Healthy Life Ad
Health Tips

အိပ်ရာဘေးမှာ လီမွန်သီးနှစ်လုံးထားပေးရုံနဲ့ တစ်လအကြာမှာ ပိုတက်ကြွပျော်ရွှင်ပြီး လေ့လာနိုင်စွမ်း ပိုမြင့်တက်လာ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

အိပ်ရာခေါင်းရင်းထက်မှာ လီမွန်သီးတွေထားရှိရင် မြန်မြန်အိပ်မောကျစေပြီး အိပ်စက်မှုအရည်အသွေး မြင့်တက်စေတယ်ဆိုတာ သင်သိပါသလား။ တစ်ညလုံးအိပ်မပျော်သူ၊ အိပ်မက်ဆိုးမက်တတ်သူနဲ့ အိပ်ရေးမဝသူတွေအတွက် အထူးသင့်တော်တဲ့ အလွယ်နည်းပါ။

(၁) စိတ်ကြည်လင်အပန်းပြေပြီး အိပ်မောကျလွယ်ခြင်း

ညဘက်မှာ လီမွန်သီးရနံ့ရှူရှိုက်ပေးတာက ဟော်မုန်းတွေကို လျော့ကျစေပြီး သင့်ခန္ဓာကိုယ်ကို ပိုမိုသက်သောင့်သက်သာရှိစေတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ စိတ်အပန်းပြေလွယ်တဲ့အတွက် မြန်မြန်အိပ်မောကျစေတာပါ။

(၂) အာရုံစူးစိုက်နိုင်စွမ်း ကောင်းမွန်စေခြင်း

လီမွန်သီးရနံ့က အာရုံစူးစိုက်နိုင်စွမ်း ကောင်းမွန်စေပါတယ်။ သင်ယူလေ့လာနေရသူတွေအတွက် လီမွန်သီးကို စာကြည့်စားပွဲပေါ် တင်ထားတာ ဒါမှမဟုတ် ရေနွေးအကြမ်းပန်းကန်လုံး တစ်ခွက်ထဲ လီမွန်ရည်အနည်းငယ်ထည့်ထားတာတို့ လုပ်ဆောင်ပေးရင် အာရုံစူးစိုက်မှုပိုကောင်းစေပြီး လေ့လာသင်ယူရာမှာ ရလဒ်ကောင်းရရှိစေပါတယ်။

(၃) မှတ်ဉာဏ်ကောင်းစေခြင်း

လီမွန်သီးရနံ့ကို ပုံမှန်ရှူပေးရင် မှတ်ဉာဏ်က တဖြည်းဖြည်းနဲ့ ကောင်းမွန်လာလိမ့်မယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ အိပ်ရာခေါင်းရင်းထက်မှာ လီမွန်သီးထားပေးတာက အိပ်ရေးဝ၀ အိပ်မောကျစေပြီး စိတ်တည်ငြိမ်ကာ သင့်ခန္ဓာကိုယ်ကို စွမ်းအင်အပြည့် ရှိစေပါတယ်။ တစ်နေ့တာလုံး နုံးချည့်ညောင်းညာပြီး ခန္ဓာကိုယ်ကို ပြန်အားရှိလန်းဆန်းသွားစေမယ့် အိပ်ရေးဝ၀ အိပ်မောကျမှုကို ရရှိစေပါတယ်။ ဒီအခါ ဦးနှောက်မှတ်ဉာဏ်လည်း ပိုတိုးတက်ကောင်းမွန်လာစေပါတယ်။

(၄) စိတ်ခံစားမှု တိုးတက်ကောင်းမွန်စေခြင်း

လီမွန်သီးရနံ့က သင့်ခန္ဓာကိုယ်ကို ပျော်ရွှင်စေတဲ့ ဆီရိုတိုနင်ဓာတ် ထွက်ရှိစေပါတယ်။ ဒါကြောင့် လီမွန်ဆီကို စိတ်ကျရောဂါကုသရာမှာ ထည့်သုံးကြတာပါ။ စိတ်ဓာတ်ကျနေတဲ့သူ ဒါမှမဟုတ် စိုးရိမ်ပူပင်မှု များနေသူတွေဟာ စိတ်ခံစားမှုပြန်ကောင်းလာဖို့ လတ်လတ်ဆတ်ဆတ် လီမွန်သီးကို အိမ်တွင်းစိတ်ကုထုံးတစ်ခုအနေနဲ့ သုံးနိုင်ပါတယ်။

(၅) လေထုသန့်စင်ခြင်း

လီမွန်သီးရနံ့က လေထုတ်သန့်စင်စေပြီး လီမွန်သီးကရတဲ့ စစ်ထရစ်အက်စစ်ဟာ လေထဲကအန္တရာယ်ရှိတဲ့ ဓာတ်တွေကို ကာကွယ်ပေးကာ ပတ်ဝန်းကျင်ကို လန်းဆန်းအေးမြသွားစေပါတယ်။

(၆) ခြင်ကင်းစင်ခြင်း

အိပ်ခန်းထဲမှာ လီမွန်သီးထားရှိတာကြောင့် သင်းပျံ့အေးမြတဲ့ရနံ့ဟာ ခြင်၊ ပုရွက်ဆိတ်၊ ယင် ကောင်တွေကို မီတာရာနဲ့ချီ အဝေးကို အလိုအ လျောက် မောင်းထုတ်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top