ဝမ်းချုပ်တာက သင်ထင်သလို အလွယ်တကူ ဖြေရှင်းဖို့တော့မလွယ်ပါဘူး။ အူလှုပ်ရှားမှု နည်းတာနဲ့အထိုင်များတာကြောင့် ဝမ်းချုပ်တာကို ဖြစ်စေနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာ ဝမ်းချုပ်တာက ပိုအဖြစ်များတတ်ပါတယ်။ အသက်ကြီးချိန်မှာ ဝမ်းချုပ်တာက ဆေးဝါးသောက်သုံးရတာ၊ ခွဲစိတ်ကုသမှု ခံယူရတာစတဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ စားတဲ့ အစားအသောက်ထဲမှာ အမျှင်ဓာတ်ပါဝင်မှု နည်းတာ၊...
၊ ကိုထက် ၊ ကင်ဆာကြောင့် သေဆုံးမှု ၄၀ ရာခိုင်နှုန်းနီးပါးကို ရိုးရှင်းတဲ့ ဘဝနေထိုင်စားသောက်မှုပုံစံပြောင်းလဲမှုနဲ့ ကာကွယ်နိုင်တယ်လို့ လေ့လာမှုအသစ်က ဆိုလိုက်ပါတယ်။ ဆေးလိပ်ဖြတ်တာ၊ အစားအသောက်ကို ကျန်းမာရေးနဲ့အညီ စားသောက်တာ၊ အရက်ကို မသောက်ဘဲနေတာ ဒါမှမဟုတ် လျှော့သောက်တာ စတဲ့ နေထိုင်မှုပုံစံတွေက...
၊ လရိပ်မေ ၊ ကိုယ်အလေးချိန်ထိန်းနေသူတို့အတွက် အိပ်ရာဝင်ခါနီး အစားမစားသင့်ပါဘူး။ ညဘက်မှာ ဗိုက်ဆာလာပြီဆိုရင် အိပ်မပျော်နိုင်ဖြစ်တတ်သလို စားမိရင်လည်း ကိုယ်အလေးချိန် မြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ရာဝင်ခါနီး ဗိုက်မဆာစေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။ နံနက်စာ နံနက်စာစားတာက အရေးကြီးပါတယ်။ နံနက်စာစားရင်...
ပါမောက္ခဦးအေးမွန်(ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး ။ ဂရင်ဂျီနာဖြစ်ရင် ခွဲစိတ်ကုသမှု ခံယူရပါသလား ဆရာ။ ဖြေ ။ ဂရင်ဂျီနာက ခွဲစိတ်ကုသမှပဲ ပျောက်ကင်းနိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါရှိတဲ့သူ၊ ကင်ဆာဆေးသွင်းကုသမှု ခံယူနေရတဲ့သူ၊ ကင်ဆာရောဂါကြောင့် ခန္ဓာကိုယ်အောက်ပိုင်းကို ဓာတ်ရောင်ခြည်ပေးပြီး ကုသမှုခံယူနေရတဲ့သူ၊ HIV ပိုးရှိတဲ့သူ၊...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) တစ်ခါတုန်းက တောင်ထိပ်တစ်ခုမှာ သိုးအုပ်ကို စောင့်ကြည့်ရင်း ပျင်းရိနေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ ပျင်းလာတာနဲ့ သူက အော်လိုက်တယ်။ “ဝံပုလွေကြီးလာပြီ . . ဝံပုလွေကြီး . . သိုးတွေ နောက်ကိုလိုက်နေပြီ” ရွာသားတွေက...
ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး. ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး လက်ကိုင်ဖုန်း သုံးလာကြသလို လက်ကိုင်ဖုန်းအသုံးများတာကိုလည်း တွေ့ရပါတယ်။ လက်ကိုင်ဖုန်းအသုံးများတာကြောင့် ဘယ်လိုကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါသလဲဆရာ။ ဖြေ. အခုခေတ်ကတော့ လူအတော်များများက လက်ကိုင်ဖုန်းတွေ၊ တက်ဘလက်တွေ အသုံးများလာကြပါတယ်။ အဲဒီလို အသုံးပြုမှုများလာတဲ့အခါကျတော့ ခေါင်းကိုငုံ့ပြီး...
မေး ။ အကြောဆေးကို ခဏခဏသွင်းဖြစ်ပါတယ်။ အဲဒီလို ခဏခဏသွင်းရင် ဘာဖြစ်တတ်ပါသလဲ။ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။ ဖြေ ။ အကြောဆေးဆိုရာမှာ ဘာဆေးတွေလဲဆိုတာ မပါတဲ့အတွက် ဂလူးကို့စ်သက်သက်လား၊ ဒါမှမဟုတ် ဂလူးကို့စ်နဲ့တွဲပြီး ဗီတာမင်တွေပါသလား။ သွင်းတဲ့ဆေးအပေါ်...
၊ လရိပ်မေ ၊ ဗိုက်နဲ့ခါးမှာ စုနေတဲ့အဆီတွေက အန္တရာယ်ရှိတဲ့အဆီတွေဖြစ်တာကြောင့် အောက်ပါ ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ (၁) နှလုံးရောဂါ ဗိုက်မှာအဆီစုတာရဲ့ အရင်ဦးဆုံးနဲ့ အဖြစ်များဆုံး ကျန်းမာရေးအန္တရာယ်ကတော့ နှလုံးရောဂါပါပဲ။ ဗိုက်မှာ အဆီစုတာက သွေးတွင်းကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက်အဆီစုနေတတ်တာကြောင့် လေဖြတ်နိုင်ခြေရှိတဲ့ အလားအလာရှိနေပါတယ်။...