Healthy Life Ad
Life Style

ပရိုဘိုင်အိုးတစ် (၁) (Probiotic)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

– ပရိုဘိုင်အိုးတစ် Probiotics ဆိုတာ ဘာလဲ

ပရိုဘိုင်အိုးတစ်တွေဟာ ဘက်တီးရီးယားပိုးတွေပဲဖြစ်ပါတယ်။ ဘက်တီးရီးယား Bacteria ပိုးလို့ ဆိုလိုက်တာနဲ့ ကြောက်စရာကောင်းတဲ့ ရောဂါဖြစ်စေတဲ့ပိုးတွေကိုပဲ မြင်ယောင်မိတတ်ကြပါတယ်။

တကယ်တော့ လူတွေကို နေကောင်းကျန်းမာအောင် ထိန်းသိမ်းပေးနေတဲ့၊ ကောင်းကျိုးပေးနေတဲ့ ပိုးတွေရှိတယ်ဆိုတာ သိတဲ့သူနည်းပါတယ်။ ဒီကောင်းကျိုးတွေပေးနေတဲ့ ဘက်တီးရီးယားပိုးတွေကို ပရိုဘိုင်အိုးတစ်လို့ခေါ်ပါတယ်။ အများသိရှိဖို့လိုအပ်တဲ့ ကောင်းကျိုးပေးနေတဲ့ probiotic ဘက်တီးရီးယားပိုးတွေအကြောင်း ပိုပြီးနားလည်အောင် ရှင်းပြလိုက်ပါတယ်။

အစာအိမ်နဲ့ အူလမ်းကြောင်းတို့ရဲ့ မျက်နှာပြင်တွေမှာ ဖုံးအုပ်ထားပြီး ကောင်းကျိုးဖြစ်စေတဲ့ ဘက်တီးရီးယားပိုးများကို ပရိုဘိုင်အိုးတစ်တွေလို့ ခေါ်ပါတယ်။ သူတို့ဟာ ခန္ဓာကိုယ်အတွက် ဗီတာမင်နဲ့ အာဟာရဓာတ်တွေကိုအူထဲမှ သွေးကြောတွေထဲသို့ စုတ်ယူရာမှာ အထောက်အကူပေးတဲ့အပြင် ပြင်ပမှ ဒုက္ခပေးမဲ့ ဘက်တီးရီးယားပိုးတွေ မဝင်နိုင်အောင်လည်း ကာကွယ်တားဆီးပေးပါတယ်။

အူတွေထဲမှာ အူနံရံအပြည့် ဒီလိုပရိုဘိုင်အိုးတစ်ပိုးတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီပိုးတွေ သေသွားမယ်၊ လျော့နည်းသွားမယ်ဆိုရင် ကျန်းမာရေးကိုထိခိုက်မှာ အမှန်ပင်ဖြစ်ပါတယ်။ ဒီပိုးတွေဟာ အူကျန်းမာရေးအတွက်သာမက ခန္ဓာတစ်ကိုယ်လုံးရဲ့ ကျန်းမာရေးအတွက်လည်း အလွန်အရေးပါကြောင်း သိပ္ပံပညာရှင်တွေက လေ့လာသိရှိထားပါတယ် . . .

လူတွေရဲ့အရေပြားနဲ့အူတွေထဲမှာ ဘက်တီးရီးယားပိုးတွေ အမျိုးပေါင်း ၅၀ဝ ကျော်နေနေကြတယ်လို့ ပြောပါတယ်။ အူထဲမှာ ဒီလိုပရိုဘိုင်အိုးတစ်ပိုးတွေ အရေအတွက် ဘယ်လောက်ရှိနေလဲဆိုရင် ခန္ဓာတစ်ကိုယ်လုံးမှာရှိတဲ့ ကလာပ်စည်း cell အရေအတွက်နဲ့ အညီရှိတယ်လို့ဆိုပါတယ်။ တကယ်တော့ အူတွေထဲမှာ အူနံရံအပြည့် ဒီလိုပရိုဘိုင်အိုးတစ်ပိုးတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီပိုးတွေ သေသွားမယ်၊ လျော့နည်းသွားမယ်ဆိုရင် ကျန်းမာရေးကိုထိခိုက်မှာ အမှန်ပင်ဖြစ်ပါတယ်။ ဒီပိုးတွေဟာ အူကျန်းမာရေးအတွက်သာမက ခန္ဓာတစ်ကိုယ်လုံးရဲ့ ကျန်းမာရေးအတွက်လည်း အလွန်အရေးပါကြောင်း သိပ္ပံပညာရှင်တွေက လေ့လာသိရှိထားပါတယ်။

သူတို့တွေကရောဘယ်နေရာမှာ ကောင်းကျိုးတွေပေးနေကြသလဲဆိုတာ ဆက်ပြီးရှင်းပြပါဦးမယ်။ သက်သေသာဓကရှိပြီးဖြစ်တဲ့ အကျိုးကျေးဇူးတွေကတော့ …

