Healthy Life Ad
Health Tips

ဦးနှောက်အတွက် အကောင်းဆုံး ဟင်းခတ်အမွှေးအကြိုင်များ

စူး (ဆေးဝါးတက္ကသိုလ်)

သင်စားတဲ့အစားအစာထဲမှာ ဒီဟင်းခတ် အမွှေးအကြိုင်တွေ ပါရဲ့လား။ ဟင်းခတ်အမွှေးကြိုင် အများစုနဲ့ ဆေးဖက်ဝင်အပင်တွေဟာ ဆေးဘက်ဆိုင်ရာ အာနိသင်များစွာ ပါဝင်နေပေမယ့် ဦးနှောက်ကျန်းမာရေးနဲ့ ဆက်စပ်မှုရှိတယ်လို့တော့ မသိခဲ့ကြပါဘူး။ လေ့လာမှုတွေက အောက်ပါဟင်းခတ် အမွှေးအကြိုင်လေးမျိုးဟာ ဦးနှောက်အတွက် ကောင်းကျိုးများစွာ ပေးနိုင်တယ်လို့ ဆိုထားတဲ့အတွက် မပါမဖြစ် ထည့်စားပေးသင့်ပါတယ်။

(၁) နနွင်း

ဦးနှောက်အတွက် အကျိုးကျေးဇူး- နနွင်းမှုန့်ဟာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိပြီး အစွမ်းထက် အရောင်ကျအာနိသင် ရှိပါတယ်။ နနွင်းမှုန့်ကို နေ့စဉ်စားတဲ့ ဟင်းလျာထဲမှာ ထည့်စားပေးရင် အယ်လ်ဇိုင်းမားရောဂါဖြစ်နှုန်းကို ၂၅ ရာခိုင်နှုန်းအထိ လျော့ကျစေပါတယ်။ ဓာတ်ခွဲခန်း လေ့လာမှုအရ ကြွက်တွေကို နနွင်းကျွေးလိုက်တဲ့အခါ နနွင်းမှာ အဓိကပါဝင်တဲ့ Curcumin ဓာတ်ဟာ အယ်လ်ဇိုင်းမားရောဂါနဲ့ ဆက်စပ်နေတဲ့ Amyloid plaque လျော့နည်းနေကြကြောင်း သိရပါတယ်။

ဘယ်လိုတိုးမြှင့် စားသင့်သလဲ

ဟင်းလျာတွေထဲကို နနွင်းမှုန့်ထည့်ပေးပါ။ ပဲနီလေးဟင်းချိုလို ပဲဟင်းချိုတွေထဲမှာ နနွင်းမှုန့်ကို လက်ဖက်စားဇွန်းတစ်ဇွန်းခန့် ထည့်ပေးပါ။

(၂) ပဲစိမ်း

ဦးနှောက်အတွက် အကျိုးကျေးဇူး- ဆူရှီနဲ့တွဲစားရတဲ့ အစိမ်းရောင် ဟင်းခတ်အမွှေးအကြိုင်ပါ။ ဒါဟာ တစ်ခုနဲ့တစ်ခုကြား ဆက်သွယ်ပေးတဲ့ နာ့ဗ်ဆဲလ်တွေကို အားကောင်းစေပါတယ်။

ဘယ်လိုတိုးမြှင့် စားသင့်သလဲ

ငါးဟင်းထဲမှာထည့်စားပါ။ ပဲစိမ်းကို အမှုန့်အနေနဲ့သော်လည်းကောင်း၊ ဘူးထဲထည့်ပြီးသော်လည်းကောင်း သိမ်းထားနိုင်ပါတယ်။

၃။ ကြက်သွန်ဖြူ

ဦးနှောက်အတွက် အကျိုးကျေးဇူး-ကြက်သွန်ဖြူဟာ သွေးခဲခြင်းမဖြစ်အောင် ကာကွယ်နိုင်ကာ သွေးတွေကို ကျဲစေပါတယ်။ ဒါ့အပြင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောပမာဏကိုလည်း လျော့ကျစေပါတယ်။ နူရွန်တွေကို ထိခိုက်ဒဏ်ရာရမှုနဲ့ ရောဂါမဖြစ်အောင် ကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတွေပါဝင်ပြီး ဆဲလ်တွေကို ဖိစီးမှုဒဏ် ခံနိုင်ရည်ရှိစေပါတယ်။

ဘယ်လိုတိုးမြှင် စားသင့်သလဲ

ကြိတ်ချေထားတဲ့ ကြက်သွန်ဖြူကို အသုပ်တွေနဲ့ တွဲဖက်ပြီး စားနိုင်သလို စားမြိန်ရည်ထဲထည့်ကာ စားပေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top