Healthy Life Ad
Health Tips

ရေခဲရေသောက်သည့်အကျင့်ကို ရပ်လိုက်မှသာ သင့်ခန္ဓာကိုယ်အတွက်ရရှိနိုင်မည့် အကျိုးကျေးဇူးငါးသွယ်

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

ရေခဲရေသောက်တာက လူ့ခန္ဓာကိုယ်အတွက် ကောင်းတယ်ဆိုတာ လွဲမှားတဲ့ ယူဆချက်ပါ။ ရေခဲရေသောက်တာကြောင့် ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ ရေခဲရေသောက်တဲ့အခါ လည်ချောင်းအနောက်ဘက်ကနေ အချွဲတွေ ပိုထွက်လာပြီး ကိုယ်ခံအားစနစ်ကို အဟန့်အတားဖြစ်စေကာ အအေးမိဖျားနာဝေဒနာ ရလွယ်တတ်ပါတယ်။ ရေခဲရေသောက်တဲ့အကျင့်ရပ်ပြီး ရေနွေးသောက်ပေးတာကြောင့် သင့်ခန္ဓာကိုယ်အတွက် အောက်ပါကောင်းကျိုးတွေရရှိစေမှာပါ။

(၁) ခန္ဓာကိုယ်ဇီဝရုပ်ဖြစ်စဉ်အတွက် စွမ်းအင်တိုးစေခြင်း

မနက်အိပ်ရာထပြီးချိန်မှာ ရေခပ်နွေးနွေး တစ်ဖန်ခွက်သောက်ပါ။ ခန္ဓာကိုယ်အပူချိန် မြင့်တက်စေပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။

(၂) သကြားစားချင်စိတ်ပြင်းပြမှု လျော့နည်းခြင်း

ချိုတဲ့ သရေစာတွေကို စားချင်စိတ် ပြင်းပြနေရင် ရေနွေးတစ်ဖန်ခွက်ကို အရင်ဆုံးသောက်လိုက်ပါ။ ဒါ့အပြင် ရေထဲ သကြားလေးနည်းနည်းခတ်ပြီး သောက်လိုက်ပါ၊ အချိုစာ စားချင်စိတ် ပြင်းပြမှုလျော့ကျသွားပါလိမ့်မယ်။

(၃) အူလှုပ်ရှားမှု ပုံမှန်ကောင်းစေပြီး ဝမ်းမှန်မှန်သွားစေခြင်း

ရေနွေးကို ပုံမှန်သောက်ပေးတာကြောင့် ဝမ်းချုပ်တာကို လျော့ပါးသက်သာစေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။

(၄) အဆိပ်အတောက်နှင့် စွန့်ပစ်ပစ္စည်းများ ဖယ်ရှားနိုင်ခြင်း

ရေနွေးသောက်တဲ့အခါ ကိုယ်အပူချိန် ပုံမှန်ထိန်းနိုင်တာနဲ့ သွေးလှည့်ပတ်မှုကောင်းတာ စတဲ့ ကောင်းကျိုးတွေအပြင် ချွေးထွက်တာနဲ့ ဆီးမှန်မှန်သွားတာ စတဲ့ ခန္ဓာကိုယ်သန့်စင်တဲ့ ကောင်းကျိုးတွေလည်း ရရှိစေပါတယ်။

(၅) အစာကြေညက်လွယ်စေခြင်း

ရေနွေးသောက်တာကြောင့် အထူးအင်ဇိုင်း ထုတ်လုပ်မှုတိုးစေပြီး အစာကြေစေပါတယ်။ အဆီများတဲ့ အစာတွေစားပြီးရင် ရေနွေးတစ်ဖန် ခွက်သောက်လိုက်ပါ။ အဆီတွေကို ကောင်းကောင်းပျော်စေပြီး အစာကြေလွယ်စေပါတယ်။

မှတ်ချက်။ ။ ရေခပ်နွေးနွေးဆိုတာ ကျိုချက်ထားတဲ့ ရေနွေး (လက်ဖက်ခြောက်ခတ်ခတ်/ မခတ်ခတ်)ကို ဆိုလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top