Healthy Life Ad
International

အရိုးအကြောအဆစ်ဆိုင်ရာ အယူအဆအမှားငါးရပ်ကို ကမ္ဘာ့အကြီးဆုံး အရိုးအကြောအဆစ်ကုထုံး ဝက်ဘ်ဆိုက်တွင် ဖော်ပြ

ZKO

ဆစ်ဒနီကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးတက္ကသိုလ် လေ့လာသူတို့က လူဦးရေ နှစ်သောင်းရှစ်ထောင်ကျော်ကို စမ်းသပ်သုတေသနပြုခဲ့ရာ လူအများကြား အရိုး၊ အကြော၊ အဆစ်နှင့် ပတ်သက်ပြီး အယူအဆအမှားများရှိနေကြောင်းနဲ့ အတွေ့ရများတဲ့ ထိပ်တန်းအယူအဆမှား ငါးခုရှိကြောင်း တွေ့ရှိရပါတယ်။

အယူအဆအမှား (၁) သင်အိပ်တဲ့ မွေ့ရာအမျိုးအစားက ခါးနာခြင်းကို ကာကွယ်နိုင်ပါတယ်

ဒါကို အတည်ပြုနိုင်တဲ့ စမ်းသပ်လေ့လာမှုတွေကို ကောင်းစွာမတွေ့ရှိနိုင်သေးပါလို့ ကျွမ်းကျင်သူတို့ ဖြေကြားထားပါတယ်။

အယူအဆမှား (၂) လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာ ဆွဲဆန့်လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်းနဲ့ ကြွက်သားတောင့်တင်းနာကျင်မှု မဖြစ်စေဖို့ ကာကွယ်နိုင်ပါတယ်။

မပြေးခင်နဲ့ ပြေးပြီးချိန်မှာ ဆွဲဆန့်လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ထိခိုက်ဒဏ်ရာရခြင်းနဲ့ ကြွက်သားတောင့်တင်းမှုအပေါ် သိသာတဲ့ခြားနားချက်မရှိလို့ ကျွမ်းကျင်သူတို့က ဖြေကြားထားပါတယ်။

အယူအဆမှား (၃) လည်ပင်းထိခိုက်ဒဏ်ရာရရင် လည်ပင်းအကာ တပ်ဆင်ထားသင့်တယ်။

လည်ပင်းအရိုးအက်ခြင်းနဲ့ ဇက်နာခြင်းတို့မရှိရင် လည်ပင်းအကာ တပ်ဆင်မထားသင့်ဘူးလို့ ကျွမ်းကျင်သူတို့က ဖြေကြားထားပါတယ်။

အယူအဆမှား (၄) လက်ကောက်ဝတ်အဆစ်လွဲရင် သက်သာရာရစေဖို့ အာထရာဆောင်းရိုက်သင့်

မလိုအပ်တဲ့ စမ်းသပ်မှုဖြစ်ပြီး ငွေကုန်ကြေးကျများကြောင်း ကျွမ်းကျင်သူတို့က ဖြေကြားထားပါတယ်။

အယူအဆမှား (၅) နှလုံးခွဲစိတ်မှု ဒါမှမဟုတ် ဝမ်းဗိုက်အပေါ်ပိုင်း ခွဲစိတ်မှုအတွင်း နောက်ဆက်တွဲ ပြဿနာမဖြစ်စေဖို့ အသက်ပြင်းပြင်း ရှူနိုင်စေမယ့် ကိရိယာတပ်ဆင်သင့်

မလိုအပ်တဲ့ ကုသမှုဖြစ်ပြီး ငွေကုန်ကြေးကျများကြောင်း ကျွမ်းကျင်သူတို့က ဖြေကြားထားပါတယ်။

Ref;DM

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top