဒီရောင်ရမ်းမှုက ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ပိုဖြစ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန် အပိုလျော့ကျတာက ခေါင်းတခြမ်းကိုက်ရောဂါ ပြင်းထန်မှုကို သိသိသာသာ လျော့ကျစေပါတယ်။

(၁၀) အစာစားချင်စိတ် ပိုကောင်းလာပါလိမ့်မယ်

ကိုယ်အလေးချိန်ကျသွားတဲ့အခါ အဆီဆဲလ်တွေက ထွက်ရှိလာတဲ့ လက်ပ်တင်ဟော်မုန်းအဆင့်ကို လျော့ကျသွားစေပါတယ်။ ခန္ဓာကိုယ်က လက်ပ်တင်ဟော်မုန်းကို ပုံမှန်အဆင့်ပြန်ရောက်အောင် ကြိုးစားနေချိန်မှာ အစာစားချင်စိတ် ပုံမှန်ဖြစ်အောင် ပြန်ကြိုးစားပြီး အဆီနဲ့ကယ်လိုရီများတဲ့ အစာတွေကို စားချင်စိတ်ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ သင်က ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲနေချိန်ဖြစ်လို့ အစာစားချင်စိတ်ကို ကျော်လွှားနိုင်မှာပါ။

(၁၁) ဟောက်တာ လျော့သွားပါလိမ့်မယ်

ကိုယ်အလေးချိန် အနည်းဆုံး ၅ ရာခိုင်နှုန်းခန့် လျော့ကျတာက ညဘက်မှာ ကောင်းကောင်းအိပ်မောကျစေပြီး ညတာရှည်တဲ့အထိ အိပ်စက်စေနိုင်ပါတယ်။ ကိုယ်အလေးချိန် လျော့ကျတာက အိပ်စက်မှုအရည်အချင်းကို ကောင်းမွန်စေသလို ညဘက်မှာ ဟောက်တာလည်း သက်သာသွားမှာပါ။

Most Popular

Healthy Life Ad
To Top