Healthy Life Ad
Health Tips

ဗီတာမင်အကြောင်း အသုံးဝင်သော အချက်များ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

လိုအပ်ချိန်မှာ ဗီတာမင်မှီဝဲတာက လူတွေကို ကျန်းမာပြီး လူ့သက်တမ်းအနည်းငယ် ပိုရှည်စေနိုင်ပါတယ်။ ဒါပေမဲ့ ဗီတာမင်တွေကို ဘယ်အခါမှာ မှီဝဲသင့်တာလဲ၊ ဘယ်လိုမှီဝဲသင့်သလဲဆိုတဲ့ အကြောင်းတွေကို သိထားဖို့ လိုအပ်ပါတယ်။

ဗီတာမင်ချို့တဲ့တာကို ဘယ်လို သိနိုင်သလဲ

(၁) အရေပြား

ခြောက်သွေ့ပြီး အဖတ်ကွာခြင်း၊

အနာသေးသေးတွေ အလွယ်တကူမကျက်နိုင်ခြင်း၊

အရေပြား ပွန်းပဲ့ဒဏ်ရာတွေ မမျှော်လင့်ဘဲဖြစ်ပေါ်ခြင်း။

(၂) လက်သည်းခြေသည်း

မွဲခြောက်ခြင်း၊

လက်သည်းကြွပ်ဆတ်ခြင်း၊

ဘယ်လောက်ဂရုစိုက်စိုက် အားနည်းနေခြင်း၊

လက်သည်းအစင်းကြောင်း၊ အစက်အပြောက်တွေထင်ခြင်း။

(၃) ဆံပင်

ဆံပင်ကျွတ်ခြင်း၊

ဆံပင်ကျိုးပြတ်လွယ်ခြင်း၊

ဆံပင်အရောင်မှိုင်းခြင်း။

(၄) အာရုံကြောစနစ်

အိပ်မပျော်ခြင်း၊

အကြောင်းပြချက်မရှိဘဲ စိတ်ဓာတ်ကျခြင်း၊

အာရုံစူးစိုက်မှု မကောင်းခြင်း၊

စွမ်းအင်မရှိခြင်းနဲ့ ချည့်နဲ့ခြင်း။

အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေထဲက အများစုကို သတိပြုမိရင် ဆရာဝန်နဲ့ တွေ့ဆုံ
ပြသသင့်ပါတယ်။

ဆေးတွေက ဗီတာမင်စုပ်ယူမှုအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

အက်စ်ပရင်- ကယ်လ်ဆီယမ်အဆင့်ကိုလျော့ကျစေပြီး ဗီတာမင်အေ၊ ဘီနဲ့ စီပမာဏကိုလည်းလျော့ကျစေပါတယ်။

ပဋိဇီဝပိုးသတ်ဆေးများ- မဂ္ဂနီဆီယမ်၊ကယ်လ်ဆီယမ်၊ သံဓာတ်နဲ့ ဗီတာမင်ဘီပမာဏကို လျော့ကျစေပါတယ်။

ဆီးဆေးများ- ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်(သွပ်)နဲ့ဗီတာမင်ဘီပမာဏကို လျော့ကျစေပါတယ်။

ဝမ်းနုတ်ဆေးများ- ဗီတာမင်အေ၊ အီးနဲ့ ဒီ စုပ်ယူမှုကို ဟန့်တားပေးပါတယ်။

သွေးကျဲဆေး- ဗီတာမင်ကေ၊ ဗီတာမင်အီးတို့ နဲ့တွဲမသုံးသင့်ပါ။

ကိုလက်စထရောများခြင်းကို ကုသပေးသော ဆေးများ- ဗီတာမင်အေနဲ့ ပေါင်းစပ်မရနိုင်ပါ။

ဗီတာမင်အေ

ကောင်းကျိုး – အရိုးနဲ့ ကြီးထွားမှုကို အားကောင်းစေပြီး အသက်ရှူလမ်းကြောင်းပိုးဝင်တာကို ခံနိုင်ရည်ရှိစေပါတယ်။

ချို့တဲ့ပါက ဖြစ်တတ်သည့် လက္ခဏာ – အရေပြားခြောက်သွေ့ခြင်းနဲ့ ကြီးထွားမှုနှေးခြင်း။

လွန်ကဲပါက ဖြစ်တတ်သည့် လက္ခဏာ – အစာစားချင်စိတ်လျော့ကျခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ မျက်စိကျိန်းခြင်း။

