Healthy Life Ad
Health Tips

ကိုယ်အလေးချိန် ထိန်းနေသူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာ

စူး (ဆေးဝါးတက္ကသိုလ်)

Diet လုပ်နေသူတွေအနေနဲ့ ကိုယ်အလေးချိန် တိုးစေနိုင်တဲ့ ကယ်လိုရီများတဲ့ သရေစာတွေကို မစားမိစေဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာတွေကို စားဖြစ်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

စပျစ်သီး

စပျစ်သီးမှာ လိမ္မော်သီးနဲ့ ပန်းသီးတွေထက် အမျှင်ဓာတ်ပါဝင်မှုနည်းကာ သကြားဓာတ်ပါဝင်မှု များပေမယ့်လည်း စားလိုက်ရင် ကြာကြာဗိုက်ပြည့်နေတာကြောင့် သရေစာအဖြစ် စားပေးသင့်ပါတယ်။

ဗာဒံစေ့

ဗာဒံစေ့မှာ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်ပါဝင်မှု မြင့်မားနေတာကြောင့် ဗိုက်ဆာတဲ့အခါ အဆာပြေသရေစာအဖြစ် စားပေးနိုင်ပါတယ်။ ဗာဒံစေ့မှာပါတဲ့ အမျှင်ဓာတ်ဟာ ခန္ဓာကိုယ်ကနေ အဆီစုပ်ယူမှုမရှိအောင် ကာကွယ်ပေးနိုင်တာကြောင့် သရေစာအဖြစ် ဗာဒံစေ့တစ်အောင်စ (၂၂စေ့) ခန့် စားပေးသင့်ပါတယ်။

အဆီနည်း ဒိန်ချဉ်

အဆီနည်းဒိန်ချဉ်မှာ ကယ်လိုရီပါဝင်မှုနည်းပြီး အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တာကြောင့် သရေစာအဖြစ် စားပေးသင့်ပါတယ်။ အရသာချိုတာကြိုက်ရင် အဆီနည်းဒိန်ချဉ်ထဲကို ပျားရည် လက်ဖက်စားဇွန်းနှစ်ဇွန်း ဒါမှမဟုတ် စတော်ဘယ်ရီသီးအနည်းငယ် ထည့်စားပေးပါ။ ဒိန်ချဉ်စားတာကြောင့် သင့်အနေနဲ့ စိတ်ကျေနပ်မှု ရရှိလာပါလိမ့်မယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top