Healthy Life Ad
Health Tips

အသက်ကြီးသူများ ဝမ်းချုပ်ခြင်း သက်သာစေရန်

ဝမ်းချုပ်တာက သင်ထင်သလို အလွယ်တကူ ဖြေရှင်းဖို့တော့မလွယ်ပါဘူး။ အူလှုပ်ရှားမှု နည်းတာနဲ့အထိုင်များတာကြောင့် ဝမ်းချုပ်တာကို ဖြစ်စေနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာ ဝမ်းချုပ်တာက ပိုအဖြစ်များတတ်ပါတယ်။ အသက်ကြီးချိန်မှာ ဝမ်းချုပ်တာက ဆေးဝါးသောက်သုံးရတာ၊ ခွဲစိတ်ကုသမှု ခံယူရတာစတဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ စားတဲ့ အစားအသောက်ထဲမှာ အမျှင်ဓာတ်ပါဝင်မှု နည်းတာ၊ အရည်သောက်သုံးမှုနည်းတာတွေကြောင့်လည်း ဝမ်းချုပ်ရတတ်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်တာ သက်သာစေဖို့ အမျှင်ဓာတ်ပါတဲ့ဟင်းသီးဟင်းရွက်၊ သစ်သီး ဝလံ(အထူးသဖြင့်သစ်သီးခြောက်)၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ(ဥပမာ- ဆန်လုံးညို၊ အညို ရောင်ပေါင်မုန့်)နဲ့ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတဲ့ ကွေကာတို့ကို စားပေးသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကလည်း ဝမ်းချုပ်တာ သက်သာစေမယ့် နည်းလမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top