မီမိုးမေ (ဆေးဝါးတက္ကသိုလ်)
(၁) သစ်ကြားသီး
ကောင်းတဲ့ အဆီတွေပါဝင်တာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အခွံမာသီးဖြစ်ပါတယ်။
(၂) အဆီများသောငါး
အဆီများတဲ့ငါးမှာပါတဲ့ အိုမီဂါသရီးဖက်တီးအက်ဆစ်က နှလုံးကျန်းမာရေးအတွက် မရှိမဖြစ်အရေးပါပါတယ်။
(၃) ဝိုင်နီ
ဝိုင်နီမှာပါတဲ့ ရက်စ်ဗာရထရောဟာ သွေးကြောတွေ ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော အဆင့်ကိုလျော့ကျစေကာ သွေးခဲတာကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၄) ဂျုံအကြမ်း
ဂျုံအကြမ်းမှာ ပျော်ဝင်အမျှင်ဓာတ်တွေ ပါဝင်တာကြောင့် မကောင်းတဲ့ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။
(၅) ထောပတ်သီး
ထောပတ်သီးမှာ ဖောလိတ်ဓာတ်ပါဝင်ပါတယ်။ ဖောလိတ်ပေါများစွာ ပါဝင်တဲ့ အစားအစာဟာ နှလုံးသွေးကြော ဆိုင်ရာရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)
