Healthy Life Ad
Health Tips

အမျိုးသားကြွက်သား သန်စွမ်းစေမည့် ထိပ်တန်းအစာများ

၊ ကိုထက် ၊

ကြွက်သားတွေ အားကောင်းအောင် တည်ဆောက်ပေးနိုင်ဖို့ အချိန်ယူရသလို အားထုတ်ရပါတယ်။ ကြွက်သားသန်စွမ်း တင်းရင်းအောင် လေ့ကျင့်ခန်းလုပ်နေရင်း မှန်ကန်သင့်တော်တဲ့ အစာစားပေးရင်
ကြွက်သားတွေ အားကောင်းအောင် အမြန်တည်ဆောက် ပေးနိုင်ပါတယ်။
3l
– ဥအမျိုးမျိုး
ကြွက်သားသန်စွမ်းအောင် လေ့ကျင့်ခန်း လုပ်နေသူတွေကို လေ့လာခဲ့တဲ့အခါ တစ်နေ့မှာ ကြက်ဥ / ဘဲဥ သုံးလုံးစားသူတွေက မစားသူတွေထက် ကြွက်သားသန်စွမ်းနှုန်း နှစ်ဆပိုမြင့်မားတာကို
တွေ့ရှိခဲ့ရပါတယ်။ ဥအမျိုးမျိုးမှာ ကောင်းတဲ့ ကိုလက်စထရော ပါဝင်တာကြောင့် တက်စတိုစတီရုန်း ဟော်မုန်းအဆင့်ကို မြင့်တက်စေကာ ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ ကြက်ဥကြော်အစား ကြက်ဥပြုတ်စားပါ။
6l
– ဂျုံနှင့် လုပ်ထားသော အစာ
ဂျုံနဲ့ လုပ်ထားတဲ့ အစာတွေမှာ ကာဗိုဟိုက်ဒရိတ် ကောင်းကောင်း ပါဝင်ပြီး ပရိုတင်းလည်း ပါဝင်တာကြောင့် သက်လုံကောင်းကာ ကြွက်သားတွေကို သန်စွမ်းတင်းရင်း စေပါတယ်။ ကြွက်သားသန်စွမ်းစေတဲ့ လေ့ကျင့်ခန်း မလုပ်ဆောင်ခင် နာရီဝက်လောက် ကြိုပြီး ဂျုံနဲ့ လုပ်ထားတဲ့ အစာတွေကို စားပေးပါ။
4l
– ငါး
ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တဲ့အတွက် ကြွက်သားတွေကို ကြီးထွားသန်စွမ်း စေပါတယ်။ အိုမီဂါ ၃ က ကြွက်သားသန်စွမ်း စေတဲ့အပြင် လေ့ကျင့်ခန်းလုပ်ပြီး ကြွက်သားထိခိုက်မှု မဖြစ်စေဖို့ ပြုပြင်ပေးနိုင်စွမ်း ရှိပါတယ်။
အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်မှုများတဲ့ ငါးတွေက တူနာငါး၊ ဆာဒင်းငါးနဲ့ ဆယ်လ်မွန်ငါးတွေ ဖြစ်ပါတယ်။ ဒီငါးတွေကို ငါးသေတ္တာဘူးအနေနဲ့ မြန်မာနိုင်ငံမှာ အတွေ့ရများပြီး ဆယ်လ်မွန်ငါးဟာ လေ့ကျင့်ခန်းမလုပ်ခင် စားသင့်တဲ့အစာ ဖြစ်ပါတယ်။
1l
– ဟင်းနုနယ်ရွက်
ဟင်းနုနယ်ရွက်မှာ အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ ဘီတာအက်ဒီစတီရုန်း ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ကြွက်သားသန်စွမ်းစေမယ့် ပရိုတင်းအသုံးပြုနိုင်စွမ်းကို အားကောင်းစေပါတယ်။
5l
– ဆန်လုံးညို
ဆန်ဖြူအစား ဆန်လုံးညို စားပေးတာက ကျန်းမာရေးအတွက် ပိုသင့်တော်ပါတယ်။ ဆန်လုံးညိုမှာ ဆန်ဖြူထက် သကြားနဲ့ အဆီဓာတ်ပါဝင်မှု လျော့နည်းပြီး GABA (Gamma – aminobutyric Acid) ပါဝင်တာကြောင့် ဟော်မုန်းအထွက် တိုးစေပါတယ်။
2l
– အမဲသား
သြဂဲနစ်အမဲသားမှာ လီနိုလိရစ်အက်စစ် ပါဝင်တာကြောင့် အဆီလောင်ကျွမ်းစေပြီး ကြွက်သားတွေကို တည်ဆောက်ပေးပါတယ်။ ဒါပေမဲ့ အနီရောင်အသားတွေကို အသင့်အတင့်ပဲ စားသင့်ပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top