Healthy Life Ad
International

လက်အခြောက်ခံစက် အသုံးပြုခြင်းနှင့် ကျန်းမာရေး

၊ ကိုထက် ၊

အိမ်သာတက်ပြီး လက်ဆေးတာက လူတိုင်းလိုက်နာရမယ့် အခြေခံတစ်ကိုယ်ရေသန့် ရှင်းရေး ကျင့်ဝတ်တစ်ခုပါ။ ဒါပေမဲ့ လက်ဆေးပြီး လက်အခြောက်ခံစက်သုံးတာက လက်သန့်ရှင်းမှုကို ပြောင်းပြန်ဖြစ်စေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်အခြောက်ခံစက်တွေက အိမ်သာထဲမှာ အညစ်ပတ်ဆုံးအရာတစ်ခု ဖြစ်နေလို့ပါလို့ ဆိုပါတယ်။

လက်အခြောက်ခံစက်တွေက ဘာကြောင့်ညစ်ပတ်ရတာလဲ

လေပူထွက်တဲ့ လက်အခြောက်ခံစက်တွေက အိမ်သာထဲမှာရှိတဲ့ ပိုးမွှားတွေနဲ့ ဘက်တီးရီးယားပိုးတွေကို စုပ်ယူထားနိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ သင့်အနေနဲ့ လက်အခြောက်ခံစက်သုံးတဲ့အခါ သင်က ကူးစက်ပိုးနဲ့ ဓာတ်မတည့်မှုဖြစ်နိုင်ခြေများပါတယ်။

ကျန်းမာရေးအန္တရာယ်များ

အီးကိုလိုင်ပိုးက မစင်ထဲမှာ အဓိက တွေ့ရတဲ့ ပိုးတစ်မျိုးပါ။ သင်ဝမ်းသွားတဲ့အခါ အိမ်သာထဲမှာ အီးကိုလိုင်ပိုး ပြန့်နှံ့တတ်ပါတယ်။ လက်အခြောက်ခံစက်က ဘက်တီးရီးယားပိုးတွေကို စုပ်ယူထားတဲ့အတွက် သင်ကလက် အခြောက်ခံလိုက်တဲ့အခါ အီးကိုလိုင်ပိုးတွေ လက်မှာ ကပ်ငြိနိုင်ပြီး အစာအဆိပ်သင့်တာလို နာမကျန်းမှုဖြစ်နိုင်ခြေရှိနေပါတယ်။

လေ့လာသုံးသပ်မှု

သိပ္ပံပညာရှင်တွေက လက်အခြောက်ခံစက်အောက်မှာ အထူးပန်းကန်ပြားတစ်ချပ်ထားပြီး လက်အခြောက်ခံစက်ကို စက္ကန့် ၃၀ ကြာ ဖွင့်ထားခဲ့ပါတယ်။ အဲဒီပန်းကန်ပြားကို စစ်ဆေးကြည့်တဲ့အခါ ဘက်တီးရီးယား ၁၈မျိုးက နေ ၆၀လောက်အထိ တွေ့ရတယ်လို့ သိရပါတယ်။

အန္တရာယ်ရှိတဲ့ ပိုးမွှားတွေကို ရှောင်နိုင်သလား

အိမ်သာတက်တဲ့အခါ ဒီလို ကျန်းမာရေး ထိခိုက်စေနိုင်တဲ့ ပိုးမွှားတွေ မကပ်ငြိအောင် လက်အခြောက်ခံ လေမှုတ်စက်ကို မသုံးသင့်ပါဘူး။

ဖြေရှင်းချက်

လက်အခြောက်ခံ လေမှုတ်စက်သုံးမယ့်အစား လက်ဆေးပြီးတိုင်း တစ်ရှူးပဝါနဲ့ပဲ သုတ်ပေးပါ။ လက်တွေခြောက်သွားအောင် သန့်ရှင်းတဲ့ လက်သုတ်ပဝါနဲ့ သုတ်ပေးလည်းရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top