Healthy Life Ad
Health Tips

ဆန်းကစ်သီး၏ ကျန်းမာရေးကောင်းကျိုးများ

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

ဆန်းကစ်သီးရဲ့ အရေခွံက ထူတဲ့အတွက် လက်နဲ့ခွာဖို့ သိပ်မလွယ်ပါဘူး။ ဆန်းကစ်သီးကိုဓားနဲ့ခွဲပြီး အရည်ညှစ်ကာသောက်နိုင်သလို ဒီအတိုင်း အခွံချန်ပြီးလည်း စားလို့ရပါတယ်။ ဆန်းကစ်သီးမှာ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ဖောလိတ်ဓာတ်၊ သိုင်ယာမင်း၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်၊ ကြေးနီ၊ ပရိုတင်းဓာတ်၊ ဖလေဗနွိုက်၊ ဟာစပီရီဒင်နဲ့ တခြားအာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဆန်းကစ်သီးစားတာကြောင့် အောက်ပါကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

(၁) ကယ်လိုရီပါဝင်မှုနည်းပါးခြင်း

ဆန်းကစ်သီးကို သရေစာအဖြစ် စားတာကြောင့် သင်ရဲ့အစားလျှော့နေတဲ့အစီအစဉ်ကိုအနှောင့် အယှက် မဖြစ်စေပါဘူး။ ဆန်းကစ်သီးမှာ ကယ်လိုရီပါဝင်မှုနည်းပါးလို့ပါ။ နေ့တိုင်းသကြားနဲ့ အချို တွေထပ်မထည့်ဘဲ စားနိုင်ပါတယ်။

(၂) အဆာခံနိုင်ခြင်း

ထမင်းစားချိန်တစ်ချိန်နဲ့ တစ်ချိန်ကြား ဆန်းကစ်သီးကိုစားပေးတာကြောင့် ဗိုက်ပြည့်စေပြီး ဆာလောင်မှုကို တော်ရုံတန်ရုံ ခံနိုင်ရည်ရှိစေပါတယ်။

(၃) အဆီလောင်ကျွမ်းမှုမြင့်မားခြင်း

ခန္ဓာကိုယ်အဆီတွေ ပိုမိုလောင်ကျွမ်းဖို့ ကယ်လိုရီများများ သုံးရပါမယ်။ ဆန်းကစ်သီးက အ ဆီလောင်ကျွမ်းနှုန်းကိုမြန်စေတဲ့ အကောင်းဆုံး အစာတစ်မျိုးဖြစ်ပါတယ်။

(၄)ကိုယ်အလေးချိန်ထိန်းချုပ်နိုင်ခြင်း

အစားလျှော့နေသူတွေမှာ ခရမ်းချဉ်သီးအပြင် ဆန်းကစ်သီးကလည်းအသုံးဝင်ပါတယ်။ ဆန်းကစ်သီးမှာပါတဲ့ အမျှင်ဓာတ်က အလွန်များတာကြောင့် အစာကြေညက်မှုကို အားကောင်းစေပြီး အစာအိမ်ထဲမှာ ကြာကြာဗိုက်ပြည့်တဲ့ခံစားချက်ဖြစ်စေပါတယ်။ အစာမစားခင် ဆန်းကစ်သီးတစ်လုံးစားပေးတာက ကိုယ်စားမယ့် အစာပမာဏကို လျော့နည်းသွားစေပြီး ကိုယ်အလေးချိန်ကို ကောင်းကောင်းထိန်းပေးနိုင်ပါတယ်။

(၅) သွေးတွင်းကိုလက်စထရောအဆင့်ကို ဟန်ချက်ထိန်းနိုင်ခြင်း

သွေးတွင်းကိုလက်စထရောများတာက နှလုံးသွေးကြောရောဂါနဲ့ အဝလွန်ခြင်းဖြစ်စေတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ သွေးတွင်း ကိုလက်စထရောအဆင့်လျော့ကျဖို့ ဆန်းကစ်သီးကို ပုံမှန်စားသုံးသင့်ပါတယ်။ ဆန်းကစ်သီးက မကောင်းတဲ့ ကိုလက်စထရောကျစေရုံသာမက ကောင်းတဲ့ ကိုလက်စထရောအဆင့်ကိုပါ မြင့်တက်စေလို့ နှလုံးအတက်ရခြင်းနဲ့ လေဖြတ်ခြင်းဖြစ်နှုန်းတို့ကို လျော့ကျစေပါတယ်။

(၆) သွေးဖိအားထိန်းပေးခြင်း

ဆန်းကစ်သီးမှာပါတဲ့ ဟက်စ်ပါရီးဒင်ဓာတ်က အကောင်းဆုံး အင်တီအောက်ဆီးဒင့်ဖြစ်ပြီး ခန္ဓာကိုယ်ကို အဝလွန်တာကြောင့်ဖြစ်တတ်တဲ့ ရောဂါအမျိုးမျိုးကနေ ကာကွယ်ပေးပါတယ်။ ဒီဓာတ်က သွေးကြောတွေရဲ့ လုပ်ငန်းဆောင်တာကို ကောင်းစေပြီး သွေးဖိအားကိုထိန်းပေးပါတယ်။

(၇) ခန္ဓာကိုယ်အဆိပ်အတောက်ပြေစေခြင်း

ဆန်းကစ်သီးမှာပါတဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အေက အဆိပ်အတောက်ကင်းစင်စေပြီး ကျောက်ကပ်လုပ်ငန်းဆောင်တာ ကို ကောင်းမွန်စေပါတယ်၊ မျက်စိရောဂါတွေမဖြစ်အောင်ကာကွယ် ပေးပါတယ်။ ခန္ဓာကိုယ်ကနေ အဆိပ်တွေကို ဖယ်ရှားပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top