၁။ Supporting immune function ခုခံအား ကောင်းမွန်စေခြင်း

IgA အိုင်ဂျီအေလို့ခေါ်တဲ့ အူတွင်းရှိ ခုခံအားကို များများစစ်ထုတ်ပေးဖို့ လှုံ့ဆော်ပေးပါတယ်။ T cell လို့ခေါ်တဲ့ပိုးတွေကို သတ်ပစ်တဲ့ သွေးဖြူဥတွေကို ပိုမိုအားကောင်းစေဖို့ထိန်းပေးပါတယ်။ ပဋိဇီဝပိုး သတ်ဆေးတွေပေးရင် အူမှာရှိတဲ့ ခုခံအား ဒါမှမဟုတ် immune fiction တွေလျော့ကျသွားစေပါတယ်။

၂။ Protection from harmful organisms ရောဂါဖြစ်စေတဲ့ပိုးများ၏ အန္တရာယ်မှကာကွယ်ပေးခြင်း

အူထဲမှာ ပရိုဘိုင်အိုးတစ်ပိုးတွေနေရာယူထားခြင်းဖြင့် ဆိုးသွမ်းပြီး ဒုက္ခပေးမယ့် ဘက်တီးရီးယားပိုးတွေ လာရောက်တွယ်ကပ်ခြင်းမပြုနိုင်အောင် ကာကွယ်ပေးပါတယ်။ အင်ဇိုင်းတွေထုတ်လုပ်ပြီး ဆိုးတဲ့ပိုးတွေကို ဖျက်ဆီးပေးပါတယ်။ တိုက်ထုတ်ပေးပါတယ်။ ကိုယ်တွင်းထဲ ရောဂါပိုးတွေမဝင်နိုင်အောင် တားပေးတဲ့ ဂိတ်စောင့်တပ်သားတွေလို့ တင်စားလို့ရပါတယ်။

၃။ Reducing inflammation ရောင်ကိုင်းခြင်း ဖြစ်စဉ်များ လျော့နည်းစေခြင်း

ရောင်ကိုင်းခြင်း (inflammation)ဟာ မကောင်းတာကိုဖြစ်စေတဲ့ ဓာတ်ပြုခြင်းဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ရောင်ကိုင်းခြင်းဟာ ဝခြင်း၊ ဆီးချိုဖြစ်ခြင်း၊ သွေးကြောအဆီကပ်ခြင်းတွေနဲ့ ဆက်စပ်နေပါတယ်။ ပရိုဘိုင်အိုးတစ်တွေက ဒီရောင်ကိုင်းခြင်းဖြစ်စဉ်ကို နည်းစေခြင်းဖြင့် ကောင်းကျိုးပေးပါတယ်။

၄။ Promoting healthy digestion ကျန်းမာသော အစာခြေဖျက်ခြင်းကို ထောက်ပံ့ပေးခြင်း

ပရိုဘိုင်အိုးတစ်တွေ ရှိခြင်းကြောင့် အစာခြေခြင်းနှင့် အစာအာဟာရတွေ၊ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေစုပ်ယူခြင်းတွေကို ပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။ ဥပမာ ဗီတာမင်ဘီတွဲလ်ထုတ်လုပ်ပေးခြင်း၊ ဗီတာမင်ကေတူးနဲ့ ဗြူးတရိတ်ဆိုတဲ့ ဓာတ်တွေ ဖန်တီးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် အကျိုးပြုပါတယ်။ ကေတူးကတော့ အရိုးကျန်းမာရေး၊ သွေးကြောကျန်းမာရေးတွေနဲ့ သက်ဆိုင်ပါတယ်။ အူလှုပ်ရှားမှု မမှန်တဲ့ IBS irritable bowel syndrome တွေမှာလည်း ပရိုဘိုင်အိုးတစ်ဖြည့်ပေးခြင်းဖြင့် ဝမ်းပျက်တာ လျော့နည်းစေပါတယ်။

၅။ Maintaining beautiful skin အသားအရေ လှပစေခြင်း

ပရိုဘိုင်အိုးတစ်နည်းရင် အရေပြားနှင်းခူ (Eczema) ဖြစ်တတ်ပါတယ်။

၆။ Obesity and Diabetes အဝလွန်သူများနဲ့ ဆီးချိုသွေးချိုရောဂါအတွက် အထောက်အကူပေးခြင်း

ပရိုဘိုင်အိုးတစ်တွေဟာအဝလွန်တာကို လျော့စေတယ်လို့လည်း သိရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ပထမပတ်မှစပြီး ကိုယ်ဝန်တစ်လျောက်လုံးမှာ ဒီပရိုဘိုင်အိုးတစ်တွေပေးထားပြီး လေ့လာကြည့်တဲ့အခါ မွေးပြီးတစ်နှစ်၌ ကိုယ်ခန္ဓာမှာ အဆီစုတာ ပိုနည်းစေတာတွေ့ရပါတယ်။

See More

ပရိုဘိုင်အိုးတစ် (၂) (Probiotics)

ပရိုဘိုင်အိုးတစ် (၃) (Probiotic)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top