Healthy Life Ad
Life Style

လက်ဖဝါးကြမ်းကြမ်းတွေ နူးညံ့ချောမွေ့သွားစေမယ့် အိမ်တွင်းကုထုံး

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အခုလိုကာလမှာ လက်တွေကို မကြာခဏ ဆပ်ပြာနဲ့ဆေးလိုက်၊ ရေမလိုလက်သန့်ဆေးရည်နဲ့ဆေးလိုက် . .တစ်နေ့တာအတွင်း အခေါက်ပေါင်း မရေမတွက်နိုင်အောင် လုပ်ပြီးချိန်မှာ လက်ဖဝါးတွေ ကြမ်းတမ်းလာပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးမှာပါတဲ့ အိမ်တွင်းကုထုံးတွေက သင့်အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

သကြားညိုနှင့် သံလွင်ဆီ

အညိုရောင်သကြားနဲ့ သံလွင်ဆီကို ဆတူရောပြီး လက်ဖဝါးမှာတင်ပြီး လက်ဖဝါးအချင်းချင်း ပွတ်ပေးပါ။ ပြီးရင် ရေဆေးချလိုက်ရုံပါပဲ။ တစ်ပတ်မှာ ၂-၃ ကြိမ်လုပ်ပေးရင် လက်ဖဝါးလေးတွေ နူးညံ့ချောမွေ ့လာမှာ ဖြစ်ပါတယ်။

ဆားနှင့် သံပရာရည်

လက်ဖဝါးတွေက တကယ်ကို ကြမ်းတမ်းနေတယ်ဆိုရင် ဆားနဲ့ သံပရာရည်နည်းနည်းအရောအနှောနဲ့ ကြေးချွတ်ပေးလိုက်ပါ။ ဆားက အရေပြားဆဲလ်သေတွေကို ကွာကျစေသလို သံပရာရည်က အရေပြားကို နူးညံ့ပြီး ပြန်လည်ပြုပြင်ပေးပါတယ်။ ဆားနဲ့ သံပရာရည်အရောအနှောက သကြားနဲ့ သံလွင်ဆီထက် နည်းနည်းကြမ်းတာကြောင့် လက်ဖဝါးချင်းပွတ်တဲ့အခါ ခပ်ကြမ်းကြမ်းမပွတ်စေချင်ပါဘူး။

သံပရိုရည်နှင့် ခရမ်းချဉ်သီး

သံပရိုရည်နဲ့ ခရမ်းချဉ်သီးအရည်တွေက အက်စစ်ဂုဏ်သတ္တိအနည်းငယ်ရှိတာကြောင့် ကြမ်းတမ်းနေတဲ့ လက်ဖဝါးတွေအတွက် အကောင်းဆုံးဖြေရှင်းနည်းပါပဲ။ သံပရိုရည်နဲ့ ခရမ်းချဉ်သီးအရည် ဆတူရောမွှေပြီး လက်ဖဝါးတွေပေါ်မှာလိမ်းကာ နှိပ်နယ်ပေးပါ။ အချိန် ၁၅-၂၀ မိနစ်လောက်ကြာမှ ရေနဲ့ဆေးချလိုက်ပါ။

ဒိန်ချဉ်အလွတ်

သကြား၊ ထန်းလျက် ဘာမှမပါတဲ့ ဒိန်ချဉ်အလွတ်နည်းနည်းကို လက်ဖဝါးပေါ် နည်းနည်းလိမ်းလိုက်ပါ။ အချိန် ၁၅-၂၀ မိနစ်လောက်ထားပြီးမှ ရေနဲ့ ကောင်းစွာဆေးချလိုက်ပါ။

Most Popular

Healthy Life Ad
To Top