Healthy Life Ad
Health Tips

အရောင်တွေက သင့်ခန္ဓာကိုယ်ကို ဘယ်လို သက်ရောက်စေသလဲ

အနီရောင်

အဒရီနယ်ဂလင်းနဲ့ နူရုန်းတွေကို လှုံ့ဆော်ပေးပါတယ်။

အနီရောင်များများနဲ့ ထိတွေ့မိရင် စိတ်ဖိစီးမှု ဖြစ်စေနိုင်ပါတယ်။

စူးရှတဲ့အနီရောင်က ဒေါသထွက်စေနိုင်ပါတယ်။

နှလုံးခုန်နှုန်းမြန်စေပြီး အသက်ရှူအားကောင်းစေပါတယ်။

စွမ်းအင်တိုးစေပါတယ်။

ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။

အသက်ရှူနှုန်းမြန်စေပါတယ်။

သွေးဖိအား မြင့်တက်စေပါတယ်။

အပြာရောင်

လူ့စိတ်ကို အေးမြစေပါတယ်။

ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို နှေးစေပါတယ်။

စိတ်တည်ငြိမ်စေပါတယ်။

အပြာရောင်များလွန်းရင် စိတ်ဓာတ်ကျတဲ့ခံစားချက်ဖြစ်စေပါတယ်။

အစာစားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်။

အဝါရောင်

စိတ်ခံစားမှု ကောင်းစေတဲ့ဆီရိုတိုနင်အထွက် တိုးစေပါတယ်။

အဝါရောင်များလွန်းရင် နုံးချည့်ညောင်းညာ စေပါတယ်။

ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပါတယ်။

အဝါရောင်အခန်းထဲမှာ ကလေးပိုငိုနိုင်ပါတယ်။

ကြည်နူးမြူးထူးတဲ့ ခံစားချက်ထွက်စေနိုင်ပါတယ်။

အစိမ်းရောင်
မျက်ဝန်းထဲမှာ အေးမြကြည်လင်စေပါ တယ်။

ခန္ဓာကိုယ်ကို အနားရစေပြီး စိတ်ဖိစီးမှု ပြေလျော့စေပါတယ်။

အမြင်အာရုံ အားကောင်းစေပါတယ်။

အနာကျက်အစွမ်းနဲ့ သန့်ရှင်းမှုအစွမ်း အားကောင်းစေပါတယ်။

ခရမ်းရောင်

စိတ်ခံစားချက်မြင့်စေပြီး နက်နဲတဲ့ အတွေးအခေါ်တွေ ထွက်ရှိစေပါတယ်။

လိင်စိတ်နိုးကြွစေပါတယ်။

ဝမ်းနည်းနေတဲ့အခါ ခရမ်းရောင်က ဝမ်းနည်းမှုကို ပိုဆိုးစေပါတယ်။

အလျင်လိုတဲ့ စိတ်ခံစားချက်ဖြစ်စေပါတယ်။

လိမ္မော်ရောင်

စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကို အားကောင်း စေပါတယ်။

အစာစားချင်စိတ် တိုးစေပါတယ်။

ဦးနှောက်ဆီ အောက်ဆီဂျင်ထောက်ပံ့မှုတိုး စေပါတယ်။

မီးခိုးရောင်

စိတ်ကို မတည်မငြိမ် လှုပ်ခတ်စေပါတယ်။

မျှော်လင့်ချက်ကို ပိုတိုးစေပါတယ်။

ပန်းရောင်

ဒေါသနဲ့စိုးရိမ်သောကကိုလျော့ကျစေပါတယ်။

မိန်းမဆန်တဲ့ အသွင်ပေါ်လွင်စေပါတယ်။

အဖြူရောင်

စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။

အောင်မြင်တဲ့ လမ်းစကို ဖော်ညွှန်းနေပါတယ်။

အနက်ရောင်

လေးနက်တဲ့ အတွေးကို ဖြစ်စေပါတယ်။

အနက်ဝတ်တာက လူကို သွယ်လျသလိုထင်ရစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top