ဗီတာမင်ဘီစစ်

ကောင်းကျိုး – ပဋိပစ္စည်းနဲ့ သွေးဆဲလ်ထုတ်လုပ်မှုကောင်းစေပြီး အာရုံကြောစနစ်ကို ကောင်းကောင်း အလုပ်လုပ်ဖြစ်စေပါတယ်။

ချို့တဲ့ပါက ဖြစ်တတ်သည့် လက္ခဏာ – အရေ ပြားယားယံမှု၊ ခံတွင်းရောင်ရမ်းမှု ဖြစ်တတ်ပါတယ်။

လွန်ကဲပါက ဖြစ်တတ်သည့် လက္ခဏာ – လက်နဲ့ ခြေထုံကျဉ်တတ်ပါတယ်။

ဗီတာမင်ဘီ၁၂

ကောင်းကျိုး – သွေးနီဥထုတ်လုပ်မှု၊ ဦးနှောက် နဲ့ မှတ်ဉာဏ်လုပ်ငန်းဆောင်တာတို့ကို ကောင်းမွန်စေပါတယ်။

ချို့တဲ့ပါက ဖြစ်တတ်သည့် လက္ခဏာ – သွေးအားနည်းတာနဲ့ အာရုံကြောထိခိုက်တာ။

လွန်ကဲပါက ဖြစ်တတ်သည့် လက္ခဏာ – အရေပြားနီမြန်းခြင်း။

ဗီတာမင်စီ

ကောင်းကျိုး – တွယ်ဆက်တစ်သျှူး၊ သွားနဲ့ ကိုယ်ခံအားစနစ် ကျန်းမာစေပါတယ်။

ချို့တဲ့ပါက ဖြစ်တတ်သည့် လက္ခဏာ – သွားဖုံးသွေးယိုပီး ကိုယ်ခံအားကျစေပါတယ်။

လွန်ကဲပါက ဖြစ်တတ်သည့် လက္ခဏာ – ဝမ်းပျက်ဝမ်းလျှောခြင်း၊ ကျောက်ကပ်လုပ်ငန်းဆောင်တာ မကောင်းခြင်းတို့ ဖြစ်တတ်ပါတယ်။

ဗီတာမင်ဒီ

ကောင်းကျိုး – အရိုးတစ်သျှူးအားကောင်းစေပြီး ကယ်လ်ဆီယမ်နဲ့ ဖော့စ်ဖရပ်စ်မျှခြေကို ထိန်းပေးပါတယ်။

ချို့တဲ့ပါက ဖြစ်တတ်သည့် လက္ခဏာ – သွား ပိုးစားတာ၊ အရိုးအားနည်းတာ။

လွန်ကဲပါကဖြစ်တတ်သည့်လက္ခဏာ – ခေါင်း ကိုက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း။

ဗီတာမင်အီ

ကောင်းကျိုး – အာရုံကြော၊ သွေးလှည့်ပတ်မှုနဲ့ ကြွက်သားဆိုင်ရာစနစ် လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။

ချို့တဲ့ပါက ဖြစ်တတ်သည့် လက္ခဏာ – အရေပြားအခြေအနေကို ပိုဆိုးစေပါတယ်။

လွန်ကဲပါက ဖြစ်တတ်သည့် လက္ခဏာ – သွေး ဖိအားများစေပါတယ်။

နီကိုတင်းနစ်အက်စစ်

ကောင်းကျိုး – ဇီဝကမ္မဖြစ်ပျက်မှုကောင်းစေပါတယ်၊ အရေပြား ကျန်းမာစေပါတယ်။

ချို့တဲ့ပါက ဖြစ်တတ်သည့် လက္ခဏာ – အစာစားချင်စိတ်ချို့တဲ့ခြင်း၊ အားနည်းခြင်း။

လွန်ကဲပါက ဖြစ်တတ်သည့် လက္ခဏာ – ယားခြင်း။

ဗီတာမင်မှီဝဲမည်ဆိုလျှင်
ဗီတာမင်အားဆေးတွေကို မှီဝဲတဲ့အခါမှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ မှီဝဲသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top